ylliX - Online Advertising Network
ရခိုင်က မြို့နယ် ၄ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်း ထပ်မံပြတ်တောက် - Western News

ရခိုင်က မြို့နယ် ၄ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်း ထပ်မံပြတ်တောက် – Western News


ရခိုင်ကမြို့နယ် ၄ ခုထက်မနည်းမှာ မိုဘိုင်းဖုန်းလိုင်း ထပ်မံပြတ်တောက်လျှက်ရှိနေကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။

လက်ရှိ မိုဘိုင်းဖုန်းလိုင်းများ ထပ်မံပြတ်တောက်လျှက်ရှိနေသည့် မြို့နယ်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်တို့ဖြစ်ပြီး အချိန်အားဖြင့် သီတင်းတစ်ပတ်ခန့်အကြာရှိနေပြီဖြစ်သည်ဟု ကျောက်တော်-မြေပုံ ခရီးသည်တင် ကားမောင်းနေသူတစ်ဦးကပြောသည်။

“ကျနော်တို့ဘက်က လိုင်းထပ်ပြတ်နေတာ တစ်ပတ်လောက်ရှိပြီ။ ကျောက်တော်ကနေတောက်လျှောက်သွားရင် မြေပုံမြို့နယ်အရောက်မှပဲ MPT ဖုန်းလိုင်းတစ်ခုတက်တာ။ ဒီဘက်တစ်ခွင်လုံးဆို ဘာဖုန်းလိုင်းမှ မရဘူး” ဟုပြောသည်။

မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယသီတင်းပတ်ထဲကလည်း ရခိုင်က မြို့နယ် ၉ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်း တပြိုင်တည်းပြတ်တောက်ခဲ့မှုရှိခဲ့ပြီး အချိန်အားဖြင့် သီတင်းတစ်ပတ်ခန့်ကြာခဲ့သည်။

နောက်ထပ်တဖန် ရက်ပိုင်းခန့်အကြာတွင် မြို့နယ် ၄ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်းများ ထပ်မံပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ယခင်ပြတ်တောက်နေသည့် မြို့နယ်များနှင့်ပေါင်းလျှင် ရခိုင်၌ မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေသည့် မြို့နယ်မှာ ၁၀ ခုထက်မနည်း ရှိနေပြီဖြစ်သည်။

ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ ပြတ်တောက်နေမှုကြောင့် ဒေသနေလူထုမှာ များစွာအခက်ခဲများဖြစ်ပေါ်လျှက်ရှိနေကြရသည်ဟု မြောက်ဦးဒေသခံတစ်ဦးက ဆိုသည်။

“ဖုန်းလိုင်းပြတ်နေတာကတော့ တော်တော် အဆင်မပြေဘူးပေါ့လေ။ တစ်ခုခုဆိုလည်း ဆက်သွယ်လို့မရနဲ့၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ အရမ်းအခက်ခဲဖြစ်ကြရတယ်။ ပြီးတော့ ဒီဘက်မှာ နိုင်ငံခြားဝင်ငွေ မှီခိုနေရသူတွေ များတယ်။ ဖုန်းလိုင်းနဲ့ ဆက်စပ်အလုပ်အကိုင်တွေ အလုပ်မဖြစ်တာတို့ ပေါင်းလိုက်ရင် အားလုံးပဲ ဖုန်းလိုင်းပြတ်တောက်မှုကြောင့် အဆင်မပြေကြဘူး” ဟု ပြောသည်။

ရခိုင်မှာ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှစ၍ ရခိုင်ကမြို့နယ်တစ်ခုချင်းစီတိုင်းကို စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီး လက်ရှိတွင်လည်း အဆိုပါဖြတ်တောက်မှုများမှာ ဆက်ရှိနေသေးသည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မာန်အောင်၊ သံတွဲ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် လက်ရှိ မိုဘိုင်းဖုန်းလိုင်းများ ပြတ်တောက်လျှက် ရှိနေကြသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *