(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီထိုးစစ် တချို့ စတင် ၊ နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ နယ်မြေတွေ ယခုနှစ် ဇွန်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့ နောက်ပိုင်း စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ တချို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီဒေသက နယ်မြေအချို့ တို့ကို ပြန်လည်ရယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတဲ့ လက္ခဏာတွေ စတင်ဖြစ်ပွားလာတာတွေ တွေ့နေရပြီ ဖြစ်ပါတယ်။ ယခုရက်ပိုင်း အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ စစ်ကောင်စီတပ်တွေ မိုင်းရယ်-တန့်ယန်းဘက်မှာ အင်အားဖြည့်ပြီး ပြင်ဆင်နေကြတဲ့ လက္ခဏာ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေဘယ်ဒေသကမဆို လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ ပေးမသွားတော့တာ၊ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက MDY-PDF တွေ […]
ရန်ကုန်၊ နိုဝင်ဘာ ၂၁ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း က တာဝန်ယူဆောင်ရွက်သည့် မြန်မာ-တရုတ် ချစ်ကြည်ရေး ကျောင်းဆောင် ပြုပြင်မွမ်းမံ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လှိုင်သာ ယာ (အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပသည်။ ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး Ms.Ma Jia က မြန်မာ-တရုတ် ချစ်ကြည်ရေး ကျောင်းဆောင် ပြုပြင်မွမ်းမံ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ မှာ တရုတ်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်ပေါင်း ၂၃ ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ ပြီး လှိုင်သာယာမြို့နယ် အမှတ် (၁၄) […]
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄ ရွေးကောက်ပွဲ နဲ့ ပြည်တွင်းစစ် ကမ္ဘာ့နေရာ အချို့မှာလည်း ဒေသတွင်းစစ်ပွဲတွေက တဆင့် ကမ္ဘာစစ် ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ စစ်ပွဲဖြစ်လာရင် ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ အစီအစဥ်တွေ ကြိုတင်ပြင်ဆင်နေကြတဲ့အထိ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာစစ်နုတ်ခမ်းကို ပထမဆုံးအကြိမ် လျှောက်လှမ်းနေကြတဲ့ အနေအထားမျိုး ရောက်ရှိနေပါတယ်။ လက်နက်တွေ စစ်သည်တွေ ရွှေ့ပြောင်းနေရာချတာမျိုး အဆင့်မဟုတ်ပေမယ့် ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ စဥ်းစားမှု၊ ဖြစ်လာခဲ့ရင် ဘယ်လို အစီအစဥ်တွေ ချမှတ်ကြမလဲဆိုတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးချမှတ်တဲ့ နိုင်ငံတွေ အနောက်ဥရောပမှာ ရှိလာနေတာ ကြားနေရတာ ဖြစ်ပါတယ်။ ယူကရိန်း-ရုရှားစစ်ပွဲက ဥရောပကို စစ်မီးတောက် ပျံ့နှံ့စေမလား ၊ နောက် စစ်မီးပြန့်နှံ့နိုင်စေတဲ့ နေရာတနေရာဖြစ်တဲ့ အရှေ့အလယ်ပိုင်း […]
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄ ၂၀၂၄ အမေရိကန်အထွေထွေ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီခေါင်းဆောင် ထရန့်နဲ့ ပါတီဝင်အမတ်တွေ အများအပြားက အာဏာလက်ရှိ ဒီမိုကရက်ပါတီကို အနိုင်ရသွားပါတယ်။ သည်အတွက် ခုချိန်ထိ တတ်သိပညာရှင်တွေ မီဒီယာသမားတွေက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတုန်းပဲ။ သာဂိလည်း ခုထိ ရေးစရာတွေ အများကြီးပဲ။ ပတ်ဝန်းကျင်မှာ ပြောကြ ဆိုကြ မှတ်ချက်တွေ ပေးကြနဲ့။ ပထမ ပြောစရာကတော့ ဒီမိုတွေ ရှုံးတာပေါ့၊ အခြေခံလူတန်းစား၏ လက်တွေ့ခံစားချက်ကို ကိုယ်ချင်းမှ မစာတာကိုး ဆိုတာပါ။ သူတို့က ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ တိုင်းပြည်ထဲ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ တပြည်သားတွေအတွက် အခြေခံလူအများစုက စိုးရိမ်ပူပန်နေကြတာပါ။ နောက်တချက်က ပြည်တွင်းရေးမှာ အခုလို ပူပန်မှုတွေ ရှိနေတဲ့ကြားက အခြားတိုင်းပြည်တွေအတွက် (ယူကရိန်း၊ […]
(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၄ ရေကူးသန်တဲ့ ဇနကမင်း သရက်နှစ်ပင်မှာလည်း အမြင်သန်တယ်။ “ကင်းပသီးနှစ်၊ ပင်သနစ်မူ မာန်ယစ်ကြွားကြွား၊ ငါတကားဟု… ‘ ဒီကဗျာဆရာကလည်း အမြင်မှန်တယ်။ ရင်ပြင်တော်ပေါ်ရောက် ဘုရားနဲ့ မတွေ့ပေမယ့် ဘုရားကြိုဆိုရေးတွေ ညှိခဲ့တဲ့ ဖယောင်းတစ်တိုင် ငုတ်တုတ်ကြီး ကျန်ရစ်ခဲ့တယ်။ ငါ အားလုံး တော်လှန်နေတဲ့ကြား အသက်ရှင်ရေးအတွက် ပြားပြားကြီး ဝပ်နေရစ်ခဲ့တာ ရှက်တယ်။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link
ကတ္တမန္ဒူး၊ နိုဝင်ဘာ ၂၀ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် နီပေါကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel အား နီပေါတပ်မတော်ရုံးချုပ်၌ ဂါရဝပြု သွားရောက် တွေ့ဆုံခဲ့စဉ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ သင်တန်းသားများ စေလွှတ်ဆောင်ရွက်နေမှု အခြေအနေများ နှင့် ပတ်သက်၍ ရင်းနှီးစွာ ဆွေးနွေးခဲ့သည်။ တွေ့ဆုံမှုအပြီးတွင် နီပေါကာကွယ်ရေးဦးစီးချုပ်နှင့် သံအမတ်ကြီးတို့သည် အပြန်အလှန် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် နီပေါ Army Command and Staff College ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း […]
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၄ မြန်မာ့အရေးနဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲ၊ စစ်ရေး အင်အားချိန်ခွင်လျှာ အပြောင်းအလဲ၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သြဇာ သို့မဟုတ် ဖိအားပေးမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေဒေသ၊ အုပ်ချုပ်ရေး ထူထောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးတိမ်းရှောင်သူ၊ အရပ်သားသေဆုံးမှု၊ လက်နက်ကိုင် အဖွဲ့များ အချင်းချင်းအကြားက ဆက်ဆံရေး၊ လက်နက်ကိုင် အဖွဲ့များရဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းနဲ့ အကျိုးစီးပွား အစရှိတဲ့ သော့ချက် စကားလုံးတွေ က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအနာဂတ် ဘယ်လို ဖြစ်လာမလဲ ဘယ်လို ပုံဖော်ကြမလဲဆိုတဲ့ ကိစ္စရပ်တွေမှာ လွှမ်းမိုးနေတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဖက်ဒရယ် […]
(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄ “တင်မိုး” ဖွဲ့ဆို၊ ကဗျာတိုများ သံချိုသာမြ၊ ကာရန်လှနှင့် ဘဝသရုပ်၊ ဖော်ကာထုတ်ထား လင်္ကာများဖြစ်၊ ငါဖတ်သစ်ခဲ့ ကိုးဆယ့်တနှစ် မွေးနေ့၌။ ။ ကဗျာဆရာကြီးတင်မိုးဟာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ၉၁ နှစ်ပြည့်ပြီ။ ဒီနေ့ နိုဝင်ဘာ ၁၉ မှာ ၉၁ နှစ်ပေါ့။ ကျနော်ဟာ ဆရာတင်မိုးကို ငယ်စဉ် စာဖတ်တတ်စကတည်းက သိပါတယ်။ ကျောင်းသုံးစာအုပ်တွေထဲက သူ့ရဲ့ “အလှကိုယ်စီ” ကဗျာနဲ့ စတင်ရင်းနှီးလာရတယ်။ ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်။ မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်။ ဒါက သူ့ “အလှကိုယ်စီ” ကဗျာရဲ့ အစပိုဒ်ပါ။ ဆရာဟာ ကလေးကဗျာ၊ နိုင်ငံရေးကဗျာ၊ လူမှုပြုပြင်ရေးကဗျာ၊ ခရီးသွားကဗျာ စသဖြင့် […]
(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄ ရှင်ကျန်ဖို့ အပြင်းရုန်းစေတာလည်း သူ မသေ့တသေကို မသေစာရင်း သွင်းပေးတာလည်း သူ သေခြင်းကို သေသတင်း လွှင့်လိုက်တာလည်း သူ နာမည်အပျက်ခံပြီး ဖောက်ခွဲခဲ့တာလည်း သူ ။ ချန်ခဲ့ရရင်တောင် စားမဝင်ဖို့ အပုပ်ခံခဲ့တာ သူပဲ မဟုတ်လား ပုပ်လျက်ကြီးနဲ့ သူ့ခမျာ တလှေလုံးကို နောက်ဆုံးတိုင်ထိ ပုတ်နှိုးခဲ့တာပဲ မဟုတ်လား ။ မကဲ့ရဲ့သင့်ဘူး ကျေးဇူးကို တင်သင့်တာ မကဲ့ရဲ့ရဘူး ကျေးဇူးကို တင်နေရမှာ ။ Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia #WhatsHappeningInMyanmar Source link
(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုပြီး မအလက မီးပုံးပျံလွှတ်တော့ မူလစစ်ခွေး ရဲခွေးတင်မက နောက်မှ ခွေးဇာတ်သွင်းခံရတဲ့ ပျူခွေးတွေပါ အကုန်လန့်နေကြတယ်။ ကျွန်ဝယ်ရာ အဆစ်ပါမှာက နန်းတွေ။ ဟိုအကောင်က သူတို့ကို အကုန်ရင်းဖို့ တပ်လှန့်လိုက်တော့ မလန့်ခံနိုင်ရိုးလား။ သူတို့လဲ သူတို့ရဲ့လားရာကိုသိပြီဆိုတော့ ခေါင်းချင်းဆိုင်သူဆိုင်၊ အသံတိတ်ချိပ်ဆက်တာတွေလုပ်သူ လုပ်ကြရပြီပေါ့။ အင်း ထွက်ပေါက်သာလျက် အပြေးခက် လမ်းတွက်မဟုတ်ချေဆိုသလို ပြေးရဲဖို့ဘဲလိုသမို့လား။ ခွေးစကားယုံရင်တော့ ခွေးဖြစ်ပြီမို့ ခွေးသေဝက်သေ သေရုံဘဲရှိတော့မယ်၊ ရှေ့မှာလဲ သေသွားတာက အများကြီး။ ပင်လယ်လှိုင်းလို တော်လှန် ရေးကတော့ ရပ်မှာမဟုတ်၊ တလှိုင်းပြီးတလှိုင်းပုတ်တော့မှာ။ ပင်လယ်လှိုင်းဆိုတာ အမှိုက်မှန်သမျှ ပုတ်ထုတ်မှာလေ။ လဲ့ပြာကြည်စင်တဲ့ ရေပြင်ကိုဘဲ ဖန်တည်းတာ လှိုင်းရဲ့ဓမ္မ။ ဟိုအကောင်ကတော့ […]