ylliX - Online Advertising Network

အင်းတော်မြို့ပတ်လမ်း စစ်တပ်ကပြန်ပိတ် – Kachin News Group (KNG)

မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့မိန်းကားလမ်းမကြီး စစ်ရေးအခြေနေကြောင့်ပိတ်လိုက်တဲ့နောက် ခရီးသွားပြည်သူတွေဟာ အဓိကအသုံးပြုနေတဲ့မြို့ပတ်လမ်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ထပ်ပိတ်လိုက်တယ်လို့ အင်းတော်မြို့ဒေသခံတွေပြောပါတယ်။ “နိုဝင်ဘာ ၄ ရက်နေ့ ပြန်ပိတ်လိုက်တာ တပ်ဘက်ကပိတ်တာဗျ။ ဘာကြောင့်ဆိုဒီတိုင်းပဲရုတ်တရက်ပိတ်ချလိုက်တာ လောလောဆယ်နားစွင့်ရသလောက်အဲ့ဘက်မှာတိုက်ပွဲလည်းပြန်ဖြစ်လာတယ်”လို့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း ကားလိုင်းပြေးဆွဲနေတဲ့ အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လစပြီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အင်းတော်မြို့နယ်ထဲရှိ မိန်းကားလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်တပ်တွေ အသွားအလာပိတ်လိုက်တဲ့နောက် မြို့ပတ်လမ်းကိုအသုံးပြုနေတာ ခုဆိုရင် ၄ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ အညာဒေသဘက်ကနေ ကချင်ပြည်နယ်ဘက်ကို အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို အဓိက သယ်ယူနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။  ဒါ့အပြင် စစ်တပ်ဘက်က ကားလမ်းပိုင်းပိတ်လိုက်ရတဲ့အကြောင်းအရင်းအသေးစိတ်မသိရပေမယ့် မြို့ပတ်လမ်းပိုင်းကို နိုဝင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၁၈ ရက်နေ့ထိ (၁၅)ကြာပိတ်ထားမယ်လို့ သိရပါတယ်။ မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း အင်းတော်မြို့ရှောင်လမ်းကို စစ်ရေးအရ တစ်ရက်(သို့မဟုတ်) နှစ်ရက်ကြာပိတ်ထားတာမျိုးတော့မကြာခနရှိပေမယ့် အခုလိုရက်ရှည်ပိတ်တာမျိုးတော့မရှိဘူးလို့ မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေးကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ပိတ်တာတော့ပိတ်တယ်ပိတ်ပေမယ့် ကားတော့ဒီမနက်ထိထွက်သွားကြတယ် ခါတိုင်းလို တစ်ရက် နှစ်ရက်လောက်ပဲပိတ်မယ်ထင်တာပေါ့ လမ်းရောက်မှ ကြာမယ်လို့သိရတော့အခုလမ်းမှာပိတ်မိနေကြတယ်။ စောင့်နိုင်တဲ့လူကလမ်းမှာစောင့်တချို့လှည့်ပြန်တဲ့လူလည်းရှိမှာပဲ”လို့ သူကပြောပါတယ်။ မြစ်ကြီးနား–မန္တလေးမိန်းလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲကို ကုန်စည်အဝင်မရှိတဲ့အပြင် ကားလမ်းပိတ်ထားတာအချိန်ကြာမြင့်သွားရင် ကုန်စည်ပြတ်လပ်မှုတွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။ မန္တလေး–မြစ်ကြီးနားကားလမ်းမကြီးကိုတော့ သြဂုတ်လကတည်းက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေကပိတ်လိုက်တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့်ပြန်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။ ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်၊လူဦးရေး တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ဘက်ကို အညာဒေသနဲ့ တရုတ်နိုင်ငံဘက်ကနေ  အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်အဓိက ဝင်ရောက်တာလည်းဖြစ်ပါတယ်။ သို့သော် လတ်တလော တရုတ်နယ်စပ်ဂိတ်အားလုံးကိုလည်း တရုတ်ဘက်က ပိတ်လိုက်တဲ့အပြင် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း အင်းတော်မြို့နယ်ထဲက တစ်ခုတည်းသွာလာလို့ရနေတဲ့ မြို့ပတ်လမ်းကိုလည်းပိတ်လိုက်တာကြောင့် အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းလာနေတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ By – Zaw Zaw The post အင်းတော်မြို့ပတ်လမ်း စစ်တပ်ကပြန်ပိတ် appeared first on Kachin News Group (KNG). Source link

