ylliX - Online Advertising Network

ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ – Western News

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ၍ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်ခရီးသွား ၅ ဦးမှာ တရားဝင် ပါ့စ်ပို့နှင့် ဗီဇာများရှိနေပြီး ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေကို သွားရန် စီစဉ်ခဲ့သော်လည်း မဲဆောက်နယ်စပ်သို့ လူကုန်ကူးခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ၎င်းတို့ ၅ ဦးနှင့် လူကုန်ကူးသူများကို တက်ခ်-မဲဆောက် လမ်းပေါ်ရှိ Haui Hin လုံခြုံရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် တရုတ်ခရီးသွားများမှာ လမ်းကြောင်းပြောင်းသွားသည်ကို သိလိုက်သောအခါ တုန်လှုပ်ခြောက်ခြားသွားကြောင်း တရုတ်စကားပြန်ထံမှ သိရသည်။ “တရုတ်လူမျိုး ၅ ဦးဟာ ပတ္တရားကမ်းခြေကို ခရီးသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ မြ၀တီမှာ ငွေကြေးလိမ်လည်ခြင်းပြုလုပ်တဲ့ call center တစ်ခုမှာ […]

အမ်း – ပဒါန်းလမ်းတွင် တိုက်ပွဲဖြစ်၊ သေဆုံးသူများထဲတွင် အရပ်သား ၂ ဦး ပါဝင် – Myanmar Now

ရခိုင်ပြည်နယ်သို့ စစ်ကူပို့သည့် လမ်းကြောင်းဖြစ်သော မကွေးတိုင်း ၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခု နိုဝင်ဘာ ၅ ရက်က တိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးကြောင်း သိရသည်။ နာရီဝက်နီးပါး ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးသူတို့မှာ  ကုန်စိမ်းရောင်းသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု  လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA)  စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။ “သေဆုံးသွားတဲ့အထဲမှာ တစ်ယောက်ကတော့ ဒေသခံမဟုတ်ဘူး။ ကုန်စိမ်းရောင်းတဲ့အမျိုးသမီး တစ်ဦး လို့ သိထားရတယ်။  နောက်တစ်ယောက်ကတော့ အနီးအနားက ဒေသခံ ရွာသား တစ်ယောက် ဖြစ်တယ်။ သူက တိုက်ပွဲအပြီးမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဖြတ်အသွားမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်” ဟု […]

ပုလဲတွင် ကထိန်အလှူကိုစစ်တပ်ဗုံးကြဲ၊  ၄ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ  – Myanmar Now

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၅) ညနေက ကထိန်အလှူပွဲတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရပြီး သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ၄ ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။  ပုလဲမြို့နယ်အနောက်ဘက် တောင်ပေါ်ရှိ ကထိန်ပွဲကျင်းပနေသည့် အိုင်းမရွာကို ညနေ ၃ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် စစ်လေယာဉ်ဖြင့် ဗုံးသီး အကြီး ၃ လုံး၊ ဗုံးသီးအသေး ၂၀ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် ဒေါ်လုံးခင် နှင့် အသက် ၄၀ အရွယ် ဦးအောင်ဌေးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် မဇာဇာခိုင်မှာ […]

MNDAA အကြမ်းဖက်သောင်းကျန်းသူများက နမ့်လန်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ နိုဝင်ဘာ ၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများအတွင်းသို့ ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များအား နမ့်လန်မြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့်တာဝန်ရှိသူများက လိုအပ်သည်များသွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသည့် […]

ဖာပွန် တိုက်ခိုက်မှုတွင် စစ်သား ၁၇ ဦး တော်လှန်ရေးတပ်များထံ လက်နက်ချ – Myanmar Now

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်အတွင်းရှိ ခေါပုတ်စစ်စခန်းမှ ဆုတ်ခွာသွားသည့်  စစ်ကောင်စီတပ်များကို ကရင်လက်နက်ကိုင်တပ် KNU ဦးဆောင်သည့်  တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့(နိုဝင်ဘာ၃)တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံး၊ ၁၇ ဦး အရှင်ဖမ်းမိသည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။  စစ်သားများသည် စခန်းကိုစွန့်ခွာပြီးနောက် မြို့တောင်ဘက်ရှိ အခြေချစစ်ဗျူဟာသို့ ဆုတ်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းများကဆိုသည်။ သုံ့ပန်းများအနက် တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးသုံးဦးလည်းပါဝင်သည်ဟု ယင်းတိုက်ပွဲတွင်ပါဝင်သည့်  ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။ တော်လှန်ရေးတပ်များသည်  ဖာပွန်ရှိစစ်စခန်းများကို လနှင့်ချီကြာပိတ်ဆို့ထားပြီး စခန်းသိမ်းတိုက်ပွဲများ  ဆင်နွှဲနေကြောင်း၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း  ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။ BPLA က ထုတ်ပြန်ခဲ့သည့် သုံ့ပန်း ရရှိမှု   ရုပ်သံမှတ်တမ်းတွင်  ဒဏ်ရာရ […]

ထားဝယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၅ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

အောက်တိုဘာလ ၂၉ ရက်နေ့၌ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ထိခိုက်ကျဆုံးခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၅ ဦး သေဆုံးခဲ့တယ်ဆိုပြီး အရှက်မဲ့စွာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။ Related Source link

ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၄) ဦးအပါအဝင် (၆၀) ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏တပ်တွင် အထက်အောက်မညီမျှမှုများ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများ၊ မြေပြင်အခြေအနေနှင့်မကိုက်ညီသည့် မတရားသည့် အမိန့်များကို လွန်ဆန်ပြီး ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်ပြီး ဗိုလ်ကြီး (၄) ဦးနှင့်အတူ ကောင်စီလက်အောက်ခံ (၆၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦးနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ […]

ဟားခါးတွင် စခန်းကုန်းတစ်ခုသိမ်းစဉ် ဗိုလ်မှူး အပါအဝင် ၄ ဦး အရှင်မိ  – Myanmar Now

ချင်းပြည်နယ်၊ မြို့တော်ဟားခါးရှိ စစ်ကောင်စီစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၄ ဦးသုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး အဖွဲ့များထံမှ သိရသည်။  ဟားခါးနှင့်ထန်တလန်ကြား Kiamtlang တောင်ပေါ်ရှိ အင်အား ၁၅ ဦးခန့် ရှိသည့် ထိုစခန်းကို အောက်တို ဘာ ၂၈ ရက်၊ နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ် ရေးအဖွဲ့ -ဟားခါး (CDF Hakha) တို့ ဝင်ရောက်တိုက်ခိုက်ပြီး နာရီဝက်အကြာတွင် တိုက်ပွဲပြီးဆုံးခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကာ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး၊ ပြည်သူ့စစ်သင်တန်းဆင်း တပ်သားသစ်တစ်ဦးအပါအဝင် […]

မြန်မာနိုင်ငံအတွင်း လူကုန်ကူးခံထားရသူ ၁၁၀ ဦး လွတ်မြောက်ရေး ထိုင်းရဲတပ်ဖွဲ့ ကြိုးပမ်းနေ

မြန်မာနိုင်ငံအတွင်း လူကုန်ကူးခံထားရသူ ၁၁၀ ဦး လွတ်မြောက်ရေး ထိုင်းရဲတပ်ဖွဲ့ ကြိုးပမ်းနေ – Myanmar Transparency News Source link

အာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်လာ

နိုင်ငံတကာအာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ် ပြန်လည်သက်ဆင်းလာနိုင်ခဲ့ပါပြီ။ နာဆာရဲ့ Crew 8 Mission အရ မက်သရူးဒိုမီနစ်၊ မိုက်ကယ်ဘားရက်၊ ဂျင်းနက်အက်၊ ဂရီဘန်ကင်တို့ဟာ ပြီးခဲ့တဲ့မတ်လတုန်းက SpaceX ကုမ္ပဏီရဲ့ Dragon capsule လွန်းပျံယာဉ်နဲ့အတူ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိခဲ့ကြတာပါ။ လွန်းပျံယာဉ်တံခါးပေါက်မှာ အက်ကြောင်းထင်လာတဲ့ ဖြစ်ရပ်ကြောင့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံမှုတွေ လုပ်ခဲ့ရပြီး နိုင်ငံတကာအာကာသစခန်းမှာ အချိန်ကြာကြာ နေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လက သူတို့လေးယောက်ကို ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ဖို့ Boeing ကုမ္ပဏီရဲ့ Starliner လွန်းပျံယာဉ်ကို အာကာသထဲ လွှတ်တင်ခဲ့ပေမဲ့ ချွတ်ယွင်းမှု၊ လုံခြုံရေးစိတ်မချရမှုတွေကြောင့် ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်ခဲ့ရပြီး အာကာသယာဉ်မှူး လေးဦးဟာလည်း နိုင်ငံတကာအာကာသစခန်းမှာ ဆက်နေခဲ့ရတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ […]