ရွှေတောင် ၊ နိုဝင်ဘာ -၁၆ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း သာသနာဗိမာန်တော်ကြီးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်ရွှေတောင်မြို့နယ်အတွင်း ဒေသခံအလှူရှင်များစုပေါင်း၍ယမန်နေ့ နေ့လယ်ပိုင်းက ဂန္ဓာရုံကျောင်းတိုက်ဆရာတော်များဦးစီး၍ (၄၀) ကြိမ်မြောက်( မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲကျင်းပခဲ့သည်။ အခမ်းအနားတွင် ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာ တော်အရှင်သူမြတ်များနှင့်ကထိန်အလှူရှင် ဒါယိကာမ /ဒါယိကာမ အပေါင်း တို့မှ “နမောတဿ သုံးကြိမ်ရွတ်ဆို “၍အခမ်းအနား ဖွင့်လှစ်ပြီး မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ရွှေတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က နဝကမ္မအလှူငွေများများကိုဆက်ကပ်လှူဒါန်းခဲ့သည်။ဆက်လက်၍ မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက်ဆရာတော်မှ ကထိန်အနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းရရှိမှု မရှိသောကျောင်းတိုက်(၁၀)တိုက်ထံသို့ မဲစနစ်ဖြင့်ကထိန်လျာသင်္ကန်း နှင့်လှူဒါန်းအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး […]
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၄ နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက် စစ်ကေောင်စီ ခေါင်းဆောင် တရုတ်နိုင်ငံကကို ယခုလဆန်းမှာ သွားရောက်တဲ့ ခရီးစဥ်ပြီးနောက်မှာ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့ လက္ခဏာအချို့ တွေ့လာရပါတယ်။ ရှမ်းမြောက်ဒေသက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိုမိုတင်းကျပ်စွာ ပိတ်ပင်လာတာတွေ တွေ့ ရသလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသက ဆုံးရှုံးထားတဲ့ နယ်မြေ၊ မြို့တွေထဲက ဗျူဟာအရ အရေးပါဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်တဲ့ ပြင်ဆင်မှုတွေ လုပ်လာနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ၊ လမ်းကြောင်းအပြောင်းအလဲ ဖြစ်လာတဲ့ လက္ခဏာတွေကို ပြီးခဲ့တဲ့ သြဂုတ်လလယ်လောက်က […]
ညောင်ဦး၊ နိုဝင်ဘာ ၁၅ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာတွင် လူတစ်ဦးသေနတ် ပစ်ခတ်ခံရကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်မိုးအား ၁၄-၁၁-၂၀၂၄ ရက်နေ့ ၁၉:၀၀ အချိန်ခန့်တွင် အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ ဦးကျော်မိုး၊ ၆၇ နှစ်၊ (ဘ)ဦးခင်မောင်၊ တောင်သူ၊ တောပြားကျေးရွာ၊ ညောင်ဦးမြို့နေသူ (သမဝါယမစာရေး-ငြိမ်း)အား ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာ-နဖူး ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ USA 9-MM Luger စာတမ်းပါ ကျည်ခွံ ၁ခု၊9-MM Luger NRC စာတမ်းပါ ကျည်ခွံ ၂ခု၊Win 9-MM […]
ရဲဘော်တေး – ကရင့်သင်တိုင်းမှာ အိတ်ထောင် ပါပလား (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄ ၁ကျွန်ပြုမှုနဲ့ ရာဇဝတ်မှုများဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနေတဲ့ မြန်မာကို ခရီးမသွားကြဖို့ ကင်ညာအစိုးရက သူ့နိုင်ငံသားများကို ထပ်မံသတိပေးချက်ထွက်လာတယ်။ မြဝတီက အမည်ဆိုးနဲ့ ကျော်ကြားတဲ့ ငွေလိမ်ခြံဝန်းများကနေ ကင်ညာလူငယ်အများကြီးက အကူအညီတောင်းနေတုန်း တခြားသူတွေက အဲဒီခြံဝင်းတွေဆီ ဆက်လက်သွားရောက်နေပြီး တရုတ်ရာဇဝတ်ဂိုဏ်းများရဲ့ ကျေးကျွန်ဖြစ်နေတာမို့ အဲဒီလို သတိပေးနေတာဖြစ်တယ်လို့ သံအမတ် ကင်ဝိုးလ်က ပြောတာပါ။ “ကင်ညာနိုင်ငံသားများကို ပြန်လွှတ်ပေးရန် ပြောတဲ့အခါ လူဆိုးဂိုဏ်းခေါင်းဆောင်များက အဲဒီကင်ညာနိုင်ငံသားများကို ကျွန်များအဖြစ် တဦးကို ရင်မင်ဘီ ၄၅၀၀၀ ပေးဝယ်ထားတာမို့ အစိုးရက သူတို့ကိုလွှတ်ပေးစေလိုရင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ခန့်နဲ့ ညီမျှတဲ့ငွေကို ပြန်ထုတ်ပေးဘို့ ပြောတယ်” တဲ့။ ကင်ညာနိုင်ငံသား […]
မြန်မာနွေဦး ခရိုနီကယ် – နိုဝင်ဘာ ၁၄ မြင်ကွင်း(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့ သိမ်းတိုက်ပွဲ၊ လက်နက်ကိုင် အဖွဲ့တွေအကြားညီညွတ်ရေး နဲ့ နိုင်ငံရေး စုစည်းမှု မြန်မာနိုင်ငံမြေပုံမှာ ကျယ်ပြန့်တဲ့ နယ်မြေ၊ မြို့နယ် အရေအတွက် ၃၈ မြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းက ပုလဲမြို့ကို ပုလဲမြို့နယ်ထဲ အခြေစိုက်လှုပ်ရှားတဲ့ စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ BNRA လက်နက်ကိုင်တပ်က ဦးဆောင်ပြီး အခြားသော ကာကွယ်ရေး တပ်အချို့တို့ပူးပေါင်းတိုက်ခိုက်ရာမှာ ၄ ရက်မြောက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ အခု စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ပုလဲမြို့ကို သိမ်းယူဖို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ Bamar National Revolutionary Army လက်နက်ကိုင် အဖွဲ့ကို […]
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၄ အရေအတွက် ပိုများပြီး မကြာခဏ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ အင်္ဂလိပ်ဘာသာနဲ့ War Crime လို့ ခေါ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေက မြန်မာနိုင်ငံရဲ့ ၃ နှစ်ကျော်ဝန်းကျင်ရှိလာတဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်စဥ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း ဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားသလဲ လေ့လာကြည့်တဲ့အခါ လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံတကာ စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေ၊ လိုက်နာရမယ့် စည်းမျဥ်းတွေကို ချိုးဖောက်ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းဆဲတာ၊ အရပ်သားနေအိမ် အဆောက်အဦတွေကို မီးရှို့တာ ဖျက်ဆီးတာ၊ အဓမ္မပြုကျင့်တာ၊ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပန်းတာတွေကို စစ်ရာဇဝတ်မှုလို့ ဖွင့်ဆိုပါတယ်။ အခုလို ကျူးလွန်မှုတွေကို နိုင်ငံလို လက်နက်ကိုင်တပ်လို အစုအဖွဲ့ အနေထက် […]
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်၍ ရန်ကုန်မြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲသည် ရွှေတိဂုံစေတီတော်မြတ်သို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ဧည့်သည်တော်များအား ဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်မြတ်ပုံတော်ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် (၃၆) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်နေမှုကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဗိုလ်ချုပ်ဈေးသို့ရောက်ရှိပြီး ဈေးအတွင်း ခင်းကျင်းပြသရောင်းချလျက်ရှိသည့် လက်ဝတ်ရတနာများ၊ ကျောက်စိမ်းပန်းပုနှင့် လည်ဆွဲပစ္စည်းများ၊ […]
(မိုးမခ) နိုဝင်ဘာ ၁၃ ၊ ၂၀၂၄ 12/10/24 Diary in the darkness အန်ကယ် တူမီး အမေရိကန် ပထမ လို့ ကြွေးကြော်ကာ ကိုယ်ကျင့်သိက္ခာ အားနည်းတဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကူညီမယ်လို့ ကြွေးကြော်ကာ တရုတ်က လူသတ်သမား မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား ထောက်ခံကူညီလိုက်တယ်။ တရုတ်ပြန် မင်းအောင်လှိုင်ဟာ မိုးကုတ်ကို ဗုံးမိုးရွာတယ်။ လူသတ်တဲ့နေရာမှာ ပိုပြီး ဇက်ရဲ လက်ရဲ နိုင်လာတယ်။ သူ့တပ်တွေကတော့ ခြေသွက်လာတယ်။ ပြေးတဲ့နေရာမှာ။ ရခိုင်မှာ အရာရှိကြီးတွေအပါအဝင် လူ သုံးရာကျော် တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချတယ်။ မင်းအောင်လှိုင် စိနတိုင်းက ပြန်ရောက်ရောက်ချင်း ကထိန်ခင်းတယ်။ ပါချုပ်ဆရာတော်ကို ဆွမ်းကပ်နေပုံတွေ စစ်တပ်မီဒီယာတွေမှာ […]
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄ လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက် လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း […]
နေပြည်တော်၊ နိုဝင်ဘာ ၁၂ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးလ် ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစထာဗို ရော်ချာ ဒီ မင်နင်းဇီးစ်အား ၁၂-၁၁-၂၀၂၄ ရက် (၁၃ ၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပနိုင်ရေး နှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်အလားလာရှိသော ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ Join – https://t.me/MyanmarNationalPost Source link