ylliX - Online Advertising Network
စစ်ရေးတင်းများမှုများအတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း PSLF/TNLA ကြေညာ

စစ်ရေးတင်းများမှုများအတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း PSLF/TNLA ကြေညာ


RNA_နိုဝင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။

စစ်ဘေးဒဏ်ဆိုးရွားစွာခံနေရသည့် ဒေသခံမိဘပြည်သူများ၏ အကျိုးကိုငံ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းနေသော တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုသောအားဖြင့် နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PSLF/TNLA က ယနေ့ ထုတ်ပြန်လိုက်သည်။

“မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို မိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦီး(TNLA) မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ွရက်ပါမည် ဖြစ်ပါသည်” ဟုတ် ထုတ်ပြန်တွင် ဖော်ပြထားသည်။

 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် တအာလင်းလူမျိုးများအဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်နှင့် တအာင်းပြည်နယ်ရရှိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသားမြန်မာပြည်သူလူထုတို့နှင့်အတူတကွ တည်ဆောက်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကိုခုခံကာ့ကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် PSLF/TNLA မှ အမြဲတမ်းအဆင်သင့်ရှိကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency #RNA #REDNEWS



Source link

Leave a Reply

Your email address will not be published. Required fields are marked *