ylliX - Online Advertising Network

ဗြိတိန်ဝန်ကြီးချုပ် ၂ ဦး နေထိုင်ခဲ့သော နေအိမ် ပေါင် ၆,၅၀၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ – iMyanmarHouse.com

လန်ဒန်မြို့၊ Mayfair အရပ်သို့ ရောက်လျှင် ၁၈၀၀ ပြည့်လွန်နှောင်းပိုင်းကာလများက ဗြိတိန်ဝန်ကြီးချုပ် ဆာ ဝင်စတန်ချာချီ ကြီးပြင်းခဲ့သော နေအိမ်ကို တွေ့နိုင်သည်။ ယခုအခါ အဆိုပါနေအိမ် ပေါင် ၆ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ လန်ဒန်မြို့ ပျမ်းမျှအိမ်ဈေးထက် ၁၀ ဆခန့် ဈေးကြီးနေသည်။ Zoopla မှ အချက်အလက်များအရ လန်ဒန်မြို့၏ လက်ရှိ ပျမ်းမျှအိမ်ဈေးမှာ ပေါင် ၆၈၇၀၄၆ ဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ Lord Randolph Churchill သည် ယခုအိမ်ကို ၁၈၇၄ ခုနှစ်၊ ဇန်နဝါရီမှ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ငှားရမ်းနေထိုင်ခဲ့သည်။ ဝင်စတန်ချာချီသည် အောက်စ်ဖို့ရှိုင်းယားခရိုင်၊ Woodstock တွင် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း Mayfair မှ အိမ်မှာ […]

ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ရန် ရောက်ရှိပြီး ၂ ရက်သာရှိသေးသည့် မြန်မာများ အရက်သောက်ရန်ဖြစ်၍ အတိုင်ခံရ၊ ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ တရားမဝင်မြန်မာအလုပ်သမား ၁၁၀ ဦး အဖမ်းခံလိုက်ရ

ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ရန် ရောက်ရှိပြီး ၂ ရက်သာရှိသေးသည့် မြန်မာများ အရက်သောက်ရန်ဖြစ်၍ အတိုင်ခံရ၊ ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ တရားမဝင်မြန်မာအလုပ်သမား ၁၁၀ ဦး အဖမ်းခံလိုက်ရ – Myanmar Transparency News Source link

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ရခိုင်မှာ နိုဝင်ဘာလအတွင်း ၂၀ ဦး သေဆုံး – Western News

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ သေနတ်ပစ်ခတ်မှုတို့ကြောင့် ရခိုင်ပြည်မှာ ယခု နိုဝင်ဘာလအတွင်း သေဆုံးသူ ၂၀ ဦးအထိရှိကြောင်းကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။ နိုဝင်ဘာလ ၁ ရက်ကနေ ၂၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားပြီး သေဆုံးသူများထဲတွင် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၁ ဦးပါဝင်ကြောင်းနှင့် ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၆ ဦးပါဝင်ကြောင်း သိရသည်။ သေဆုံးသူ ၂၀ ဦးထဲက ၁၉ ဦးမှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသလို ကျန် ၁ ဦးမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု AAPP […]

ပေါက်မြို့နယ်တွင် အဖမ်းခံထားရသည့် PDF ၅ ဦး ထွက်ပြေးလွတ်မြောက် – Myanmar Now

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းတွင် လနှင့်ချီ ဖမ်းဆီးခံထားရသည့် တော်လှန်ရေးတပ်သား ငါးဦးသည် ယမန်နေ့ (နိုဝင်ဘာ ၂၅)  နံနက်ပိုင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ပေါက်မြို့နယ်အရှေ့ဘက် ၁၃ မိုင်အကွာရှိ အဆိုပါရဲစခန်းမှ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် ၎င်းတို့တပ်ဖွဲ့ဝင် အမျိုးသားသုံးဦး ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ တပ်ဖွဲ့ဝင်သုံးဦးသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က လုပ်ငန်းတာဝန်ဖြင့် ခရီးသွားစဉ် လမ်းမှားကာ ရေပြာရဲစခန်းရှေ့ ရောက်သွားခဲ့ပြီးနောက် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ကျန်နှစ်ဦးသည် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး လအတန်ကြာကပင် ထိုရဲစခန်းတွင် ချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း ၎င်းက ပြောသည်။ […]

ပေါက်နယ် ရေပြာရဲစခန်းတွင် ဖမ်းခံထားရသည့် PDF ရဲဘော် ၅ ဦး ထွက်ပြေးလွတ်မြောက် – Ayeyarwaddy Times

ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၂၆ ရက် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ငါးဦးမှာ အချုပ်ခန်းဖောက်၍ ထွက်ပြေးကြရာ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေပြာရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် PDF ရဲဘော် အမျိုးသမီးအပါအဝင် ငါးဦးမှာ အချုပ်ခန်းကိုဖောက်၍ ထွက်ပြေးကြရာ လွတ်မြောက်၍ တော်လှန် ရေးတပ်ဖွဲ့များထံ ရောက်ရှိပြီဖြစ်ကြောင်း ပေါက်မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပေါက်-ပကဖ)ထံမှ သိရသည်။ ထွက်ပြေးလွတ်မြောက်လာသူများမှာ ပခုက္ကူခရိုင်အမှတ် ၁၆ တပ်ရင်းမှ PDF ရဲဘော်သုံးဦး၊ အခြားဒေသ LPDF အဖွဲ့မှ အမျိုးသမီး ရဲဘော်တစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦး စုစုပေါင်း ငါး ဦး ဖြစ်ကြောင်း သိရသည်။ “အချုပ်ရဲ့ […]

အီဂျစ်၊ ပင်လယ်နီကမ်းရိုးတန်းမှာ ကမ္ဘာလှည့်ခရီးသွားတွေပါဝင်တဲ့ ဇိမ်ခံသင်္ဘော နစ်မြုပ်မှုကြောင့် လူ ၁၆ ဦး ပျောက်ဆုံးနေ

အီဂျစ်၊ ပင်လယ်နီကမ်းရိုးတန်းမှာ ကမ္ဘာလှည့်ခရီးသွားတွေပါဝင်တဲ့ ဇိမ်ခံသင်္ဘော နစ်မြုပ်မှုကြောင့် လူ ၁၆ ဦး ပျောက်ဆုံးနေ – Myanmar Transparency News Source link

မကွေးတိုင်းတွင် စစ်တပ်နှင့်တိုးသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံရ – Myanmar Now

မကွေးတိုင်းအတွင်း ခရီးသွားနေသည့်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တချို့ ယခုလအတွင်း စစ်တပ်နှင့်ထိပ်တိုက်တွေ့ပြီး သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။  “ သရက်ခရိုင် တပ်ရင်း (၁) က ရဲဘော်တွေပဲ။ ၆ ယောက်မှာ တစ်ယောက်က အဖမ်းခံရ။ ၅ ယောက်က ကျဆုံးပေါ့ အဲ့လိုဖြစ်သွားတယ်” ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။  မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်ကြစဉ် တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦး ဖမ်းဆီးခံရသည်။   ထိုပစ်ခတ်မှုတွင် လွတ်မြောက်လာသူ ၄ ဦးမှာ ဆက်လက် ခရီးထွက်လာရာ နှစ်ပတ်အကြာ နိုဝင်ဘာ ၁၇ ရက်နေ့က မြို့သစ်မြို့မှ မိုင် ၂၀ကျော်ခန့်အကွာတွင် စစ်တပ်နှင့် ထပ်တွေ့ကြသည်ဟု ဆိုသည်။ တောင်တွင်းကြီးမြို့နယ်၊ […]

ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့များ ဗုံးကြဲခံရ၊ အရပ်သား ၃ ဦး သေဆုံး – Myanmar Now

တအာင်းတပ် (TNLA)  ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တို့ကို ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် လေတပ်က ဗုံးကြဲရာ ကလေးတစ်ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရ ရှိသွားကြောင်း ဒေသခံများနှင့် TNLA ထံမှ သိရသည်။ ယမန်နေ့ ည ၁၁း၄၇ အချိန်တွင်  ကွတ်ခိုင်မြို့ပေါ်  ရပ်ကွက်(၄)ကို ဗုံးကြဲခြင်း ဖြစ်သည်ဟု TNLA က ဆိုသည်။  ထိုရပ်ကွက်ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်းအနီး ဗုံး ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်များ၊ ဆိုင်ခန်းတံခါးများ ပျက်စီးခဲ့သည်ဟု ဒေသခံများကလည်း ပြောကြသည်။ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးခန့် […]

မိုးညှင်းမြို့ စားသောက်ဆိုင်တွင် ရှမ်းနီတပ် ရှိနေစဉ် ပစ်ခတ်မှုဖြစ်၊ ၁၀ ဦး သေဆုံး – Myanmar Now

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းပေါ်ရှိ စားသောက်ဆိုင်တွင် ရှမ်းနီအမျိုးသားများ ကာကွယ်ရေးတပ်(SNA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး  သေဆုံးသူ ၁၀ ဦးရှိသည်ဟု သိရသည်။ ထန်းတစ်ပင်ရွာရှိ ကြည်နူးရိပ် စားသောက်ဆိုင် ပစ်ခတ်မှုတွင် SNA တပ်ဖွဲ့ဝင် ၆ ဦး၊  လုပ်ငန်းရှင်အမျိုးသားတစ်ဦး၊ ဆိုင်မန်နေဂျာ၊ နယ်ထိန်းရဲ တစ်ဦး၊  KPDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု   ဒေသခံအမျိုးသားက ပြောသည်။ “ရှမ်းနီးတွေ၊ ရဲနဲ့ လုပ်ငန်းရှင်တွေနေတဲ့ KTV ကို ဝင်ပစ်တာ၊ ဝင်ပစ်တဲ့အခါမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ။ ပစ်ကြတာမှာ အဲဒီ SNA နဲ့ ရဲတွေနဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်းက ၉ ယောက် သေတယ်၊ […]

ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ – Western News

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ၍ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်ခရီးသွား ၅ ဦးမှာ တရားဝင် ပါ့စ်ပို့နှင့် ဗီဇာများရှိနေပြီး ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေကို သွားရန် စီစဉ်ခဲ့သော်လည်း မဲဆောက်နယ်စပ်သို့ လူကုန်ကူးခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ၎င်းတို့ ၅ ဦးနှင့် လူကုန်ကူးသူများကို တက်ခ်-မဲဆောက် လမ်းပေါ်ရှိ Haui Hin လုံခြုံရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် တရုတ်ခရီးသွားများမှာ လမ်းကြောင်းပြောင်းသွားသည်ကို သိလိုက်သောအခါ တုန်လှုပ်ခြောက်ခြားသွားကြောင်း တရုတ်စကားပြန်ထံမှ သိရသည်။ “တရုတ်လူမျိုး ၅ ဦးဟာ ပတ္တရားကမ်းခြေကို ခရီးသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ မြ၀တီမှာ ငွေကြေးလိမ်လည်ခြင်းပြုလုပ်တဲ့ call center တစ်ခုမှာ […]