ပီရူးနိုင်ငံ Chilca တွင် ဘောလုံးကွင်းအတွင်းသို့ မိုးကြိုးပစ်ချခဲ့ရာ ကစားသမား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ Related Source link
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူ များအား ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် […] Source link
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်အတွင်းရှိ ခေါပုတ်စစ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များကို ကရင်လက်နက်ကိုင်တပ် KNU ဦးဆောင်သည့် တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့(နိုဝင်ဘာ၃)တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံး၊ ၁၇ ဦး အရှင်ဖမ်းမိသည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။ စစ်သားများသည် စခန်းကိုစွန့်ခွာပြီးနောက် မြို့တောင်ဘက်ရှိ အခြေချစစ်ဗျူဟာသို့ ဆုတ်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းများကဆိုသည်။ သုံ့ပန်းများအနက် တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးသုံးဦးလည်းပါဝင်သည်ဟု ယင်းတိုက်ပွဲတွင်ပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။ တော်လှန်ရေးတပ်များသည် ဖာပွန်ရှိစစ်စခန်းများကို လနှင့်ချီကြာပိတ်ဆို့ထားပြီး စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေကြောင်း၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။ BPLA က ထုတ်ပြန်ခဲ့သည့် သုံ့ပန်း ရရှိမှု ရုပ်သံမှတ်တမ်းတွင် ဒဏ်ရာရ […]
မြန်မာနိုင်ငံက ကမ္ဘာ့စစ်လေယာဉ်အများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံများစာရင်းတွင် အဆင့် ၃၅ နေရာ ရပ်တည်နေ – Myanmar Transparency News Source link
Reuters တရုတ် အစိုးရသည် လူဦးရေ လျော့နည်းကျဆင်းလာမှုကို မြှင့်တင်ရန် မူဝါဒအချို့ ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်း ထိမ်းမြားလက်ထပ်ခြင်း မှတ်ပုံတင်မှု အရေအတွက် ကျဆင်းသွားကြောင်း လူမှုရေးရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။ ယခုနှစ် ပထမသုံးလပတ်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် စုံတွဲပေါင်း ၄ ဒသမ ၇၄၇ သန်း က ထိမ်းမြားလက်ထပ်ရန် စာရင်းသွင်းခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။ အဆိုပါ အချက်အလက်အရ ယခင်နှစ်များထက် ၉၄၃,၀၀၀ လျော့ကျသွားကြောင်း Reuters သတင်းဌာနမှ တွက်ချက်ဖော်ပြသည်။ တရုတ်အစိုးရ က နောက်ဆုံးရရှိသော အချက်အလက်များကို နိုဝင်ဘာ ၁ တွင် ထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်မှု အရေအတွက် သန်း […]
ရင်းနှီးမြှုပ်နှံမှုပမာဏများခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးဆုံးရှုံးနိုင်ခြေများခြင်းတို့ကြောင့် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် အမြတ်အစွန်းရရန် ခက်ခဲကြောင်း အစုအစပ်ရှယ်ယာရှင်ကုမ္ပဏီတစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြသည်။ Mytel ကို ဗီယက်နမ်စစ်တပ်၊ မြန်မာစစ်တပ်နှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီ ပူးပေါင်းသည့် Myanmar National Telecom Holding Public Company Ltd(MNTH) တို့ ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်သည်။ MNTH ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ယခင်လက ထုတ်ပြန်သည့် ၂၀၂၃-၂၄ ကုမ္ပဏီအစီရင်ခံစာတွင် ထိုဆက်သွယ်ရေးလုပ်ငန်းမှ အမြတ်ရရန်ခက်ခဲကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ကုမ္ပဏီ၏ ဆုံးရှုံးနိုင်သည့်အချက်များ(Risk Factors) ကို ဖော်ပြရာတွင်“ တည်ဆောက်ထားသော တာဝါတိုင်များသည်လည်း လက်ရှိအခြေအနေများကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်ရနိုင် ခြေရှိနိုင်ပါသည်” ဟု […]
စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်မည်ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၄) တွင် ကြေညာသည်။ ကူမင်းမြို့တွင်ကျင်းပမည့် တရုတ် နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်မည်ဟု ကြေညာချက်တွင် ဖော်ပြသည်။ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများ ဖြစ်သည်ဟုဆိုသည်။ စစ်ခေါင်းဆောင်၏ ယခုတရုတ်ခရီးစဉ်မတိုင်မီတွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်းလှမင်းတို့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး တရုတ်အစိုးရ၏ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေသည်။ ဒီမိုကရေစီလိုလားသူများ၊ နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်နှိမ်နှင်းမှုများကြောင့် နာမည်ကြီးသည့် စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများက Paragon Institute အမည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက် Think-Tank ဟုခေါ်သည့် […]
အောက်တိုဘာလ ၂၉ ရက်နေ့၌ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ထိခိုက်ကျဆုံးခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၅ ဦး သေဆုံးခဲ့တယ်ဆိုပြီး အရှက်မဲ့စွာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။ Related Source link
ပို့ကုန်ချေးငွေများနှင့် အလွဲသုံးစားလုပ်သည်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားသုံးငွေနှင့် နိုင်ငံတကာငွေပေးချေမှုများအတွက် အခရာအကျဆုံး နိုင်ငံပိုင်ဘဏ်ကြီးဖြစ်သည့် MFTB ဦးဆောင်ညွှန်ကြားရေးမှူး၊ သူ၏ ကိုယ်ရေးအရာရှိ ဒေါ်မြတ်ဆု၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်ကိုဦး၊ လက်ထောက်မန်နေဂျာ ဒေါ်အေးအေးခိုင်တို့ကို ယခုနှစ် ဇူလိုင်တွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်။ စစ်ဆေးခံရသည့် ဝန်ထမ်းအချို့ပြန်လည်လွတ်မြောက်လာသော်လည်း ဒေါ်ကေသီကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်သည့်အပြင် တရားစွဲဆိုထားမှုလည်းရှိရာ စီရင်ချက်ချမှတ်ထားပြီး ဖြစ်နိုင်ကြောင်း MFTB ဘဏ်နှင့်နီးစပ်သူတစ်ဦးက Myanmar Now ကိုပြောသည်။ ဒေါ်ကေသီကို တရားစွဲဆိုမှုများနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ စစ်ကောင်စီက ဒေါ်ကေသီကို ဖမ်းဆီးစစ်ဆေးနေချိန် MFTB ဘဏ်လုပ်ငန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) […]
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ၊ ဆမ္မဆယ်ကျေးရွာနှင့် အနီးရှိ သကြားစက်ရုံတို့ကို နိုဝင်ဘာ ၁ ရက်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ မီးနေသည်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ နံနက်အစောပိုင်းက နောင်ချိုမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ဆမ္မဆယ်ကျေးရွာနှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ၃ ကြိမ်လာရောက်၍ ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု တအာင်းတပ် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးမီးဖွားပြီး သုံးရက်သာရှိသေးသည့် ကလေးမိခင်(မီးနေသည်) တစ်ဦး၊ အသက် ၇၀ အရွယ်အဖိုးအိုနှင့် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ပြီး သံဃာ ၂ […]