အမေရိကန် သမ္မတရွေးကောက်ပွဲ ဒေါ်နယ်ထရန့်နိုင်ပြီ –  PCT NEWS HOMEPAGE

ဝါရှင်တန်၊ နိုဝင်ဘာ-၆-၂၀၂၄ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ အရေးပါတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ အနိုင်ရဖို အခြေအနေရှိနေတာကြောင့် သမ္မတရွေးကောက်ပွဲ အနိုင်ရဖို သေချာသလောက်ဖြစ်နေပြီဖြစ်ပါတယ်။ ထရန့်ဟာ အစောပိုင်းကတည်းက မြောက်ကယ်ရိုလိုင်းနားနဲ့ ဂျော်ဂျီယာတိုမှာ အနိုင်ရရှိပြီးနောက် ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ရဲ့ သမ္မတဖြစ်ရေး လမ်းကြောင်းက ကျဉ်းမြောင်းသွားခဲ့ပါတယ်။ VOM Related Source link

နိုဝင်ဘာလ ၆ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၅ ရက်နေ့ ၁၈၅၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ မြရတနာရပ်ကွက်တွင် နေထိုင်သော ဒေါ်ခင်မြင့်(၇၀)နှစ်နှင့် မြေးဖြစ်သူ မလဲ့လဲ့စံ(၁၇)နှစ်တို့သည် ၎င်းတို့ နေအိမ်၌ ရှိနေစဉ် […] Source link

သဘောတူထားသည့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်ကို တရုတ် တိုက်တွန်း – Myanmar Now

တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ရန် တရုတ်ဘက်မှ တိုက်တွန်းခဲ့သည်။  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ ဝင်လည်း ဖြစ်သလို ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့်  Mr. Wang Ning က ယမန်နေ့ (နိုဝင်ဘာ ၅) ညနေ ကူမင်းမြို့ Haigeng Hotel တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။  ထို့ပြင် နှစ်နိုင်ငံကြား နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာန MTRV တွင် ယနေ့ ဖော်ပြသည်။  စစ်ခေါင်းဆောင်က စီးပွားရေး […]

အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ ကင်းခန်း ၂ ခုကို တပြိုင်တည်း တိုက်ခိုက်

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာထိပ်နှင့် ဘုံတောလမ်းဆုံနှင့် မိုင်တိုင် (၁၁)ရှိ စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို PRA-Magway၊ အရှိုချင်းကာကွယ်ရေးတပ်နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းရဲဘော်များက နိုဝင်ဘာ (၅) ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိနစ် (၃၀) ခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကို နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကူများအပြင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်သည့်အတွက် အပြီးသတ်ရှင်းလင်းရေးမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု PRA-Magwayက ထုတ်ပြန်ထားသည်။ #RedNewsAgency #RNA #REDNEWS Source link

ပုလဲတွင် ကထိန်အလှူကိုစစ်တပ်ဗုံးကြဲ၊  ၄ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ  – Myanmar Now

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၅) ညနေက ကထိန်အလှူပွဲတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရပြီး သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ၄ ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။  ပုလဲမြို့နယ်အနောက်ဘက် တောင်ပေါ်ရှိ ကထိန်ပွဲကျင်းပနေသည့် အိုင်းမရွာကို ညနေ ၃ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် စစ်လေယာဉ်ဖြင့် ဗုံးသီး အကြီး ၃ လုံး၊ ဗုံးသီးအသေး ၂၀ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် ဒေါ်လုံးခင် နှင့် အသက် ၄၀ အရွယ် ဦးအောင်ဌေးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် မဇာဇာခိုင်မှာ […]

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော “နတ်မိကျောင်း စစ်ဆင်ရေး”အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ဗဟိုဘဏ် ထပ်မံရောင်းချပေးမည်

သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ဗဟိုဘဏ် ထပ်မံရောင်းချပေးမည် – Myanmar Transparency News Source link

NUG နှင့် K2C တို့၏ ဘုံသဘောတူညီချက်တွင် မြောက်ပိုင်းအဖွဲ့များ ပါဝင်ရေး စိန်ခေါ်ချက်ရှိနေ – Myanmar Now

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် K2C တို့ ပူးတွဲကြေညာထားသော ဘုံသဘောတူညီချက်တွင် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ရေး စိန်ခေါ်ချက်များရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ပြောသည်။ NUG အပါအဝင် ၎င်း၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်း အရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ခေါင်းဆောင်များသည် နိုဝင်ဘာ ၅ ရက် ညနေတွင် အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။ NUG နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စုပေါင်း၍ K2C ဟုလည်း အများက အလွယ်ခေါ်ကြသည်။ […]

ဝါးခယ်မတွင် ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အချိုးကျ ငွေတောင်း – Ayeyarwaddy Times

ဝါးခယ်မတွင် ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အချိုးကျ ငွေတောင်း – Ayeyarwaddy Times Source link