ylliX - Online Advertising Network

တရုတ်၏ DF-26 ဒုံးကျည် ပစ်လွှတ်စွမ်းရည် ‘ရုတ်ချည်းချဲ့ထွင်ခြင်း’ က ဂူအမ်အတွက် ‘အကြီးမားဆုံး ခြိမ်းခြောက်မှု’ ဖြစ် – BUR.MIZZIMA.COM

The Eur Asian Times အရေးပါသော ပေကျင်းအခြေစိုက် ထုတ်လုပ်ရေးနေရာတခု၌ ဒုံးလွှတ်စင်သစ် ၆၀ နီးပါးကို ဂြိုလ်တုဓာတ်ပုံသစ်များက ဖမ်းယူရရှိခြင်းနှင့်အတူ တရုတ်၏ DF-26 တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBMs) များ သိုလှောင်မှုက သိသိသာသာ ကြီးထွားလျက် ရှိသည်။ Umbra ဂြိုဟ်တုဖြင့် ၂၀၂၄ စက်တင်ဘာ ၉ ရက်က ရိုက်ယူထားသော synthetic aperture radar (SAR) ရေဒါဓာတ်ပုံတွင် ပေကျင်း ကျင်းဟန် လျှပ်စစ်ဓာတုစက်ရုံ၏ နေရာသစ်၌ ထားရှိထားသော DF-26 ဒုံးကျည်ပစ်စင် TELs ၅၉ ကို တွေ့ရှိရကြောင်း Janes ကာကွယ်ရေးကုမ္ပဏီမှ သုတေသီများအရ သိရသည်။ ၂၀၂၃ မှ ၂၀၂၄ အထိ ပုဂ္ဂလိကဂြိုဟ်တုဓာတ်ပုံများကို အခြေပြုသော […]

တရုတ်ဖိအား နဲ့ တရုတ်အကျိုးစီးပွား မြန်မာ့အရေးကို ရိုက်ခတ်မှာလား I Common Ground (Episode-65) – BUR.MIZZIMA.COM

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင်ဆက် ပေးနေပါတယ်။ Tagged commonground, mizzimatv Source link

Mizzima Weekly Sports အစီအစဉ် I 26 October 2024 – BUR.MIZZIMA.COM

-ထိုင်းဘက်မှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ အပ်နှံခံရချိန် အတင်းအဓမ္မစစ်သားစုဆောင်းတာခံရတဲ့ မြန်မာလူငယ် ၂၇ ဦး အစောင့်စစ်သားနှစ်ဦးကို ပစ်သတ်ကာ သေနတ်ယူဆောင်ထွက်ပြေးကြတဲ့သတင်း -စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်တဲ့သတင်း… Source link

အောက်တိုဘာလ ၂၄ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ် – BUR.MIZZIMA.COM

တီဗွီ, ရုပ်သံသတင်းအစီအစဉ် -စစ်ကောင်စီနဲ့လာအိုတို့အကြား အလုပ်သမားအရေးဆွေးနွေးပြီးနောက် မြန်မာလုပ်သားများ တရားဝင်လမ်းကြောင်းမှ ငွေလွှဲရန် တိုက်ရိုက် ဖိအားပေးမှုများရှိလာတဲ့သတင်း -မြောင်မြို့ ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှု အမျိုးသမီး ၄ ဦးအပါ ၆ ဦးသေဆုံးတဲ့သတင်း -ပန်ဝါမြို့ ကို KIA ထိန်းချုပ်ပြီးတဲ့နောက် တရုတ်ကလျှပ်စစ်မီးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်တန့်တဲ့သတင်း -တရုတ်-အိန္ဒိယ ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေး အားကောင်းသင့်တယ်လို့ ရှီကျင့်ဖျင် ပြောကြားတဲ့သတင်း တဲ့သတင်း -ဒီကနေ့ ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။ […]

မီလန် နုတ်ထွက်ပြီးနောက် ၂၀၂၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပဖို့ အဇာဘိုင်ဂျန်နဲ့ စပိန်တို့ အပြိုင်ဖြစ် – BUR.MIZZIMA.COM

