ylliX - Online Advertising Network

နိုဝင်ဘာလ ၁၁ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ် – BUR.MIZZIMA.COM

တီဗွီ, ရုပ်သံသတင်းအစီအစဉ်  – မိတ္ထီလာ(ရှမ်းတဲ)လေတပ်နဲ့ ပြည်သာယာရဲစခန်းတို့ ဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရတဲ့ သတင်း -ကူးဆိပ်စခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်တဲ့သတင်း -ကနီမြို့နယ်မှာ ညမထွက်ရအမိန့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်တဲ့အကြောင်း – ထရမ့်အနိုင်ရတာက ကန်အတွက် မူဝါဒအမှားတွေကို ပြန်သုံးသပ်ဖို့ အခွင့်အရေးရသွားတာလို့ အီရန်ပြောတဲ့ အကြောင်းတွေအပါအ၀င် စိတ်ဝင်စားဖွယ်နဲ့  အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ Source link

ငါန်းဇွန်တွင် ဖျားနာ၍ တနှစ်​ကျော်က​လေးငယ် အပါ ၄ ဦးသေဆုံး၊ စစ်ရှောင် ၂၀၀ ​ကျော် ဖျား​နာ – BUR.MIZZIMA.COM

ပုံအညွှန်း-​​​သေဆုံးသွားသည့်က​လေးငယ်ပုံ ၊ ဓာတ်ပုံ- ပေးပို့ ဓါတု မဇ္ဈိမ။ ။  ငါန်းဇွန်တွင် စစ်ရှောင်နေကြရသူများ ဖျားနာနေပြီး ဆေးဝါးပြတ်လပ်ကာ ဆေးကုသမှု မခံယူရ၍ တနှစ်ကျော်ကလေးငယ်အပါ လေးဦး သေဆုံးသွားကြောင်း စစ်ရှောင်များထံက သိရသည်။ စစ်ကောင်စီ စစ်ကြောင်းထိုး၍ စစ်ရှောင်နေကြရသူများအနက် လက်ရှိတွင် ဖျားနာနေသူ ဦးရေမှာ ၂၀၀ ခန့် ရှိနေပြီး ဆေးဝါးမရှိ၍ ၎င်းတို့မှာ ဆေးဝါးကုသမှုမခံယူရကြောင်း သိရသည်။ “ဒီ​နေ့မနက် ၁နာရီကတနှစ်ခွဲ က​လေး​လေးတ​ယောက်ဆုံးသွားတယ်။ ကျွန်​တော်တို့​ရောက်လာချိန်မှာ​ ဆေးမမှီ​တော့ဘူး သူဖျား​နေတာ တပတ်​ကျော်​နေပြီ ​သူ့အ​ဖေ  ဦး​ပေါမြကလည်းလွန်ခဲ့တဲ့ ​​၁ရက်​နေ့ကပဲ အဲဒီလိုအ​အေးပတ်ပြီးဆုံးတာ။ စစ်ရှောင်တွေ ရာသီတုပ်​ကွေး​ဝေဒနာခံစား​နေရတယ်”ဟု စစ်​ဘေး​ရှောင် ကူညီကယ်ဆယ်သူ ကိုရာဇာက မဇ္စျိမကို​ပြောသည်။ ကျန်းမာ​ရေးဝန်ထမ်းများ၊ ဆရာဝန်များမှာ စစ်ကိုင်း​ဒေဒေသတွင်သာရှပြီး လမ်းခရီးနယ်​မြေအခက်အခဲ​ကြောင့် သွား​ရောက်ကုသရန်အဆင်မ​ပြေ​ကြောင်း၎င်းကဆိုသည်။ ငါန်းမြာကြီး​​ကျေးရွာ အပြင် […]

စစ်ကောင်စီကို အရေးယူမည့် ဆုံးဖြတ်ချက်တရပ် ILO အုပ်ချုပ်မှုကော်မတီ အတည်ပြု – BUR.MIZZIMA.COM

Photos – CTUM Myanmar 001 (မဇ္ဈိမ) ။ ။ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူမည့် အတည်ပြုချက်တရပ်ကို ILO အုပ်ချုပ်မှုကော်မတီ၏ နိုဝင်ဘာလ ၆ ရက်နေ့ အစည်းအဝေးတွင် ချမှတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို (ILO) ဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပခဲ့သည်။ ယခုအတည်ပြုချက်က ၂၀၂၅ နှစ်လယ်တွင် ပြုလုပ်မည့် အဖွဲ့ချုပ်ညီလာခံတွင် စစ်ကောာင်စီကို အရေးယူဖို့ ဆုံးဖြတ်ချက်ချရန် ညွှန်ကြားချက်ပေးလိုက်ခြင်းဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။ “လာမယ့် […]

ထောင် ၅ နှစ်ကျခဲ့သည့် ​တရုတ်လူ့အခွင့်အရေးရှေ့နေ ပြန်လွတ် – BUR.MIZZIMA.COM

The Print:- တရုတ်လူ့အခွင့်အရေးရှေ့နေ ကျင်းယောင်ဖေးသည် ထောင်ဒဏ်ငါးနှစ် ကျခံပြီးနောက် ထောင်က လွတ်လာပြီဖြစ်ပြီး တရုတ်နိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်သော ကွမ်ရှီးပြည်နယ်ရှိ နန်နင်းမြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ အောက်တိုဘာ ၃၁ ရက်နေ့တွင် ၎င်း ပြန်လည်လွတ်မြောက်လာခြင်းသည် တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေးကို ကာကွယ်ရန် ၎င်း၏ ဥပဒေရေးရာ ဆောင်ရွက်ချက်များကို ပစ်မှတ်ထားသည့် လုပ်ရပ်အဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူများက ရှုမြင်ထားသည့် ပြစ်ဒဏ်ချမှတ်မှု အဆုံးသတ်သွားခြင်းဖြစ်သည်။ “လူ့အခွင့်အရေးရှေ့နေ ကျင်းယောင်ဖေးသည် ထောင်ဒဏ်ငါးနှစ်ကျခံပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထောင်မှ ပြန်လွတ်လာပြီး ကွမ်ရှီးပြည်နယ်၊ နန်နင်း​မြို့ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကျင်းယောင်ဖေးသည် ထင်ရှားသော လူ့အခွင့်အရေးရှေ့နေတဦးဖြစ်ပြီး ၎င်းအား ထောင်ချခြင်းသည် ၎င်း၏ ငြိမ်းချမ်းသော တရားဝင် လူ့အခွင့်အရေး လုပ်ဆောင်ချက်များကို […]

လက်သစ်အာဏာရှင်ရဲ့ တရုတ်ခရီးစဉ်အပေါ် အကဲခတ်တွေ ဘယ်လိုရူမြင်ပါသလဲ (ရုပ်သံ) – BUR.MIZZIMA.COM

MTO လက်သစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်းရဲ့ ဖိတ်ခေါ်မှုကြောင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို နိုဝင်ဘာလ ၅ ရက် မနက်အစောပိုင်းက ထွက်ခွာသွားပါတယ်။ ဒီခရီးစဉ်အတွင်း (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်သွားဖို့ ရှိနေပြီး တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ တကျော့ပြန်အာဏာသိမ်းမှုကာ လေးနှစ်နီးပါးအတွင်း […]

တရုတ်တွင် ထိမ်းမြားလက်ထပ်မှု အရေအတွက် ကျဆင်း – BUR.MIZZIMA.COM

Reuters တရုတ် အစိုးရသည် လူဦးရေ လျော့နည်းကျဆင်းလာမှုကို မြှင့်တင်ရန် မူဝါဒအချို့ ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်း ထိမ်းမြားလက်ထပ်ခြင်း မှတ်ပုံတင်မှု အရေအတွက် ကျဆင်းသွားကြောင်း လူမှုရေးရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။ ယခုနှစ် ပထမသုံးလပတ်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် စုံတွဲပေါင်း ၄ ဒသမ ၇၄၇ သန်း က ထိမ်းမြားလက်ထပ်ရန် စာရင်းသွင်းခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။ အဆိုပါ အချက်အလက်အရ ယခင်နှစ်များထက် ၉၄၃,၀၀၀ လျော့ကျသွားကြောင်း Reuters သတင်းဌာနမှ တွက်ချက်ဖော်ပြသည်။ တရုတ်အစိုးရ က နောက်ဆုံးရရှိသော အချက်အလက်များကို နိုဝင်ဘာ ၁ တွင် ထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်မှု အရေအတွက် သန်း […]

အနုပညာကြေးမယူဘဲ NUG မှတဆင့်လှူဒါန်းမည့် ဖြူဖြူကျော်သိန်း၏ တကိုယ်တော်ဂီတပွဲ – BUR.MIZZIMA.COM

ပုံအညွှန်း-Phyu Phyu In London” ဂီတပွဲတွင် ဖြူဖြူကျော်သိန်းနှင့် The Federal Music Bandတို့ ဖျော်ဖြေနေစဉ် ဓာတ်ပုံ- Myanmar Event In UK ငုခတ္တာ မဇ္ဈိမ။ ။ အဆိုတော် ဖြူဖြူကျော်သိန်းသည် လန်ဒန်မြို့၌ ကျင်းပမည့် “Phyu Phyu In London” တကိုယ်တော်ဂီတပွဲတွင် ရရှိမည့်ဝင်ငွေအားလုံးကို အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေသည့်နေရာများကို လှူဒါန်းသွားရန် စီစဥ်ထားကြောင်း ပွဲစီစဥ်သူ ဒေါက်တာသက်ကိုကိုထံမှ သိရသည်။ “မဖြူဖြူကျော်သိန်းရဲ့Military Coup အပြီးမှာ ပထမဦးဆုံးလုပ်တဲ့ပွဲဖြစ်တယ်၊ UK Historyမှာလည်း ကျတော်တို့အနေနဲ့ အကြီးမားဆုံး stage show ကြီးဖြစ်သလို ကျတော်တို့ တော်လှန်ရေးအတွက် ဒါဟာအရမ်းကို အရေးကြီးတဲ့ […]

တိုက်ပွဲပြင်းထန်နေသည့်အမ်းမြို့တွင် ဌာန၃ခုမှအရာရှိနှင့်ဝန်ထမ်းများထွက်ခွာခွင့် စစ်ကောင်စီပိတ် – BUR.MIZZIMA.COM

ပုံအညွှန်း-စစ်ကောင်စီခေါင်းဆောင်နှင့်ဌာနဆိုင်ရာများ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်က တွေ့ဆုံစဉ် ဓါတု တိုက်ပွဲပြင်းထန်​နေသည့် အမ်းမြို့တွင် လူဝင်မှုကြီးကြပ်​ရေး(လဝက)နှင့်အထွေ​ထွေအုပ်ချုပ်​ရေးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့အရာရှိနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မြို့မှထွက်ခွင့်မ​​ပေး​​​ကြောင်းနီးစပ်သူများထံကသိရသည်။ တရား​ရေး၊စားသုံးသူ​ရေးရာ၊အခွန်ဦးစီးဌာန၊စာရင်းစစ်နှင့် ပညာရေးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် ထွက်ခွာခွင့်ပြုခဲ့သော်လည်း အထက်ပါ ဌာနသုံးခုမှ တာဝန်ရှိသူများကို နေရပ်ပြန်ခွင့်မပြုခြင်းဟု ဆိုသည်။ “သူတို့ကို ထွက်ခွင့်မ​ပေးတဲ့အပြင် ခွင့်တင်လည်းမရဘူး”ဟု အမ်းမြို့မှ ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးကမဇ္စျိမကို​ပြောသည်။ ပြီးခဲ့သည့် ​အောက်တိုဘာလလယ်ပိုင်းကလည်း အဆိုပါဌာနများမှ အရာရှိတဦးနှင့်ဝန်ထမ်းအချို့သည် ​တောလမ်းမှ ထွက်​ပြေးတိမ်း​ရှောင်​ရန်ကြိုးပမ်းခဲ့​သော်လည်းတိုက်ပွဲပြင်းထန်မှု​ကြောင့် လှည့်ပြန်ခဲ့ရ​ကြောင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၏ မိသားစုဝင်များထံမှသိရသည်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးနှင့်အ​ထွေ​ထွေအုပ်ချုပ်​​ရေးမှူးသည် လက်ရှိတွင်တပ်မိသားစုဝင်များ၊အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးနှင့်နီးစပ်သည့်​ဒေသခံများကို မြို့မှထွက်ခွာခွင့်​ပေးပြီး သာမာန်အရပ်သားများကိုထွက်ခွင့်မ​ပေး​​​ကြောင်း သတင်းရရှိသည်။ “​​ထွေအုပ်တို့နဲ့ နီးစပ်တဲ့ ပိုက်ဆံချမ်းသာတဲ့သူ​တွေကျထွက်ခွင့်ရတာကြာလှပြီ။ ထွေအုပ်ဆီခရီးသွားလာခွင့်တင်ထားတာကြာပြီ မကျ​သေးဘူး။ ​​မေ့​မေ့​ပျောက်​ပျောက်လိုပုံစံလုပ်ပြ​နေတာ။ ​အခုကျ AA ကလမ်းပိတ်ဆို့ထားလို့ မသွားခိုင်းတဲ့စကားမျိူး​ပြောလာတယ်”ဟုအမ်းမြို့သစ်​ဒေသခံတဦးကမဇ္စျိမကို​ပြောသည်။ လက်ရှိအမ်းမြို့​ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် […]

