ylliX - Online Advertising Network

မန္တလေးစျေးကွက်မှ နိုင်ငံခြားပစ္စည်းများကို စစ်ကောင်စီ ဝင်စစ် – Myanmar Now

အထက်မြန်မာပြည်၏ ကုန်စည်ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်ဟုဆိုနိုင်သော မန္တလေးဈေးချိုတော်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များရှိ ပြည်ပသွင်းကုန် နိုင်ငံခြားပစ္စည်းများကို အခွန်ဆောင်တင်သွင်းခြင်းဟုတ်မဟုတ် စစ်ကောင်စီကစစ်ဆေးနေကြောင်းသိရသည်။ နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်များကန့်သတ်ထားပြီး နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားတွင် ကုန်စည်စီးဆင်းမှုရပ်နေချိန်တွင် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရမည်ဟုဆိုကာ လိုင်စင်မဲ့သွင်းကုန်များကို စစ်ဆေးမှုတိုးမြှင့်ရန် ယခုလ ၉ ရက်နေ့ အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။ ထိုညွှန်ကြားချက်အပြီး  အောက်တိုဘာ တတိယပတ်မှစ၍ ကုန်သွယ်ရေးလမ်းကြောင်းများအပြင် ဈေးကွက်ထဲအထိ ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးလာခြင်းဖြစ်သည်။ ယမန်နေ့ (အောက်တိုဘာ ၂၃) တွင် မန္တလေးဈေးချိုတော်အတွင်း နိုင်ငံခြားပစ္စည်းရောင်းချသော အလှကုန်ပစ္စည်းဆိုင်နှင့် ကုန်သိုလှောင်ရုံများကို အင်အား ၁၅ ဦးခန့်ပါဝင်သည့် ရဲ၊ စည်ပင် စသည့်  ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု မန္တလေးဈေးချိုတော်မှ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက […]

တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက် – Kachin News Group (KNG)

မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက်  မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့ကို KIA၊KPDF ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီးနောက် ကံပိုက်တည်၊ လွယ်ဂျယ် ၊ ပန်ဝါနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ၊စားသုံးကုန်နဲ့ လူသုံးကုန်၊အခြေခံစားသောက်ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တရုတ်ဘက်ကလာတဲ့ပစ္စည်းတွေတက်တာပါ အခုလောလောဆယ် ဒီဇယ်၊ ဓာတ်ဆီလည်းတရုတ်ကပဲဝင်တာလေး မနေ့ကထိတော့ ၆၀၀၀ ကနေ ဒီနေ့ ၇၀၀၀၊ ၈၀၀၀ အထိတက်သွားတယ်။ ကြက်ဥလည်းဈေးတက်တယ်၊အာလူးတို့ဈေးတက်တယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ တရုတ်နယ်စပ်ဂိတ် မပိတ်ခင် ဓာတ်ဆီတစ်လီတာ ၆၀၀၀ (ခြောက်ထောင်) သာရှိပေမယ့် ဒီနေ့ တစ်လီတာ ၈၀၀၀ (ရှစ်ထောင်)၊ ကြက်ဥ တစ်လုံး ၈၀၀ (ရှစ်ရာ) ကနေ ၁၀၀၀ (တစ်ထောင်) ကျပ်၊ အားလူး ၁၀၀၀၀ (တစ်သောင်း) ကနေ ၁၃၀၀၀၊ (တစ်သောင်းသုံးထောင်)ကျပ် ၊ လက်ဖက်ခြောက်တစ်ထုတ် ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ကနေ ၂၀၀၀ (နှစ်ထောင်) ဈေးတက်သွားပြီး အချိန်နဲ့အမျှ ဈေးတက်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “လောလောဆယ်တော့မပိတ်သေးဘူး နောက် လေးငါးဆယ်ရက်လောက်အေးဆေးရောင်းလို့ရတယ်။ ဆီလက်ကျန်က လမ်းဒီထက်ပိုကြာကြာပိတ်သွားရင်တော့ဆီလက်ကျန်ကုန်ပြီပိတ်ရမှာ အခုကတရုတ်ဆီပဲရောင်းနေရတာကိုး”လို့ ဆီပန့်အရောင်းဆိုင်တစ်မှအရောင်းဝန်ထမ်းတစ်ဦးရပြောပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည် နယ်လုံးမှာသုံးနေတဲ့စက်သုံးဆီတွေဟာ တရုတ်ဘက်ကဝင်လာတဲ့ဆီတွေဖြစ်ပြီးနယ်စပ်ဂိတ်ပေါက်တွေ ရက်ရှည်ပိတ်ထားရင်တော့ စက်သုံးဆီစျေးအဆမတန်မြင့်တက်တာ၊ စက်သုံးဆီပြတ်လပ်တာမှုတွေဖြစ်လာမှာကိုမြစ်ကြီးနားမြို့ခံတွေအထူးစိုးရိမ်နေကြပါတယ်။ ကချင်ပြည်နယ်ထဲက မြန်မာ–တရုတ်နယ်စပ်ဂိတ်သုံးခုကို ပန်ဝါမြို့သိမ်းတိုက်ပွဲ အပြီးမှာပဲ တရုတ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တာဖြစ်ပါတယ်။ By – Zaw Zaw The post တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက် appeared first on Kachin News Group (KNG). Source link

မန္တလေးအနီး ငါန်းမြာကြီးရွာကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ် – Myanmar Now

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတပ်များက တစ်ပတ်ကျော်ကြာ  တိုက်ခိုက်ခဲ့ ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များသည် မန္တလေးမြို့တောင်ဘက်၊ ငါန်းဇွန်မြို့နယ်ရှိ  ၎င်းတို့ထိန်းချုပ်ထားသည့် ငါန်းမြာကြီးရွာမှ အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားသည်။  အရပ်သားများနှင့်တော်လှန်ရေးရဲဘော်များ၏ ထိခိုက်မှုလည်း များလာသလို လက်နက်၊ ခဲယမ်း ဖြည့်တင်းရန် ခက်ခဲလာ၍  နှစ်လကြာထိန်းချုပ်နိုင်ခဲ့သည့် ငါန်းမြာကြီးရွာမှ ဆုတ်ခဲ့ရသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့ (CSDOM) တာဝန်ခံ ကိုနွေဦးက Myanmar Now ကို ပြောသည်။  “စစ်ကြောင်းက တောက်လျှောက် အောက်ကနေ မြေပြင် စစ်ကြောင်းလည်း ထိုးတယ်။ ရေကြောင်း ကနေလည်း အကာအကွယ်ပြုထားတယ်။ စစ်ကြောင်းရဲ့ နောက်မှာ လေယာဉ်တွေကလည်း အဲဒီရက် ကတည်းက စခန်းသိမ်းပြီးသွားကတည်းက နေ့စဉ်နဲ့အမျှ တစ်ရွာပြီး တစ်ရွာလိုက်ပြီး […]

ပြင်ဦးလွင် တပ်မိသားစုဝင်များကို စစ်ကောင်စီ ကြိုတင်စစ်ရှောင်ခိုင်း – သျှမ်းသံတော်ဆင့်

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက ကြိုတင်တိမ်းရှောင်ထားရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၁) ရက်မှ စတင်ပြီး ပြင်ဦးလွင်မြို့နှင့် မိုင်(၂၀) ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်စစ်ရေး ပြင်းထန်နေခြင်းကြောင့် တိုက်ပွဲကူးစက်လာနိုင်သည့် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို ကြိုတင်တိမ်းရှောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။ “တပ်ထဲက သက်ကြီးနဲ့ ကလေးတွေကိုတော့ တခြားမြို့ ပြောင်းခိုင်းနေတယ်။ ဒီမှာ တာဝန်ကျတဲ့ စစ်သားမိန်းမ တချို့ဆရာမတွေ တောင်ကြီးဘက် ကျောင်းပြောင်းသွားတယ်။ အခု မိသားစုအကုန်လုံး အဲ့ဘက်လိုက်နေခိုင်းတယ်။ တချို့လည်း မန်းလေးတို့ အောက်ပြည်ဘက် နေရပ်ပြန်ကုန်တယ်”ဟု စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီသည် တပ်မိသားစုဝင်များကို […]

ရွေးချယ်ခဲ့တဲ့လမ်းတွေ မမှားဖို့လိုပါတယ်

လက်သုံးချောင်းထောင်ခဲ့ပေမယ့် အမြင်မှန်ရပြီး သဘင်ချစ်တဲ့ သဘင်ပညာရှင်ဖိုးချစ်က မြန်မာ့သဘင်ရိုးရာတိမ်ကောမှာစိုးလို့ နစကနဲ့ပူးပေါင်းလာပြီးတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြပြီ။ Normal Life အနေနဲ့လျှောက်လှမ်းနေကြတဲ့ အနုပညာရှင်တွေအနေနဲ့က ပြည်သူလူထုပုံမှန်ပြန်ဖြစ်နေတဲ့အချိန်မှာ သူ့ကျွမ်းကျင်ရာအနုပညာအလုပ်တွေ ဆက်လက်လုပ်နေကြပေမယ့် […] Source link

ဒလန်ဟု စွပ်စွဲကာ သက်ကြီးပိုင်းအမျိုးသားလေးဦးကို PDF များ သတ်ဖြတ်

၂၄. ၁၀. ၂၀၂၄Written by Nay Moe ဒလန်ဟု စွပ်စွဲကာ အသက်ကြီးပိုင်းအမျိုးသားလေးဦးကို PDF များက သတ်ဖြတ်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက် ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကံအောင် (၆၃) နှစ်နှင့် ဦးတင်ထွန်း (၅၅) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း […]

အမ်းတိုက်ပွဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ ရောက်ရှိလာ – Western News

ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်လျှက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်” ဟုပြောသည်။ အမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း တိုက်ပွဲမှာ တိုင်းဌာနချုပ်နှင့် အလွန်နီးကပ်လာ၍ လေကြောင်းပစ်ကူမှု လျော့နည်းသွားသည်ဟု […]

အပြန်အလှန်ဖမ်းပြီး အရှုပ်အထွေးတွေနဲ့ နွေရူးတော်လှန်ရေး

ပုလဲနဂါးရဲ့ BNRA အဖွဲ့ဝင် ၃၆ ယောကို NUG အဖွဲ့က ရိုက်နှက်ဖမ်းဆီးသလို.. နဂါးအဖွဲ့ ကလည်း NUG လက်ကိုင်တုတ် ပကဖ တွေကို ရိုက်နှက်ပြီး […] Source link

သတင်းအမှားတွေနဲ့ ထိုးနှက်လာတဲ့အကြမ်းဖက် AA

သတင်းအမှားများသာဖြစ်ပါသည် မည်သည့်တပ်မှ မကျပါ။ တပ်ဆေးရုံနေရာမှာတိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နီးကပ်နေသည့်အတွက် လူနာနှင့် ဆရာဝန်များ လုံခြုံရေးအတွက် အခြားတစ်နေရာသို့ ပြောင်း‌ရွှေ့ထားခြင်းနှင့် တစ်ဖက်ရန်သူအနေဖြင့် အရေးပေါ်ကုစရာဆေးမရှိသည့် ကိစ္စဖြစ်နေသောကြောင့် ကျန်ရာမရဖြစ်သည့်အဆုံး သတင်းတုများဖြင့် […] Source link

ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ – Kachin News Group (KNG)

ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့  ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကံပိုင်တည်မြို့ လက်မလွှတ်ရေး စစ်အင်အား ၅၀၀ ဝန်းကျင်ထပ်ဖြည့်ထားပြီး ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေပြီး တစ်ဖက်မှာလည်း မြို့အနိီးဝန်းကျင် စစ်ရှောင်နေတဲ့ပြည်သူတွေကို လိုက်ဖမ်းဆီးနေတယ်လို့ ကံပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ကန်ပိုင်တည်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေက အားလုံးပြေးကုန်ပြီ မရှိတော့ဘူး။ ပြေးလို့မရတဲ့ တစ်ချို့လူတွေလောက်ပဲရှိတော့တယ်။  ဘယ်လိုဖြစ်လာသလဲဆိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပို့ထားတဲ့ စစ်ကောင်စီတပ်သားအများကြီးရှိလာတယ်။ သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ပြည်သူ့စစ်တွေပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ်ထင်တယ်။ အဲ့ကြောင့် အားလုံးကို ပြန်လာဖို့ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက  ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်။ လူကြီးပိုင်း အားလုံးကို လိုက်ဖမ်းနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့ ကစတင်ပြီး ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့အနီးတဝိုက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မြို့ထဲကို ပြန်ဝင်လာဖို့ လိုက်လံပြောဆိုနေသလို လူငယ်နဲ့ လူကြီးတွေကိုတော့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေနဲ့  ထွက်ပြေးနေတဲ့ BGF တပ်တွေအနေနဲ့ ရွာထဲကို ဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီရှို့ဖျက်ဆီးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ကံပိုင်တည်မြို့ထဲမှာ စစ်ကောင်စီတပ်သား စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိနေပြီး KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေ လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ “စစ်သားတွေ ကိုယ်တိုင်လည်း ကံပိုင်တည်မြို့ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘောပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ။ KIA ဘက်ကလည်း တကယ်လို့ ဝင်လာပြီဆိုတာနဲ့ အခြေအနေတော်တော်ဆိုးသွားနိုင်ပါတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကတည်းကနေ လိုက်လံဖမ်းဆီးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံထားရပြီးတော့ ခြိမ်းခြောက်မှုထဲမှာ အမျိုးသမီးတွေကိုပါ ထပ်မံဖမ်းဆီးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ ရှိရင်းစွဲစစ်ကောင်စီတပ်သားတစ်ချို့နဲ့ ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ်ယာဉ်နဲ့ပို့ထားတဲ့ စစ်သား စုစုပေါင်း စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ဒေသခံသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပန်ဝါဘက်က လုပီနယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ တပ်ရင်းနဲ့ စင်ကြိုင် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်က တာဝန်ရှိသူ အရှာရှိအားလုံးနီးပါး တရုတ်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ပြောပြပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာပဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လုပီ၊ စင်ကြိုင် စတဲ့ စစ်ဌာနချုပ်ရှိတဲ့ မြို့တွေကို KIA ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်ရင်းနဲ့ ချန်းမောခုန်း ဒေသတွေသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ appeared first on Kachin News Group (KNG). Source link