AP UEFA က ဥရောပဘောလုံးလောကရဲ့ အကြီးဆုံး ကလပ်ပွဲစဉ်အတွက် ကမ်းလှမ်းမှုကို ပြန်လည်ဖွင့်လှစ်ပြီးနောက် အဇာဘိုင်ဂျန်နဲ့ စပိန်နိုင်ငံတို့က ၂၀၂၇ အမျိုးသား ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားကြောင်း ကြေညာလိုက်ပါတယ်။ ၎င်းတို့ကို စိတ်ဝင်စားပြီး ကမ်းလှမ်းထားတဲ့ နှစ်နိုင်ငံအဖြစ် UEFA က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပြီးနောက် အဆိုပါပွဲစဉ်ကို ဘာကူးမြို့က အိုလံပစ်ကွင်း ဒါမှမဟုတ် မက်ဒရစ်မြို့က မက်ထရိုပိုလီတာနို ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ၎င်းတို့ရဲ့ နောက်ဆုံးအဆိုပြုချက်တွေကို မတ်လ ၁၉ ရက်နေ့ မတိုင်ခင် တင်သွင်းရမှာဖြစ်ပြီး မေလမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်နိုင်ငံကို ဆုံးဖြတ်ပေးမှာဖြစ်ကြောင်း UEFA က ပြောကြားပါတယ်။ UEFA ရဲ့ အမှုဆောင်ကော်မတီက မီလန်မြို့ရဲ့ သမိုင်းဝင် ဆန်ဆီရိုကွင်းမှာ ဗိုလ်လုပွဲကို […]

နယ်ခြား ကင်းလှည့်ခြင်း ဆိုင်ရာ တရုတ် နှင့် သဘောတူညီခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကပြော – BUR.MIZZIMA.COM

AFP ၂၀၂၀ ခုနှစ်များ အတွင်း အိန္ဒိယ – တရုတ် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး နယ်စပ်ဇုန်တွေမှာ စစ်ရေးကင်းလှည့်ခြင်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ် နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အိန္ဒိယက အောက်တိုဘာ ၂၁ မှာ ပြောပါတယ်။ ရုရှား မှာ ပြုလုပ်မယ့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နှင့် အခြား နိုင်ငံများ ပါဝင်သော နိုင်ငံတကာ ထိပ်သီးအစည်းအဝေး (BRICS) သို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ မတက်ရောက်မီ တရက်အလိုမှာ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ယင်းအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ရန် စီစဥ်ထားပါတယ်။ […]

လေးကေ့ကော်လက်လွှတ်လိုက်ရပြီးနောက် အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ် အပြင်းအထန်ကြိုးစား – BUR.MIZZIMA.COM

ပုံအညွှန်း – မြဝတီကြိုဆိုပါ၏ ဆိုင်ပုဒ်ရှေ့တွင် တွေ့မြင်ရသည့် ဗျူဟာ၃၂စစ်ဆင်ရေးမှူးဗိုလ်ဒါဘောနှင့် တော်လှန်ရေးရဲဘော်များ (ပုံဟောင်း) ဟန်ထူးဇော် မြ၀တီမြို့အနီး လေးကေ့ကော်ဒေသကိုလက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်များက အာရှလမ်းမကြီးကို စိုးမိုးနိုင်ရေး မြေပြင်စစ်ကြောင်းထိုးမှု အပြင်းအထန်လုပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက မဇ္ဈိမသို့ပြောသည်. လေးကေ့ကော်မြို့သစ်နှင့် ၃၁ မိုင်အကွာ၊ မြ၀တီမြို့နှင့် ၂၁ မိုင်အကွာတွင်တည်ရှိသော ရင်ကွဲတောင်ကို စစ်ကောင်စီတပ်များက သိမ်းပိုက်နိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။ ရင်ကွဲတောင်ခြေရင်းတွင် ပဲခူးတိုင်းဘုရားကြီးမှသည် ကရင်-ထိုင်းနယ်စပ် စစ်ရေးနှင့် စီးပွားရေးအရ မဟာဗျူကျသော မြ၀တီမြို့သို့ဆက်သွယ်ထားသော အာရှလမ်းမကြီးရှိသည်။ မြ၀တီ ကုန်သွယ်ရေးစခန်းသည် တရက်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းခွဲ ကုန်သွယ်မှုပမာဏရှိသည်။ ” မြေပြင်ကတော့ အင်အားများတယ်။ ထိုးစစ်ပြင်းပြင်းထန်ထန်လုပ်နေတယ်။ အရင်ပုံစံမဟုတ်ဘူး။ အတင်းဝင်လုံးတာ၊ လက်နက်ကြီးပစ်ကူပေးပြီး တတ်တယ်” ”ဟု ကရင်စစ်ဘက်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ […]

