အရည်အသွေးကောင်း ပတ္တမြားထွက်ရှိရာ မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့နယ်အတွင်း ကျောက်မျက်လုပ်ကွက်ငယ်များကို လုပ်ကိုင်ခွင့်ပြုထားသည်ဟု စုံစမ်းသိရှိရသည်။ တစ်ချိန်က စစ်တပ်နှင့် အပေါင်းအပါများ လက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ်ကွက် လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း၊ အသေးစားလုပ်ကွက်များကိုမူ စက်တင်ဘာလမှစတင်ကာ ခွင့်ပြုပေးနေကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက Myanmar Now ကို ပြောသည်။ “အသေးစားတွေ၊ ပြီးတော့ လက်လုပ်လက်စားပေါ့၊ အဓိကက စားဝတ်နေရေးတွေ ပြေလည်နိုင်ဖို့ ကျွန်မတို့က ဖွင့်ပေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အသေးစား တူးဖော်ခွင့်ရသူများသည် TNLA က သတ်မှတ်သည့် အခွန်နှုန်းထားကို ပေးဆောင်ရမည်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု လွေးယေဦးက ပြောသည်။ လက်ရှိ […]
ကချင်ပြည်နယ်နှင့်နယ်စပ် စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် မြို့တွင်းမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ PDF၊ ကချင်တပ် KIA နှင့် ကျောင်းသားတပ် ABSDF တို့ ပူးပေါင်းပြီး သြဂုတ်လလယ်မှစတင်ခဲ့သည့် ထိုးစစ်အတွင်း မြို့၏ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအချို့အပါအဝင် မြို့တွင်းရှိ နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သည်။ အောက်တိုဘာလတွင် နှစ်ဘက်တပ်များ တပ်ဆိုင်ထားသည့် အခြေအနေဖြင့် တိုက်ပွဲများငြိမ်သက်နေခဲ့ရာမှ နိုဝင်ဘာ ၁ ရက်နေ့တွင် မြို့တွင်းရှိ လက်ကျန် စခန်းကုန်းကို တော်လှန်ရေးတပ်များက တကျော့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဂျပန်လှိုင်ဂူကုန်းစခန်းဟု လူသိများသည့်၊ မြို့၏ အမြင့်ဆုံးနေရာတွင် တည်ဆောက်ထားသည့် စစ်စခန်းကို အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု တော်လှန်ရေးတပ်များနှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၅/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ) (အမ်း)အမ်းမြို့သို့ရောက်ရှိနေသည့် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် နယ်မြေရှင်းလင်းခြင်း၊ စစ်ကူသွားရောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် (၂/၃၀၀)ဆေးရုံအအနီးနှင့် တိုက်စည်းကျောင်းအနီးရှိ AA အကြမ်းဖက် သောင်းကျန်းသူများရှိရာနေရာများအား ယနေ့နံနက်အစောပိုင်းမှစ၍ လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူများရယူကာ စတင်ရှင်းလင်းတိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စိုးမိုးကုန်းနေရာ တော်တော်များများအား ပြန်လည်ရယူထားနိုင်ခဲ့ကာ အလောင်း/လက်နက်များ ရရှိထားကြောင်း၊ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ နယ်မြေခံထောက်ပို့တပ် ကာကင်းနေရာ (၂)ခုအား ညနေ ၃ နာရီနောက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့သဖြင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ရှိရာနေရာများအား Drone များ၊ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ပြီး ညနေ ၆ […]
