နိုင်ငံတကာအာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ် ပြန်လည်သက်ဆင်းလာနိုင်ခဲ့ပါပြီ။ နာဆာရဲ့ Crew 8 Mission အရ မက်သရူးဒိုမီနစ်၊ မိုက်ကယ်ဘားရက်၊ ဂျင်းနက်အက်၊ ဂရီဘန်ကင်တို့ဟာ ပြီးခဲ့တဲ့မတ်လတုန်းက SpaceX ကုမ္ပဏီရဲ့ Dragon capsule လွန်းပျံယာဉ်နဲ့အတူ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိခဲ့ကြတာပါ။
လွန်းပျံယာဉ်တံခါးပေါက်မှာ အက်ကြောင်းထင်လာတဲ့ ဖြစ်ရပ်ကြောင့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံမှုတွေ လုပ်ခဲ့ရပြီး နိုင်ငံတကာအာကာသစခန်းမှာ အချိန်ကြာကြာ နေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လက သူတို့လေးယောက်ကို ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ဖို့ Boeing ကုမ္ပဏီရဲ့ Starliner လွန်းပျံယာဉ်ကို အာကာသထဲ လွှတ်တင်ခဲ့ပေမဲ့ ချွတ်ယွင်းမှု၊ လုံခြုံရေးစိတ်မချရမှုတွေကြောင့် ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်ခဲ့ရပြီး အာကာသယာဉ်မှူး လေးဦးဟာလည်း နိုင်ငံတကာအာကာသစခန်းမှာ ဆက်နေခဲ့ရတာပါ။
ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ SpaceX ရဲ့ လွန်းပျံယာဉ်က သူတို့လေးဦးကို ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး မက္ကဆီကိုပင်လယ်ကွေ့ဆီ လေထီးနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်။ အမည်မဖော်တဲ့ အာကာသယာဉ်မှူးတစ်ဦးကတော့ ဖော်ပြခြင်းမရှိတဲ့ ဒဏ်ရာကြောင့် ဆေးရုံတက်ခဲ့ရပြီး ကျန်အာကာသယာဉ်မှူး ၃ ဦးကတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာရှိတဲ့ ဂျွန်ဆင်အာကာသစင်တာကို သွားရောက်ခဲ့ကြပါတယ်။
အာကာသယာဉ်မှူးတွေဟာ ဖိအားကင်းမဲ့တဲ့ နိုင်ငံတကာအာကာသစခန်းမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြတာဖြစ်လို့ ကမ္ဘာမြေဆွဲအားနဲ့ ကျင့်သားရအောင် အချိန်တော်တော်ယူရမယ်လို့ ဆိုပါတယ်။
Ref: Four Astronauts Returned to Earth After Unexpected 8 Months Stuck in Space
NZ ( ရိုးရာလေး)
Post Views: 161