တိုင်းရင်းသားတွေမျှော်မှန်းတဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု(ဆောင်းပါး) – BUR.MIZZIMA.COM

မူဖိလစ်စတာ စစ်အာဏာရှင်ပြုတ်ကျမဲ့တနေ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် Bottom up federalism လို့ခေါ်တဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး စနစ်ဖော်ဆောင်ဖို့ တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ က စုပေါင်းလုပ်‌ဆောင်နေကြပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF )၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၊မွန်ပြည်သစ်ပါတီ, စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) ၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) စတဲ့ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ “ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြောကြတဲ့အခါ အခြေခံတွေခိုင်ဖို့လိုတယ်။ ပြည်နယ်အားကောင်းရေးလုပ်ဆောင်တာသည် ကျမတို့ ဖက်ဒရယ်ပြည်ထောင်စုကြီး အခြေခိုင်ဖို့သွားတာဖြစ်တယ်” လို့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) အထွေထွေအတွင်းရေးမှူး […]

နမ့်ဖက်ကာမြို့နယ်တွင် ဗုံးသီးအတွင်းမှ ယမ်းမှုန့်များကို ထုတ်ယူရန်ကြိုးပမ်းစဉ် ပေါက်ကွဲပြီး ၂ ဦး သေဆုံး – BUR.MIZZIMA.COM

မြန်မာသတင်း, သတင်း ပုံအညွှန်း- စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးအပိုင်းအစမြင်ကွင်း (ပုံဟောင်း) ငုခတ္တာ (မဇ္ဈိမ) ။ ။ မပေါက်ကွဲသေးသော လက်နက်ကြီး ဗုံးသီးတလုံးအတွင်းမှ ယမ်းမှုန့်များကို ထုတ်ယူရန်ကြိုးပမ်းစဉ် ပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံးမှု ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ (၁) နယ်မြေ မန်အောင်ခရိုင်၊ နမ့်ဖက်ကာမြိုနယ်၊ နမ့်အွမ်ကျေးရွာအုပ်စု၊ ပန်ခါးရွာတွင် ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထို ၆၀ (မမ) လက်နက်ကြီး ဗုံးသီးပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း TNLA က ယနေ့ (အောက်တိုဘာလ ၁၈ ရက်) တွင် ထုတ်ပြန်သည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် အမျိုးသား နှစ်ဦးသည် ပန်ခါးရွာတွင်နေထိုင်သည့် ခွန်ဂျာချောင် (အသက် […]

စစ်ကောင်စီနှင့် အိန္ဒိယတို့ ကန်ဒေါ်လာ ၂၅၀,၀၀၀ တန် စီမံချက်များအတွက် လက်မှတ်ရေးထိုး – BUR.MIZZIMA.COM

001 မဇ္ဈိမ။ ။ စစ်ကောင်စီနှင့် အိန္ဒိယနိုင်ငံအကြား အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ တန်ဖိုးရှိ စီမံချက်များ ဖော်ဆောင်ရန်အတွက် နားလည်မှုစာချွန်လွှာ ငါးစောင်ကို ယမန်နေ့ (အောက်တိုဘာလ ၁၄) က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (QIP)” အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံက စီမံချက်တခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ယနေ့ (အောက်တိုဘာလ ၁၅)ထုတ် စစ်ကောင်စီ၏ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ QIP စီမံချက်သည် ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် သမ္မတဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့သည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၁၀ ခုထဲမှ တခုအပါအဝင်ဖြစ်ပြီး […]