MTO လက်သစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်းရဲ့ ဖိတ်ခေါ်မှုကြောင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို နိုဝင်ဘာလ ၅ ရက် မနက်အစောပိုင်းက ထွက်ခွာသွားပါတယ်။ ဒီခရီးစဉ်အတွင်း (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်သွားဖို့ ရှိနေပြီး တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ တကျော့ပြန်အာဏာသိမ်းမှုကာ လေးနှစ်နီးပါးအတွင်း […]
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးတပ်အတွက် တပ်ဖွဲ့ဝင်သစ် မပေးသည့်ရွာများ မီးရှို့ခံနေရသည်ဟု သိရသည်။ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ ရက်နေ့တွင်စတင်ပြီး ဝင်ရောက်စီးနင်းကာ အရွယ်ရောက်ပြီးအမျိုးသားများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။ လတ်တလောတွင် အရပ်သား ၁၃၀ ကျော်ကို ဖမ်းဆီးထားရပြီး ဖမ်းဆီးခံရသူအများစုသည် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသားများဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်သားများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းသည် ကျီစု ကျောက်တိုင်၊ ဝက်တိုးတောင်၊ ဝက်တိုးမြောက်၊ ညောင်ပင်ဆိပ်၊ အိုင်ပေါင်းချောင်၊ ဝက်တိုး၊ ဘူးကြီးတောင်၊ ဘူးကြီးမြောက်နှင့် ကျီကုန်းခံ စသည့်ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်တပ်သည် ကျေးရွာများသို့ဝင်ရောက်ချိန်တွင် […]
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် ခရီးသည်ကားနဲ့ကုန်တင်ကားတွေ ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ လီဒိုလမ်းမကြီးတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးမှုဟာ ၅ လခန့်ကြာလာတဲ့အပြင် ဒီကနေ့ထိလည်း ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ခရီးသွားသူပြည်သူတွေအနေနဲ့ လမ်းခရီးမှာ ၃ ရက်ကနေ တစ်ပတ်အထိ ကြာမြင့်နေပြီး လမ်းတစ်လျှောက် ရွှံ့ဗွက်အိုင်ထဲကျွံနေတဲ့ကားတွေကိုလည်း ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ဆိုပါတယ်။ “ကားတွေဖြတ်လို့မရဘဲ အသကုန် ကြပ်နေတယ်။ လမ်းပျက်စီးမှုကတော့ ပါဂျရိုတွေဆွဲလည်းမနိုင် ဆင်နဲ့ပဲ ဆွဲထုတ်နေတယ်။ ဆင်နဲ့ဆွဲထုတ်ရင်လည်း အားလုံးအထိန်းအစမရှိ အရှိန်ကျော်အောင်ဆွဲသွားတော့ ကားအဖုံး အကာတွေပါ ပြုတ်ကုန်ရော။ အစကတော့ ထွန်စက်တွေနဲ့ ဆွဲထုတ်တယ်။ အခုတော့ ထွန်စက်တွေလည်း မနိုင်တော့ဘူး။ လမ်းတစ်လျှောက်လုံး ကားအကြီး၊ အသေး အများကြီးပဲ ကြပ်နေတယ်။ အခု ခရီးသည်တွေလည်း တနိုင်းဘက်သွားချင်ရင်လည်း လမ်းမှာ ကားအများကြီးကြပ်နေတာကြောင့် ကားဂိတ်မှာ တနိုင်းကားရှာရင်တောင် မတွေ့ဘူးပြောတယ်။”လို့ မြစ်ကြီးနား–တနိုင်း ခရီးအသွားအလာလုပ်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနား- တနိုင်းအကြား ကားလမ်းပိုင်းအများဆုံးပျက်စီးနေတဲ့နေရာဟာ ရှဒူးဇွပ်၊ နောင်းမီး၊ မန်ပန် စတဲ့လမ်းပိုင်းတစ်ကြော နေရာ ၅ ခုမှာ အများဆုံးပျက်စီးနေပြီး လီဒိုလမ်းမကြီးတစ်လျှောက် ကားတွေ တစ်လိမ့်ချင်း ရွှေ့ပြီးသွားနေရတာကြောင့် ပိတ်မိတဲ့ကားတွေလည်းများစွာရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ခုလို ဆင်တွေနဲ့ဆွဲထုတ်နေရတာကြောင့် ဆိုင်ကယ်၊ ကားအကြီး၊ အသေးအပေါ်မှုတည်ပြီး ဆွဲထုတ်ခ ၁ သိန်းကနေ ၅ သိန်းအထက် ကုန်ကျရတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနား– တနိုင်းလီဒိုလမ်းကြီးမှာ ဇွန်လ မိုးစဝင်လာချိန်ကစလို့ လမ်းပိုင်းပျက်စီးစပြုလာတာဖြစ်ပေမယ့် ဒီနေ့ထိပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ပိုပြီးဆိုးရွားသွားတာဖြစ်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။ ကားလမ်းပိုင်း ဆိုးရွားစွာပျက်စီးနေတာကြောင့် ခရီးသည်တွေအတွက် ခရီးသွားလာရေးခက်ခဲနေသလို ကုန်တင်တဲ့ကားသမားတွေအတွက်လည်း ကုန်ကျစရိတ် အလွန်များပြားတာကြောင့် တနိုင်းဘက်မှာ ကုန်စျေးနှုန်းဆက်တိုက်မြင့်တက်နေတယ်လို့ တနိုင်းဒေသခံတွေ ဆိုပါတယ်။ “မိုးတွင်းဝင်ကတည်းက ပျက်စီးနေတာ အခုထိ ပြုပြင်တာမျိုးကမရှိ၊ အသွားအလာကရှိနေဆဲဆိုတော့ ပိုဆိုးလာတာပေါ့။ ဒါကြောင့် ကုန်စျေးနှုန်းတွေလည်း တော်တော်တက်လာတယ်လေ။ ကားသမားတွေလည်း လမ်းပျက်စီးတာကြောင့် ကုန်ပစ္စည်းသယ်ပို့တာ မကိုက်ဘူးတဲ့။ ဒါကြောင့် ကုန်စျေးနှုန်းတွေ အသကုန်တက်။ ဒီဇယ်တစ်ပေပါ ၂၅ သိန်းနဲ့ ရှာရင်တောင် မတွေ့ဘူး၊ ရှားတယ်။ တချို့က ၂၃ သိန်းလည်းရောင်းတယ်။ ၂၅ သိန်းလည်း ရောင်းတယ် ပြောတယ်။” လို့ တနိုင်း အမျိုးသမီးက ဆက်ပြောပါတယ်။ လတ်တလော တနိုင်းဘက်မှာ ဓာတ်ဆီတွေပြတ်လပ်ပြီး ဒီဇယ်တစ်ပေပါ ၂၃ သိန်းအထက်၊ ဆန်တစ်အိတ် ၂ သိန်းဝန်းကျင်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၂ သောင်းခွဲစသဖြင့် ကုန်စျေးနှုန်းတွေမြင့်တက်နေတယ်လို့ ပြောပါတယ်။ ပုံမှန်အားဖြင့် မြစ်ကြီးနားကနေ တနိုင်းဘက်ကို ခရီးသွားမယ်ဆိုရင် ခရီးစရိတ် သောင်းဂဏန်းသာ ကုန်ကျပေမဲ့ လက်ရှိအခြေအနေမှာ ကားခ ၂ သိန်းခန့်ပေးရပြီး လမ်းမှာလည်း တစ်ပတ်လောက် ကြန့်ကြာတာတွေကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမကြီးဟာ မိုးတွင်းကာလ အခုလိုမျိုး လမ်းပျက်စီးမှု ဆိုးရွားမှုပုံမှန်ဖြစ်လေ့ရှိပြီး စစ်တပ်အားဏာသိမ်းပြီးနောက် ၃ နှစ်တာကာလမှာတော့ လမ်းပျက်စီးမှုကို တာဝန်ယူပြုပြင်ပေးတဲ့အဖွဲ့မရှိတာကြောင့် ပိုမိုဆိုးရွာလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ The post တနိုင်းလီဒိုလမ်းမတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးနေပြီး ကုန်ကား၊ခရီးသည်ကားများ ဆင်နဲ့ဆွဲနေရ appeared first on Kachin News Group (KNG). Source link
Adore News Pro theme is a complete magazine theme, excellent for news, magazines, publishing and review sites. Amazing, fast-loading modern magazines theme for personal or editorial use. You’ve literally never seen or used a magazine that looks or works like this before. Source link
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅ စီးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင် ပူတာအိုမရောက်ခင် ၀ဒတ်ရွာ(Wadat mare)နဲ့ မဆွမ်ဇွမ်(Masum Zup) ကျေးရွာတဝိုက် တောဆင်ရိုင်းတစ်ကောင် သောင်းကျန်းနေပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆင်ကြီးတစ်ကောင်ထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်နေတာဟုတ်တယ်။ အဲ့နေ့ညနေက ကား ၅ စီးဟုတ်တယ် ကျနော်တွေ့ခဲ့တာ လူ ၁ ဦးသေသွားတယ်။ ၁ ယောက်က ခေါင်းပေါက်သွားတယ် နောက်တစ်ယောက်က ရင်ဘတ်မှာ သွေးထွက်တယ် ၂ ယောက်ဒဏ်ရာရထားတယ် ကျနော်တွေ့ခဲ့တာအဲ့လောက်ပဲ။ ကျန်ဘယ်သူတွေ ထိခိုက်သေဆုံးသေးလဲ အသေးစိတ်မသိပါဘူး” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပူတာအိုဒေသခံတစ်ဦး KNG ကိုပြောပါတယ်။ ဆင်ရိုင်းတိုက်ခိုက်လို့ သေဆုံးသွားသူဟာ အသက် ၃၀ ဝန်းကျင်ရှိ ဦးရဲကျော်ဆိုသူဖြစ်ပြီး ပူတာအို– မြစ်ကြီးနားလမ်းပိုင်း ကားပြေးဆွဲတဲ့ ကားသမားဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ကား ၅ စီးထဲမှာ ဓါတ်ဆီတင်ကားတစ်စီးပါဝင်ပြီး ချောက်ထဲကျသွားတဲ့အပြင် နောက်ထပ်ခရီးသွားကားတစ်စီးလည်း လုံးဝပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေ ပြောပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ ဆင်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်ဘက်ကနေ တက်လာတဲ့ကားတွေလည်း ပြန်လှည့်သွားသူတွေရှိသလို ပူတာအိုကနေဆင်းတဲ့ ကား၊ဆိုင်ကယ်တွေ မဆင်းရဲဘဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ “အဲဒီဆင်ကြီး လမ်းမှာတင်စောင့်နေပြီး ခရီးသွားကားတွေလာပြီဆိုရင် တိုက်ခိုက်တယ်။ အဲဒီညနေက အဲလိုဖြစ်ကတည်းက ပူတာအိုကနေ ကားတွေမဆင်းရဲတော့ဘူး။ မနှစ်တုန်းကလည်း အဲဒီဆင်ပဲ။ အဲဒီလို လမ်းသွားလမ်းလာတွေကို တိုက်ခိုက်တာ။ မနှစ်ကလည်းလူသေဆုံးမှုရှိတယ်။ ဒီနှစ်လည်း အခုလို ထိခိုက်သေဆုံးမှုပြန်ဖြစ်တယ်။ ဒီလိုဖြစ်လည်း အရေးပေါ် ကယ်ဆယ်ရေးကားတွေ မရောက်လာနိုင်ဘူး။ ဒီလိုကိစ္စအပေါ် သက်ဆိုင်ရာ အစိုးရက တာဝန်ယူဖြေရှင်းပေးသင့်တယ်လို့တော့ မြင်တယ်”လို့ နောက်ထပ်ပူတာအိုဒေသခံအမျိုသားတစ်ဦးကလည်း ပြောပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာလည်း ပူတာအိုမရောက်ခင် ဆွမ်ပီယန်ကျေးရွာ နှင့် ဖုန်ချန်ကျေးရွာကြားရှိ ဆွမ်ပီယန်ချောင်း (ဒေသအခေါ် အခေးချောင်း) ထဲမှာ လူငယ်သုံးဦး ငါးရှာထွက်စဥ် တောဆင်ရိုင်းတစ်ကောင် ရောက်လာပြီး လိုက်လံတိုက်ခိုက်မှုကြောင့် လူငယ် ၃ ဦးထဲက တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ By – ဂျာဘောက်ရာ The post ပူတာအိုမှာ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကား ၅ စီးပျက်စီး appeared first on Kachin News Group (KNG). Source link
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong […] Source link
တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၁၁နာရီမှ ၁၁နာရီခွဲအထိ ဘန်းပြည့်ရွာနှင့် ကိုးအင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါတိုက်လေယာဉ်ဖြင့် ကိုးအင်းရွာကို ဗုံးလေးလုံးကြဲချခဲ့သလို ဘန်းပြည့်ရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် ကိုးအင်းရွာသားတစ်ဦး၏ ခြောက်ထောက်နှင့် ဆယ်ကျော်သက် (၁၀နှစ်ကျော်) အရွယ် မိန်းကလေးတစ်ဦး ခြေမတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ပထမ ဘန်းပြည့်မှာ ချတာ။ ပြီးတော့မှ ကိုးအင်း (ရွာ) မှာ ထပ်လာကြဲတာ။ ကိုးအင်းတံတားထိပ်နားက […]