ylliX - Online Advertising Network

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုးဝါးဆုံးကျဆင်း – Myanmar Now

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်၏ အကြမ်းဖက်၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှုလျော့ကျလာနေရာမှ ယခုနှစ်တွင် အဆိုးဝါးဆုံးကျဆင်းနေသည်။  စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းများအရ ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၅ ဧပြီမှ အောက်တိုဘာအထိ ၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော်သာရှိသည်။  ထိုပမာဏသည် စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်နီးပါးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်(ဧပြီမှမတ်)တွင် ကန်ဒေါ်လာ ၆၆၁ သန်းကျော်၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၆၄၀ သန်းကျော်၊ ၂၀၂၁-၂၂ (အောက်တိုဘာမှ မတ်လအတွင်း) တွင် ကန်ဒေါ်လာ ၆၄၂ သန်း ကျော်အထိရှိခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီလက်ထက် ဘဏ္ဍာနှစ်ပြောင်းလဲကျင့်သုံးသော မီနီဘတ်ဂျက်၂၀၂၁ အောက်တို ဘာမှ ၂၀၂၄ အောက်တိုဘာအထိ ၃ […]

ရိုဟင်ဂျာအရေး ဖြေရှင်းနိုင်ဖို့ သန်းခေါင်းစာရင်း ကောက်ယူရမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော – Ayeyarwaddy Times

ရိုဟင်ဂျာအရေး ဖြေရှင်းနိုင်ဖို့ သန်းခေါင်းစာရင်း ကောက်ယူရမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော – Ayeyarwaddy Times Source link

နယ်စပ်စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့ပြော – Myanmar Now

ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်းရှိ ‘ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ ၁၇၁ စစ်ဒေသတွင်းရှိ စစ်စခန်းများကို ထိုင်းစစ်တပ်က လာရောက်ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့က အတည်ပြုသည်။ ထိုင်းနယ်စပ်တစ်လျှောက်ရှိနေသည့် UWSA တပ် တပ်စခန်းကိုးခုကို ၎င်းတို့နိုင်ငံနယ်နမိတ်အတွင်း ရှိနေသည့်အတွက် ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ဖိအားပေးလာခဲ့ပြီး နိုဝင်ဘာလအတွင်း UWSA နှင့် ထိုင်းစစ်တပ်တို့ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ သို့သော် ယနေ့အထိ UWSA တပ်စခန်းများ ဖယ်ရှားခြင်းမရှိသေးသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လာသည်ဟု UWSA ၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရန်းက ပြောသည်။ “ထိုင်းဖက်က အင်အားတိုးတယ်လို့ သိရပြီး ကျွန်တော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ”ဟု ဦးညီရန်းက ပြောသည်။ ၁၇၁ စစ်ဒေသနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်တပ်၏ […]

ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်၊ ဆွေးနွေးမည်ဟု TNLA တုန့်ပြန် – သျှမ်းသံတော်ဆင့်

နိုင်ငံတဝှမ်း အရပ်ဘက် ပစ်မှတ်များကို ရက်ရက်စက်စက် ဗုံးကြဲရန် အမိန့်ပေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်များ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ကျရောက်သည့် အမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။ “ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ယုံမှားသံသယ ကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများ ပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်လေးစား ချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရမည့် အချိန်ဖြစ်သည်” ဟု ၎င်းကဆိုသည်။ ထို့အပြင်“တိုင်းရင်းသား အချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့် တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေပြီး နားလည်မှု လွဲမှားခြင်းနှင့် ပဋိပက္ခများ […]

တရုတ်သွင်းလိုသည့်ကြံနှင့်ပြောင်း သယ်ယူရန် မူဆယ်ရှိဂိတ်တစ်ခုပြန်ဖွင့် – Myanmar Now

ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ်လုပ်ငန်းရှင်တို့ ရင်းနှီးစိုက်ပျိုးထားသော ကြံနှင့်ပြောင်း သယ်ယူနိုင်ရန် ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားသည့် မူဆယ်နယ်စပ်ရှိ ဂိတ်တစ်ခုကို  တရုတ်အစိုးရက နိုဝင်ဘာ ၂၁ တွင်  ပြန်ဖွင့်ပေးလိုက်သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက MNDAA ထိန်းချုပ်လိုက်သည့် ကျင်စန်းကျော့ဂိတ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်းဆိုင်)နှင့် တအာင်းတပ်(TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်း စသည့် မြို့များရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို  ၂၀၂၄ ဇူလိုင် ၉ တွင် တရုတ်ဘက်က တစ်ဖက်သတ် ပိတ်ပင်ထားခြင်း ဖြစ်သည်။ ယင်းနောက် ကြံနှင့်ပြောင်းသီးနှံ ရိတ်သိမ်းရာသီ ရောက်လာချိန်တွင်  ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်၊ ကုန်ပစ္စည်း သယ်ယူမှုကိုလည်း ကန့်သတ်ထားသည်ဟု အမည်မဖော်လိုသည့် တရုတ်နယ်စပ်ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။ “တရုတ်ကဖွင့်တာက ကြံနဲ့ပြောင်းလိုချင်လို့ပါ။ သူတို့ဘက်က ဘာမှသယ်လို့မရဘူး။ […]

စစ်ရေးတင်းများမှုများအတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း PSLF/TNLA ကြေညာ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။ စစ်ဘေးဒဏ်ဆိုးရွားစွာခံနေရသည့် ဒေသခံမိဘပြည်သူများ၏ အကျိုးကိုငံ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းနေသော တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုသောအားဖြင့် နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PSLF/TNLA က ယနေ့ ထုတ်ပြန်လိုက်သည်။ “မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို မိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦီး(TNLA) မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ွရက်ပါမည် ဖြစ်ပါသည်” ဟုတ် ထုတ်ပြန်တွင် ဖော်ပြထားသည်။   တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် တအာလင်းလူမျိုးများအဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်နှင့် တအာင်းပြည်နယ်ရရှိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသားမြန်မာပြည်သူလူထုတို့နှင့်အတူတကွ တည်ဆောက်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ […]

၆ ရက်တာ ထိုးစစ်ဆင်ပြီး မတ္တရာအနောက်ခြမ်းကို စစ်ကောင်စီ ပြန်သိမ်း – Myanmar Now

၆ ရက်တာ ထိုးစစ်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စခန်း ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ် များက ပြောကြသည်။ ထိုးစစ်တွင် စစ်ကောင်စီတပ်က လက်နက်မျိုးစုံ အသုံးပြုခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။ “မန္တလေးနဲ့ မတ္တရာကြားကတော့ အကုန်ဆုတ်ပေးလိုက်ရပြီ။ သူတို့(စစ်ကောင်စီ) သိမ်းပိုက်သွားပြီ။ သူတို့က စစ်ကြောင်းထိုးတာအပြင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်။ လက်နက်ကြီးတွေလည်း ဘက်ပေါင်းစုံက ညှပ်ပစ်တယ်။ ဓာတုလက်နက်တွေနဲ့ပါ တိုက်ခိုက်တယ်။ အဆိပ်ငွေ့တွေ ကြဲချတယ်”ဟု ၎င်းက ဆိုသည်။ အခြားတိုက်ပွဲများကဲ့သို့ပင် မတ္တရာမြို့နယ်ထိုးစစ်နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင််း မရှိပေ။ နိုဝင်ဘာ ၁၇၊ နံနက် ၃ နာရီမှ စတင်ကာ စစ်ကောင်စီတပ်သည် […]

တောင်ကုတ်မြို့ထဲက တပ်စခန်းများအားလုံး တပ်မသို့ ဆုတ်ခွာ – Western News

(စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် တောင်ကုတ်မြို့ထဲနေအိမ် အများအပြား ပျက်စီး) ရခိုင်ပြည် တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ဆင်နွှဲနေပြီး စကခ ၅ တပ်မနှင့် တပ်ရင်းနှစ်ခုက လွဲပြီး တောင်ကုတ်မြို့ထဲက စစ်ကောင်စီတပ်စခန်းများ၊ အမြောက်စခန်းများကို ထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့နှင့် စကခ ၅ တပ်မကို အဓိက ကာရံထားသော ပန်းမြောက်တောင် အမြောက်စခန်း၊ သဲခံတောင် အမြောက်စန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ တောင်ကုတ်တက္ကသိုလ် အမြောက်စခန်း၊ ဆီးကိုင်တောင် (နတ်မော်) တပ်စခန်း၊ အာလိန်ငါးဆင့်ကျောင်းတိုက် တပ်စခန်းနှင့် ဖုံညိုစစ်ရေးဂိတ်တို့ကို AA က နိုဝင်ဘာလ အစောပိုင်းတွင် ထိန်းချုပ်ပြီးနောက် တောင်ကုတ်မြို့ထဲသို့ ဝင်ရောက်ထိုးစစ်ဆင်ခဲ့သည်။ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တောင်ကုတ်မြို့ထဲရှိ ကိုင်းရှည်တံတား ဂိတ်၊ စည်ပင်ရုံး၊ […]

ကန်ပိုက်တီမှ တရုတ်နိုင်ငံအတွင်းသို့ လက်လွတ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၂ ဦးကို ပြန်လည်ပို့ဆောင် – Ayeyarwaddy Times

ကန်ပိုက်တီမှ တရုတ်နိုင်ငံအတွင်းသို့ လက်လွတ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၂ ဦးကို ပြန်လည်ပို့ဆောင် – Ayeyarwaddy Times Source link