ကြို့ပင်ကောက်၌ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး – BUR.MIZZIMA.COM

ပုံအညွှန်း − ပဲခူးရိုးမအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်များ။ ရွှေနွယ် မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းသည် အမျိုးသမီး ကိုးဦးအပါအဝင် ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း စစ်ရှောင်နေကြရကြောင်း စစ်ရှောင်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက မဇ္ဈိမကိုပြောသည်။ အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်နေ့က ကြို့ပင်ကောက်မြို့ သင်္ခရိုင်ကျေးရွာသို့ ဝင်ရောက်ကာ၊ ရွာရှိ ပရဟိတမိဘမဲ့ကလေးကျောင်းသို့ ဝင်ရောက်အထိုင်ချခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတဦးနှင့် သင်္ခရိုင်ရွာသားတဦးတို့က မဇ္ဈိမကိုပြောသည်။ “ရွာထဲကသူတွေ သူတို့ကိုတွေ့လို့​ ထွက်ပြေးတဲ့သူတွေကို ဖမ်းသွားတယ်။ အယောက် ၂၀ ကျော်လောက်ပါသွားတယ်။ […]

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အလွန် စစ်ကောင်စီရဲ့ ထိန်းချုပ်မြို့တွေ လက်လွှတ်ရအုံးမလား (ဆောင်းပါး) – BUR.MIZZIMA.COM

တရုတ်နယ်စပ်နားက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာတနှစ်ပြည့်ပြီးဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေ နယ်မြေတွေ ဘာတခုမှပြန်မသိမ်းနိုင်ဘဲ လေကြောင်းကနေသာ အရပ်သား ပစ်မှတ်တွေကိုသာ ဗုံးကျဲဖျက်ဆီးတဲ့ အဆင့်ကတက်မလာတာတွေကို တွေ့ရပါတယ်။ လောလော လတ်လတ် အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ မြောက်ပိုင်းမဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက် ခဲ့ပါတယ်။ ကိုးကန့်အထူး ဒေသရဲ့ မြို့တော်လောက်ကိုင်မြို့က စွမ်းဖုန်ချိန်ဧရိယာမှာ ဗုံးသုံးလုံးထက် မနည်းကျဲချခဲ့တာဖြစ်ပြီး ဟိုတယ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကာ အရပ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုးကန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။အဲဒီလိုပဲ TNLA ထိန်းချုပ် ဒေသဖြစ်တဲ့ နမ့်ခမ်းမှာလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးတွေကျဲတာတွေလုပ်ခဲ့ပါတယ်။ […]