ylliX - Online Advertising Network

စစ်ဘေးသင့်ရိုဟင်ဂျာများကို ကူညီရန်  လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း  – Myanmar Now

စစ်ရေးပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး သွားရသည့် ရိုဟင်ဂျာဒုက္ခသည်များ လူသားချင်းစာနာထောက်ထားမှု အကူအညီ အရေးတကြီးလိုအပ်လျက်ရှိသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်သည်။ ရိုဟင်ဂျာ သိန်းပေါင်းများစွာသည်  နေအိမ်များကို စွန့်ခွာခဲ့ရပြီး သောင်းနှင့်ချီသော ရိုဟင်ဂျာများ ကမူ နယ်စပ် ဖြတ်ကျော်လာကြသည် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံရန်အတွက် နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေကြ သည်ဟု AI က ဆိုသည်။  “ဘင်္ဂလားဒေ့ရှ်ကို ကံကောင်းလို့ ထွက်ပြေးနိုင်တဲ့သူတွေကျတော့ စားစရာ၊ အိပ်စရာနဲ့ အဝတ်အစား တောင် အလုံအလောက်မရှိဘူး” Amnesty International- AI၏ အထွေထွေအတွင်းရေးမှူး Agnès Callamard က ပြောသည်။  လက်ရှိတွင် ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသော ရိုဟင်ဂျာများသည် ထိုနေရာရှိ ဆွေမျိုးများ၏ […]

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက်ကို စစ်ကောင်စီ ဖမ်းဆီး – Myanmar Now

အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရကြောင်း   သတင်းထွက်ခဲ့ပြီး ရက်အတန်ကြာတွင် စစ်ကောင်စီက  သူ့ကို ဖမ်းဆီး အမှုဖွင့်ခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့ (အောက်တိုဘာ ၂၄) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ ၆၇ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဟောင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ၏ ပါမောက္ခချုပ်ဟောင်း ဒေါက်တာနေစိုးမောင်သည် “နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်” အွန်လိုင်းလူမှုကွန်ရက်တွင် လှုံ့ဆော် ဝါဒဖြန့်ခဲ့သည် ဟု ထုတ်ပြန်ချက်က ဆိုသည်။ မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို ဖော်ပြထားခြင်းမရှိပါ။ ဒေါက်တာနေစိုးမောင်သည်  မန္တလေးတိုင်း ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ထောင်ဒဏ်နှစ်ရှည်ကျခံရစဉ်  သေဆုံးခဲ့မှုနှင့် ပတ်သက်၍   “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို […]

စာသင်ကျောင်းကို အကြမ်းဖက်များမှ ဒရော့ဗုံးချ၍ ကျောင်းသား/ကျောင်းသူများ ဒဏ်ရာရ

အောက်တိုဘာ ၂၄ ရက် (မနေ့) နေ့လည်အချိန်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာရှိ စာသင်ကျောင်းအား အကြမ်းဖက် PDF များက ယုတ်မာရက်စက်စွာ Drop Bomb […] Source link

KIA အဖွဲ့ထဲမှ PDF ၂ ဦး အလင်းဝင် –  PCT NEWS HOMEPAGE

အောက်တိုဘာ ၂၄ ရက် ညနေပိုင်းအချိန်က မြစ်ကြီးနားမြို့နယ်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုထံသို့ PDF ၂ ဦး လက်နက်ဖြင့် လာရောက်ခိုလှုံအလင်းဝင်ခဲ့ကြောင်း သိရှိရပါတယ် –(၁) အလင်းဝင် PDF ၂ ဦး(၂) KA သေနတ် ၂ လက် (၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၀၀ တောင့် ၎င်းတို့ပြောကြားချက်အရ KIA အဖွဲ့အတွင်းတွင် ဗမာ PDF များအား လူမျိုးရေးအရ ဖိနှိပ်ဆက်ဆံပြီး စားနပ် ရိက္ခာ အနည်းငယ်သာပေးခြင်း၊ ရွာများတွင် ဆက်ကြေးကောက်၍ ထမင်းထုပ်များ အမြဲတမ်းတောင်းစား နေရမှုကြောင့် ဒေသခံများမှ မုန်းတီးလာခြင်းတို့ကြောင့် အလင်းဝင်ရောက်လာခြင်း […]

ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ တစ်ဘီလျံကျော် ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ် အသိပေး

၂၅. ၁၀. ၂၀၂၄Written by Nyein Kyaw ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် FX Trading Platform မှတစ်ဆင့် စက်သုံးဆီ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သည့်နိုင်ငံခြားငွေကြေးများကို ရောင်းချပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ အောက်တို ဘာလအတွင်း အမေရိဒေါ်လာသန်း ၁,၀၀၀ ကျော် (ဒေါ်လာတစ်ဘီလျံကျော်)ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများအတွက် လေယာဉ်လက်မှတ်ကုန်ကျစရိတ်များအား FX Online Trading Platform တွင် ဝယ်ယူရရှိနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။ AD လိုင်စင်ရဘဏ်များ၏ […]

ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ – Western News

ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို အတင်းရွာက ထွက်ဖို့ လှမ်းခေါ်နေရပါတယ်။ အသံတွေက အရမ်းကျယ်တာ။ […]

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် နေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့် – Western News

အာဏာရှင်ဟောင်း ဦးသန်းရွှေ သားမက်လည်းဖြစ် နေရွှေသွေးအောင် ဖခင် ဒေါက်တာ နေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ ဒေါက်တာ နေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက မရမ်းကုန်မြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း ယမန်နေ့တွင် စစ်ကေင်စီက ထုတ်ပြန်ခဲ့သည်။ Dr Nay Soe Maung Facebook စာမျက်နှာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့၍ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး မြေးတစ်ဦးဖြစ်သော နေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်း၏ ဖခင်မှာ […]

နိုင်ငံရေးအခြေအနေကြောင့် စားဝတ်နေရေးခက်ခဲသည့် ချင်းလူငယ်များ ပြည်ပနိုင်ငံသို့ ထွက်ခွာမှု များပြားလာ – Ayeyarwaddy Times

နိုင်ငံရေးအခြေအနေကြောင့် စားဝတ်နေရေးခက်ခဲသည့် ချင်းလူငယ်များ ပြည်ပနိုင်ငံသို့ ထွက်ခွာမှု များပြားလာ – Ayeyarwaddy Times Source link

မန္တလေးစျေးကွက်မှ နိုင်ငံခြားပစ္စည်းများကို စစ်ကောင်စီ ဝင်စစ် – Myanmar Now

အထက်မြန်မာပြည်၏ ကုန်စည်ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်ဟုဆိုနိုင်သော မန္တလေးဈေးချိုတော်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များရှိ ပြည်ပသွင်းကုန် နိုင်ငံခြားပစ္စည်းများကို အခွန်ဆောင်တင်သွင်းခြင်းဟုတ်မဟုတ် စစ်ကောင်စီကစစ်ဆေးနေကြောင်းသိရသည်။ နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်များကန့်သတ်ထားပြီး နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားတွင် ကုန်စည်စီးဆင်းမှုရပ်နေချိန်တွင် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရမည်ဟုဆိုကာ လိုင်စင်မဲ့သွင်းကုန်များကို စစ်ဆေးမှုတိုးမြှင့်ရန် ယခုလ ၉ ရက်နေ့ အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။ ထိုညွှန်ကြားချက်အပြီး  အောက်တိုဘာ တတိယပတ်မှစ၍ ကုန်သွယ်ရေးလမ်းကြောင်းများအပြင် ဈေးကွက်ထဲအထိ ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးလာခြင်းဖြစ်သည်။ ယမန်နေ့ (အောက်တိုဘာ ၂၃) တွင် မန္တလေးဈေးချိုတော်အတွင်း နိုင်ငံခြားပစ္စည်းရောင်းချသော အလှကုန်ပစ္စည်းဆိုင်နှင့် ကုန်သိုလှောင်ရုံများကို အင်အား ၁၅ ဦးခန့်ပါဝင်သည့် ရဲ၊ စည်ပင် စသည့်  ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု မန္တလေးဈေးချိုတော်မှ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက […]