ylliX - Online Advertising Network
မြိတ်တွင် ဖုန်းသုံးပြီးလမ်းလျှောက်စဉ် ရေထဲပြုတ်ကျသည့် လှေလုပ်သားသေဆုံး - Dawei Watch

မြိတ်တွင် ဖုန်းသုံးပြီးလမ်းလျှောက်စဉ် ရေထဲပြုတ်ကျသည့် လှေလုပ်သားသေဆုံး – Dawei Watch


မြိတ်မြို့ရှိ ဆိပ်ငယ်ဘောတံတားပေါ်က လှေလုပ်သားတစ်ဦး ရေထဲပြုတ်ကျပြီး သေဆုံးကြောင်း ကယ်ဆယ်ရေး လုပ်သူများနှင့် မျက်မြင်တွေ့ခဲ့သည့် ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၃၀ ရက် ည ၇ နာရီဝန်းကျင်တွင် လက်ကိုင်ဖုန်းသုံးပြီး လမ်းလျှောက်နေစဉ် ရေထဲပြုတ်ကျသွားခြင်း ဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးအနားတွင်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။

ရေထဲပြုတ်ကျပြီးချိန်တွင် ချက်ချင်း ရှာဖွေကယ်ဆယ်ခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

နောက်တစ်ရက်ဖြစ်သည့် ယနေ့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင်မူ ရေထဲပြုတ်ကျသူ၏ ရုပ်အလောင်း ကို မြိတ်မြို့ကမ်းနားလမ်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောဆိုသည်။

“မြိတ်ကမ်းနားလမ်းမှာပဲ ပြန်တွေ့တယ်။ အမည်ကိုတော့ မိသားစုနဲ့ ဆက်သွယ်ပြီး အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းပါ” ဟု အဆိုပါ နာရေးကူညီမှုအသင်းဝင်က ပြောသည်။

ရေထဲပြုတ်ကျပြီးနောက် မည်ကဲ့သို့ဖြစ်ပွားခဲ့သည်ကို မသိရသေးပေ။

သေဆုံးသူမှာ အသက် ၄၀ အရွယ် စခန်းသစ်ရွာသား အမြန်ရေယာဉ်လုပ်သားတစ်ဦးဖြစ်ကြောင်း နီးစပ်ရာ လှေသားများက ပြောဆိုကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ယခင်ကလည်း ပင်လယ်ပြင်အတွင်း ငါးဖမ်းရေလုပ်သားအချို့နှင့် ခရီးသည်တင်လှေသားအချို့မှာ ရေထဲပြုတ်ကျပြီး သေဆုံးမှုများ ရှိခဲ့ဖူးသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *