ylliX - Online Advertising Network

ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ – Kachin News Group (KNG)

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အောက်တိုဘာလတစ်လအတွင်း မူးယစ်ဆေးဝါးရှော့ဖြစ်လို့သေဆုံးသူနှစ်ဦးထိရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက KNGကို ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးက အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြပြီး  ဝိုင်းမော်မြို့ ရပ်ကွက်(၃) လယ်ကွင်းပြင်နဲ့ မြို့မဘောလုံးကွင်း စတိတ်စင်အောက်မှာ အောက်တိုဘာ  ၁၉ ရက်နေ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူက ခုလိုပြောပါတယ်။ “သူကတော့ ညကတည်းကမူးယစ်ဆေးရှော့ဖြစ်ပုံရပါတယ် သူတို့က ညဖြစ်ကြတာဗျ ကျွန်တော်တို့ဘယ်သူမှ မသိလိုက်ကြဘူး သိရင်တော့  နှစ်နာရီအတွင်းဆိုကယ်လို့ရတယ် မနက်သွားယူတော့တောင့်နေပြီ”လို့ ဆိုပါတယ်။ သေဆုံးသူနှစ်ဦးစလုံး စစ်ရှောင်တွေဖြစ်ပြီး ရက်ကွက်(၅) သရက်တော စစ်ရှောင်စခန်းနဲ့  ရပ်ကွက်(၃)စစ်ရှောင်စခန်းကဖြစ်တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ဝိုင်းမော်မြို့ အထက(၁)စာသင်ကျောင်းဘေး အနီးပတ်ဝန်းကျင်နဲ့ ရပ်ကွက်(၃) ဟိုးတုံ ဆည်မြောင်းပတ်ဝန်းကျင်မှာ ရှိနေတတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ရဲစခန်းဘက်တာဝန်ရှိသူတွေအနေနဲ့ အရေးယူထိန်းသိမ်းပေးခြင်းမရှိတဲ့အပြင် ပိုက်ဆံပေးပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခိုင်းတာမျိုးတွေကိုပါ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် ဝိုင်းမော်မြို့ ဒေသခံတွေအနေနဲ့ လုံခြုံ‌ရေးအခြေအနေတွေကို စိုးရိမ်နေရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရပ်ရွာကလူတွေလည်း ဆေးရောင်းတဲ့လူတွေကို ခနခနမောင်းထုတ်ရင်လည်း သူတို့က မပြန်ဘူး ပြန်စုကြတော့ အဲနားက ကလေးတွေဖြတ်သွားဖြတ်လာလုပ်နေတာဆိုတော့ ကလေးတွေတော်တော်ပျက်စီးပြီး မူးယစ်ဆေးဝါးသုံးစွဲတတ်လာတယ်  သူတို့ကအဲနားမှာကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေကြတော့”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်လက်အောက် ရဲဌာနတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေကို အခွန်သဘောမျိုးနဲ့ ငွေကောက်ခံတာမျိုးသာ ပြုလုပ်ပြီး ဝင်ရောက်ဖမ်းဆီးခြင်းလည်း မရှိဘူးလို့ သိရပါတယ်။ အာဏာမသိမ်းခင် ကချင်ပြည်နယ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းတိုက်ဖြတ်မှုတွေဟာ အတိုင်းအတာတစ်ခုထိ ထိရောက်မှုရှိခဲ့ပါတယ်။ သို့သော် အာဏာသိမ်းပြီးနောက်အဖက်ဖက်ကနေ ခက်ခဲလာတာကြောင့် လုပ်ကိုင်ဖို့အဆင်မပြေလာဘူးလို့အရပ်ဘက်အဖွဲ့စည်းတွေပြောပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး‌ ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope The post ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ appeared first on Kachin News Group (KNG). Source link

ဟားခါးတွင် စခန်းကုန်းတစ်ခုသိမ်းစဉ် ဗိုလ်မှူး အပါအဝင် ၄ ဦး အရှင်မိ  – Myanmar Now

ချင်းပြည်နယ်၊ မြို့တော်ဟားခါးရှိ စစ်ကောင်စီစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၄ ဦးသုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး အဖွဲ့များထံမှ သိရသည်။  ဟားခါးနှင့်ထန်တလန်ကြား Kiamtlang တောင်ပေါ်ရှိ အင်အား ၁၅ ဦးခန့် ရှိသည့် ထိုစခန်းကို အောက်တို ဘာ ၂၈ ရက်၊ နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ် ရေးအဖွဲ့ -ဟားခါး (CDF Hakha) တို့ ဝင်ရောက်တိုက်ခိုက်ပြီး နာရီဝက်အကြာတွင် တိုက်ပွဲပြီးဆုံးခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကာ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး၊ ပြည်သူ့စစ်သင်တန်းဆင်း တပ်သားသစ်တစ်ဦးအပါအဝင် […]

ရခိုင်က မြို့နယ် ၄ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်း ထပ်မံပြတ်တောက် – Western News

ရခိုင်ကမြို့နယ် ၄ ခုထက်မနည်းမှာ မိုဘိုင်းဖုန်းလိုင်း ထပ်မံပြတ်တောက်လျှက်ရှိနေကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ လက်ရှိ မိုဘိုင်းဖုန်းလိုင်းများ ထပ်မံပြတ်တောက်လျှက်ရှိနေသည့် မြို့နယ်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်တို့ဖြစ်ပြီး အချိန်အားဖြင့် သီတင်းတစ်ပတ်ခန့်အကြာရှိနေပြီဖြစ်သည်ဟု ကျောက်တော်-မြေပုံ ခရီးသည်တင် ကားမောင်းနေသူတစ်ဦးကပြောသည်။ “ကျနော်တို့ဘက်က လိုင်းထပ်ပြတ်နေတာ တစ်ပတ်လောက်ရှိပြီ။ ကျောက်တော်ကနေတောက်လျှောက်သွားရင် မြေပုံမြို့နယ်အရောက်မှပဲ MPT ဖုန်းလိုင်းတစ်ခုတက်တာ။ ဒီဘက်တစ်ခွင်လုံးဆို ဘာဖုန်းလိုင်းမှ မရဘူး” ဟုပြောသည်။ မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယသီတင်းပတ်ထဲကလည်း ရခိုင်က မြို့နယ် ၉ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်း တပြိုင်တည်းပြတ်တောက်ခဲ့မှုရှိခဲ့ပြီး အချိန်အားဖြင့် သီတင်းတစ်ပတ်ခန့်ကြာခဲ့သည်။ နောက်ထပ်တဖန် ရက်ပိုင်းခန့်အကြာတွင် မြို့နယ် ၄ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်းများ ထပ်မံပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ယခင်ပြတ်တောက်နေသည့် မြို့နယ်များနှင့်ပေါင်းလျှင် ရခိုင်၌ မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေသည့် မြို့နယ်မှာ […]

စစ်ကြောင်းထိုးခံနေရသည့် ဘုတလင်နယ်တွင် လူ ၅၀ ခန့် ဖမ်းဆီးခံရပြီး နေအိမ်များ မီးရှို့ခံရ   – Myanmar Now

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ရက်စက်စွာသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သော စစ်ကောင်စီတပ်သည် မြို့အရှေ့ဘက်ခြမ်းတွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီး၍  နေအိမ် များကို မီးရှို့နေသည်ဟု သိရှိရသည်။ အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ ဘုတလင်မြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သော ပဲပြစ်တော၊ နှောရင်း၊ အင်းတဲ စသည့်တို့ကို စစ်ကြောင်းထိုးစီးနင်း၍ အင်းတဲရွာကို မီးရှို့သွားသည်ဟု ဘုတလင် မြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။  “ပဲပြစ်တော (အနောက်ရွာ) ကို တစ်အိမ်မကျန် မွှေနှောက်ပြီး လိုချင်တာယူပြီး၊ နှောရင်း(ရွာ) ဝင်တယ်။ နှောရင်းကနေ အင်းတဲ ဝင်ပြီး မနေ့ကတည်းက ရှို့တာ” မြို့အရှေ့ဘက် ၈ မိုင်ခန့်အကွာတွင် တည်ရှိသော အင်းတဲရွာတွင်  ယနေ့ (အောက်တိုဘာ ၃၀ […]

အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။ မကွေးမြို့အခြေစိုက် တပ်မ (၈၈) မှ စစ်ကား (၁၇) စီးတွင် လူအပြည့် (၁၅) စီးနှင့် လက်နက်ခဲယမ်း ပစ္စည််််််းတင်ဆောင်သော (၂) စီးတို့ဖြင့်အောက်တိုဘာ ၂၈ […]

စစ်တပ်ကိုကူညီနေသည့် ကုမ္ပဏီများနှင့် BGF ခေါင်းဆောင်စောချစ်သူတို့ကို ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့ ထပ်မံအရေးယူ – Myanmar Now

