MTO
လက်သစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်းရဲ့ ဖိတ်ခေါ်မှုကြောင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို နိုဝင်ဘာလ ၅ ရက် မနက်အစောပိုင်းက ထွက်ခွာသွားပါတယ်။
ဒီခရီးစဉ်အတွင်း (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်သွားဖို့ ရှိနေပြီး တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
ဒီခရီးစဉ်ဟာ တကျော့ပြန်အာဏာသိမ်းမှုကာ လေးနှစ်နီးပါးအတွင်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်လာပါတယ်။ ဒီ ခရီးစဉ်အပေါ် အကဲခတ်တွေရဲ့ ရူမြင်ပုံကို အခုရုပ်သံမှာ ကြည့်ရူနားဆင်နိုင်ပါပြီ။
သတင်း — MTO
တည်းဖြတ် ၊ တင်ဆက် — MTO