ylliX - Online Advertising Network

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်အခမ်းအနားကို အညာဒေသတွင်ရှိသော ABSDF အမှတ် ၃ စစ်ကြောင်းတွင်လည်း ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   ABSDF အမှတ် ၃ စစ်ကြောင်းတွင် ပြုလုပ်သော ၃၆ နှစ်မြောက် အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကြောင်းမှူး ရဲဘော်မင်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဗဟိုကော်မတီ ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားခြင်း၊ ဗဟိုကော်မတီ ဥက္ကဌ မှ ရဲဘော်ထုသို့ ပေးပို့သည့် သဝဏ်လွှာ အားဖတ်ကြားခြင်း အဖွဲ့အစည်းအသီးသီးမှ ပေးပို့သည့် ၃၆ နှစ်မြောက် ဂုဏ်ပြုသဝဏ်လွှာများ ဖတ်ကြားခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။ #RedNewsAgency #RedNews #RNA Source […]

ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တစ်ခါထွက်ရင်ကားနှစ်စီးသုံးစီးအပြည့်အပြည့်ထွက်တယ် ရှမ်းနီစစ်သားတွေကများတယ် ကားတစ်စီးကိုစစ်သားတွေက ၅ ယောက်လောက်ပဲပါတာ ကျန်တာရှမ်းနီးစစ်သားတွေပဲ လေးရက်လောက်ရှိပြီနေ့တိုင်းသွားတယ် ဖောင်းပြင်မြို့ထဲတပ်ကိုအင်အားဖြည့်တာတဲ့”လို့သူကပြောပါတယ်။ ဖောင်းပြင်မြို့ကို နိုဝင်ဘာလထဲမှာ ဟုမ္မလင်း PDF တပ်ပေါင်းစုသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေ လတ်တလောမှာပျံ့နှံ့နေတာကြောင့် မြို့တွင်းအထိုင်တပ်နှစ်ခုကို အောက်တိုဘာ၂၆ ရက်နေ့ကနေ မနေ့ကအထိ အင်အားဖြည့်နေတာလို့ သိရပါတယ်။ “ဖောင်းပြင်အနီးဝန်းကျင်မှာ PDF တွေ သုံးထောင်လေးထောင်လောက် ရောက်နေတယ် မြို့ကိုသိမ်းမယ်ဆိုပြီးကြားလို့တဲ့ ဒီဟုမ္မလင်းမြို့ထဲကတပ်တွေကော ၊နောင်ပိုအောင်တို့ဘက်ကကောပြီးတော့ ခန္တီးဘက်ကတွေကော အကုန်ဖောင်းပြင်ဘက်ကိုဆင်းသွားကြတာမြို့ကိုကာမယ်ဆိုပြီးတဲ့”လို့ ဟုမ္မလင်းမြိုခံ အမျိုးသားတစ်ဦး ပြောပါတယ်။ ဖောင်းပြင်မြို့ကိုကာကွယ်ဖို့အတွက် ဟုမ္မလင်းမြို့ပေါ်က SNA နဲ့စစ်ကောင်စီစစ်သားတွေအပြင် နောင်ပိုအောင်ဘက်က SNA တွေနဲ့ ဟုမ္မလင်း ခန္တီးလမ်းပိုင်းမှာထိုင်တဲ့ SNA ဂိတ်တွေပါရုတ်သိမ်းပြီး အင်အားဖြည့်နေတယ်လို့သိရပါတယ်။ အခုလို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ဟုမ္မလင်း– မုံရွာကားလမ်းပိုင်း ပိတ်မထားပေမယ့် အရပ်သားတွေသွားလာလို့မရဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “လေးငါးရက်ရှိပြီ သူတို့တွေ(SNA နဲ့စစ်ကောင်စီတပ်)သွားလာနေတော့ဘယ်သူမှမသွားလာကြဘူး ကျွန်မတို့ မုံရွာကနေပစ္စည်းမှာတာ ကားသမားတွေမုံရွာကနေဒီဘက်ကိုမလာရဲလို့တဲ့မှာလို့မရဘူး ကုန်းကြောင်းက ခြောက်လလောက်ပိတ်မယ်လို့လည်းကြားတယ်”လို့သူကပြောပါတယ်။ မုံမှန်အားဖြင့် ဟုမ္မလင်းမြို့နယ်ထဲကို ကုန်စည်တွေသယ်ယူဖို့ မုံရွာ–ဟုမ္မလင်းကားလမ်းနဲ့မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနှစ်ခုရှိပေမယ့် လက်ရှိ ကုန်းကြောင်းသွားလားလို့မရတာကြောင့် ဟုမ္မလင်းနယ်မှာကုန်အဝင်နှေးနေပြီးကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာယ ခုရက်ပိုင်း ဖောင်းပြင်ဘက်ကိုအင်အားဖြည့်နေသလို ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ် ဆယ်ဇင်းဘက်ကိုလည်းအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက PDF ပူးပေါင်းတွေဟာ ဒီနှစ်ထဲ ရွှေပြည်အေးမြို့နဲ့ လွှစင်ကုန်းတို့ကိုသိမ်းပိုက်ထားသလို ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားထဲက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw The post ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ appeared first on Kachin News Group (KNG). Source link

မြိတ်တွင် ဖုန်းသုံးပြီးလမ်းလျှောက်စဉ် ရေထဲပြုတ်ကျသည့် လှေလုပ်သားသေဆုံး – Dawei Watch

မြိတ်မြို့ရှိ ဆိပ်ငယ်ဘောတံတားပေါ်က လှေလုပ်သားတစ်ဦး ရေထဲပြုတ်ကျပြီး သေဆုံးကြောင်း ကယ်ဆယ်ရေး လုပ်သူများနှင့် မျက်မြင်တွေ့ခဲ့သည့် ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၃၀ ရက် ည ၇ နာရီဝန်းကျင်တွင် လက်ကိုင်ဖုန်းသုံးပြီး လမ်းလျှောက်နေစဉ် ရေထဲပြုတ်ကျသွားခြင်း ဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးအနားတွင်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။ ရေထဲပြုတ်ကျပြီးချိန်တွင် ချက်ချင်း ရှာဖွေကယ်ဆယ်ခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ နောက်တစ်ရက်ဖြစ်သည့် ယနေ့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင်မူ ရေထဲပြုတ်ကျသူ၏ ရုပ်အလောင်း ကို မြိတ်မြို့ကမ်းနားလမ်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောဆိုသည်။ “မြိတ်ကမ်းနားလမ်းမှာပဲ ပြန်တွေ့တယ်။ အမည်ကိုတော့ မိသားစုနဲ့ ဆက်သွယ်ပြီး အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းပါ” ဟု အဆိုပါ နာရေးကူညီမှုအသင်းဝင်က ပြောသည်။ […]

AA နှင့် CNFတို့ကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ ကံချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲ – Western News

AAနှင့် CNFတို့ကို ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။ မကွေးတိုင်း ဆောမြို့နယ် ကံချောင်းရွာကို အောက်တိုဘာလ ၃၀ ရက် ည ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးနှစ်လုံးနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေအိမ်များ အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူးခင်ဗျ၊ ဒီအတိုင်း လာပြီးဗုံးကြဲသွားတာပါ။ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချသွားတာပါ။ ကလေးတစ်ဦးရယ်။ နောက်သုံးဦးထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ နေအိမ် တော်တော်များများ ပျက်စီးသွားပါတယ် ” ဟုပြောသည်။ အာရက္ခတပ်တော် […]

ဒေါ်လာသန်းချီတန်သည့် မြေရှားသတ္တုတွင်းများကို KIA ထိန်းချုပ် – Myanmar Now

စစ်ကောင်စီသစ္စာခံ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်များကိုတိုက်ထုတ်ပြီး မြေရှားသတ္တု အများအပြားထွက်ရှိရာ ကချင်ပြည်နယ်ထဲရှိ  ချီဖွေနှင့်ပန်ဝါဒေသများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားနိုင်သော်လည်း တရုတ်အစိုးရ၏ နယ်စပ်ပိတ်ဆို့မှုများကြောင့် သတ္တုတူးဖော်မှုလုပ်ငန်းအများစု ရပ်ဆိုင်းထားသည်ဟု သိရသည်။  လျှပ်စစ်ကား(EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည့် မြေရှားသတ္တုသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ချီဖွေ၊ ပန်ဝါဒေသများတွင် အများအပြားထွက်ရှိသည်။  ထိုဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်များနှင့် စစ်ကောင်စီသစ္စာခံ ပြည်သူ့စစ်တို့က အများအပြားတူးဖော်ခဲ့ကြသည်။ယခုနှစ် မတ်လဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး အောက်တိုဘာလတွင် တရုတ်နိုင်ငံက အများဆုံးဝယ်ယူနေသည့် မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ ပန်ဝါမြို့များကိုပါ  သိမ်းယူနိုင်ခဲ့သည်။ ပြည်နယ်အရှေ့ပိုင်းက ကချင်တောင်တန်းများသည့် စစ်တပ်နှင့်ပြည်သူ့စစ်လက်အောက်၌ မြေရှားသတ္တု အလွန်အကျံတူးဖော်ရာနေရာဖြစ်ခဲ့သည်။ ဓာတ်ပုံ – […]

စစ်သုံ့ပန်းများကို ထားရှိသည့် မန္တလေး PDF အချုပ်ဆောင် ထပ်မံဗုံးကြဲခံရပြီး စစ်ကောင်စီဗိုလ်မှူး အပါအဝင် ၄ ဦးသေဆုံး၍ ၂ ရက်အတွင်း ဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၆ ဦးထိရှိလာ – Ayeyarwaddy Times

စစ်သုံ့ပန်းများကို ထားရှိသည့် မန္တလေး PDF အချုပ်ဆောင် ထပ်မံဗုံးကြဲခံရပြီး စစ်ကောင်စီဗိုလ်မှူး အပါအဝင် ၄ ဦးသေဆုံး၍ ၂ ရက်အတွင်း ဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၆ ဦးထိရှိလာ – Ayeyarwaddy Times Source link

မူဆယ်မြို့ အမည်မသိလက်နက်ကိုင် ROXY KTV အနား ဗုံး၂လုံးပစ်သွား – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ ROXY KTV အနား ဗုံး၂လုံးလာပစ်သွား ပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀)ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင်အမည်မသိနက်လက်ကိုင်တပ်ဖွဲ့ မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ည ၇နာရီခွဲအချိန်မှာ ဘယ်လက်နက်ကိုင်လည်းတော့မသိဘူး မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားတယ် တစ်လုံးက ပေါက်သွားတယ်။ ထိခိုက်ပျက်စီးတာတော့ မသိရသေးဘူး”ဟု ၎င်းကပြောသည်။ ထို့ ဗုံး ၂ လုံးတွင် တစ်လုံးပေါက်ကွဲပြီး ကျန်သည့်တစ်လုံးကို မူဆယ်ပြည်သူစစ်အဖွဲ့က ည ၈ နာရီအချိန် ထုတ်ဖယ်ဖောက်ခွဲလိုက်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ “ပစ်လိုက်တဲ့ ၂လုံးက […]

တန့်ယန်းမြို့တွင်း ဝတပ်ဖွဲ့၏ အုပ်ချုပ် လှုပ်ရှားမှုကြောင့် ဒေသခံများ ထိတ်လန့် – Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)အဖွဲ့၏ စစ်သားစုဆောင်းမှုနှင့် အုပ်ချုပ်ရေးဖော်ဆောင်မှုကြောင့် စိုးရိမ် ထိတ်လန့်‌နေ ကြသည်ဟု ဒေသခံများက ပြောကြသည်။ စစ်ကောင်စီတပ် ရှိနေသည့် တန့်ယန်းမြို့ကို ဒေသငြိမ်းချမ်းရေးအတွက်ဟုဆိုကာ ဇူလိုင် လဆန်းတွင် UWSA တပ်ဖွဲ့က အင်အားအလုံးအရင်းနှင့် ဝင်ရောက် တပ်စွဲကာ   ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခဲ့သည်၊ အရွယ်ရောက်ပြီးသူ အမျိုးသားများကို စစ်မှုထမ်းရန် စတင် စာရင်းကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။ စက်တင်ဘာလကုန်မှစတင်ကာ   UWSA မှ ဗိုလ်အဆင့်အရာရှိ တစ်ဦး သို့မဟုတ် စစ်ကြောင်းမှူးတစ်ဦး ပါဝင်သည့် အဖွဲ့က ရွာများတွင် စစ်မှုထမ်းရမည့်သူကို တစ်အိမ်တက်ဆင်း မဲနှိုက်သည့် စနစ်ဖြင့်  ကောက်ယူခဲ့သည်ဟု တန့်ယန်းမြို့ခံ အသက် ၂၀ ကျော်အရွယ် […]

အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက် – Kachin News Group (KNG)

ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီးချိန်  မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ်ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။ “သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား ၃ ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက်တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ပြောတယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်”လို့ နမ့်ဖတ်ကာဒေသခံက KNG ကို ပြောပါတယ်။ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက် ၆ မှာ နေထိုင်သူ ဒေါ်လဗျလုပါရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက်သွားတဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီး အပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ရိုက်နှက်ဖမ်းခေါ်သွားပြီး ၃ နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ ည ၇ နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက်လက်သိရပါတယ်။  အဲဒီနောက် ည ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဘာ့ကြောင့် ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်ဆိုတဲ့ အကျိုးအကြောင်း တစ်စုံတစ်ရာမျှ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အခု နမ့်ဖတ်ကာ KIO အုပ်ချူပ်ရေးအဖွဲ့က လိုက်နေတယ်ဆိုပေမဲ့ ဘာမှတော့မသိရသေးဘူး။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ အခုတော့ ဘာဘဲဖြစ်ဖြစ်အေးချမ်းပြီထင်နေတာ ဒီလိုလက်နက်ကိုင်တွေက ရွာသားတွေကို လူငယ်တွေကို အခုလို လုပ်တာတွေရှိတော့ ဘယ်လိုစိတ်မအေးနိုင်ပဲ လူငယ်တွေလည်း သွားရလာရ တော်တော်ဂရုစိုက်ရမဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပြောချင်တယ်။ တစ်စုံတစ်ခုကြောင့်ရွာသားတွေကို ဖမ်းဆီးပြီဆို သေချာစွာ မေးမြန်း စစ်ဆေးပြီးမှ အပြစ်မရှိဘူးဆိုရင် ကောင်းမွန်စွာ ပြန်လွတ်ပေးသင့်တယ်။ အခုလို ရိုက်နှက် မေးမြန်း စစ်ဆေး၊ နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာမျိုး မလုပ်ခိုင်းစေချင်ဘူး” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နမ့်ဖတ်ကာအုပ်ချူပ်ရေးတာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်သားတွေကို ဆက်လက်စုံစမ်းနေကာ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပေမယ့် လက်ရှိချိန်ထိတော့ အကျိုးအကြောင်း အသေးစိတ်ကိုမသိရသေးဘူးလို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်တစ်ဝိုက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က အခုလို ကျေးရွာဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သလို လက်လွန်ပြီး သေဆုံးသွားသူတွေလည်း မျးစွာရှိခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ The post အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက် appeared first on Kachin News Group (KNG). Source link

ကြို့ပင်ကောက်၌ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး – BUR.MIZZIMA.COM

ပုံအညွှန်း − ပဲခူးရိုးမအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်များ။ ရွှေနွယ် မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းသည် အမျိုးသမီး ကိုးဦးအပါအဝင် ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း စစ်ရှောင်နေကြရကြောင်း စစ်ရှောင်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက မဇ္ဈိမကိုပြောသည်။ အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်နေ့က ကြို့ပင်ကောက်မြို့ သင်္ခရိုင်ကျေးရွာသို့ ဝင်ရောက်ကာ၊ ရွာရှိ ပရဟိတမိဘမဲ့ကလေးကျောင်းသို့ ဝင်ရောက်အထိုင်ချခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတဦးနှင့် သင်္ခရိုင်ရွာသားတဦးတို့က မဇ္ဈိမကိုပြောသည်။ “ရွာထဲကသူတွေ သူတို့ကိုတွေ့လို့​ ထွက်ပြေးတဲ့သူတွေကို ဖမ်းသွားတယ်။ အယောက် ၂၀ ကျော်လောက်ပါသွားတယ်။ […]