မြန်မာစစ်တပ်ကို လေယာဉ်ဆီ၊ လေယာဉ်ပစ္စည်းအစိတ်အပိုင်း၊ ဆက်စပ်ပစ္စည်းများနှင့် နည်းပညာများ အကူအညီပေးနေသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က ထပ်မံအရေးယူပိတ်ဆို့လိုက်သည်။ Source link

ဒေါက်တာဇော်မြင့်မောင်၏စျာပန ကူညီသည့် ပရဟိတအသင်းသားများ ဖမ်းဆီးခံရ  – Myanmar Now

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို သယ်ဆောင်ပေးခဲ့သည့် မန္တလေးမြို့ရှိ ပရဟိတ အသင်းအဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် စနေနေ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။  အောက်တိုဘာ၂၆ ရက်ညက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ “ပရဟိတမင်းခေါင် ရှာဖွေကယ် ဆယ်ရေးအသင်း” ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် ရောက်လာကြပြီး အသင်း ဥက္ကဋ္ဌဦးခင်မောင်တင့် အပါအဝင် ၈ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မန္တလေးမြို့ပရဟိတအသင်း တစ်ခုမှ တာဝန်ရှိသူက ပြောသည်။ “ ကျွန်တော်တို့ကြားတာတော့ ဒေါက်တာဇော့်နာရေးနဲ့ ဆက်စပ်မယ်ထင်တယ်ဗျ။ အခြေအနေက မသိရသေးဘူး။ အဆက်အသွယ်မရကြဘူး”ဟု လုံခြုံရေးအရအမည်မဖော်လိုသူသော ထိုတာဝန်ရှိသူက ဆိုသည်။ အာဏာသိမ်းမှုဖြစ်ပြီးနောက် ဖမ်းဆီးထောင်ချခံခဲ့ရသည့်  အသက် ၇၃ နှစ်အရွယ် ဒေါက်တာ ဇော်မြင့်မောင် သည် သွေးကင်ဆာရောဂါခံစားနေရပြီး ရောဂါပြင်းထန်ရာမှ မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ […]

မြန်မာ့ပဋိပက္ခမှာ ပါဝင်နေသူအားလုံးက လုံးဝအနိုင်ယူလိုစိတ် သဘောထားကျင့်သုံးနေမှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် ရှုတ်ချ

မြန်မာ့ပဋိပက္ခမှာ ပါဝင်နေသူအားလုံးက လုံးဝအနိုင်ယူလိုစိတ် သဘောထားကျင့်သုံးနေမှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် ရှုတ်ချ – Myanmar Transparency News Source link

မိုးမောက်မှာ KIA အကျအဆုံးများပြားနေ

28-10-2024 ရက်နေ့က မိုးမောက်မြို့နယ် ပီမိုးညှင်းရွာရှိ စာသင်ကျောင်းအား စစ်စခန်းအဖြစ်အသုံးပြုနေသည့် အကြမ်းဖက် KIA အဖွဲ့များကို တပ်မတော်ဖိုက်တာကြီးများမှ ချေမှုန်းသုတ်သင်ခဲ့ရာ- -အကြမ်းဖက် KIA/PDF အလောင်း ၅ […] Source link

နှစ်ရှည်ရွှေ့ပြောင်းလုပ်သားများအပါအဝင် လူငါးသိန်းခန့်ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမည်ဟုဆို – Dawei Watch

ထိုင်းနိုင်ငံတွင် နှစ်ရှည်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် လူပေါင်း ၄၈၃,၀၀၀ ခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၁၉၈၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင်း နှစ်ရှည်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများနှင့် ထိုင်းတွင် နှစ်ရှည်အခြေချနေထိုင်ပြီး နိုင်ငံသား ဖြစ်ခွင့် မရသေးသည့် လူနည်းစုမိဘများမှ မွေးဖွား လာသော ကလေးငယ်များကို ထိုင်းနိုင်ငံသားဖြစ်ခွင့် ပေးမည်ဖြစ် ကြောင်း အောက်တိုဘာလ ၂၉ရက်နေ့က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးရန် သင့်လျော်မှုရှိသည်ဟု အစိုးရအဖွဲ့အနေဖြင့် ခံစားမိကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောရေး ဆိုခွင့်ရှိသူ Mr. Jirayu Huangsap က ပြောသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသားဖြစ်လာပါက နိုင်ငံအတွင်း လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး […]