Skip to content ဇူဇူဟာ ဇနီးသည် အပေါ် တော်တော် ရိုတယ်လို့ ပြောရမှာပါ။ သူဟာ ဇနီးသည်ပုံတူ ရုပ်တုကို ဖန်တီးပေးခဲ့သလို ဇနီးအတွက် ကမ္ဘာမှာ တစ်စီးထဲရှိတဲ့ ကားကို ပြုလုပ်ပေးခဲ့ပါတယ်။ အခုလည်း သူက ဇနီးအတွက် သီချင်း တစ်ပုဒ်ကို ဖန်တီးသီဆိုခဲ့ပါတယ်။ ဇူဇူက “ ကျွန်တော် ပထမဆုံး ပရက်စီလာ ကို တွေ့တဲ့အချိန်မှာ “Get Low” သီချင်းကို ဖွင့်ထားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဒိတ်လုပ်တဲ့ Anniversary ရောက်တိုင်း အဲဒီသီချင်းကို နားထောင်ကြပါတယ်။ ဒီနှစ်မှာ ကျွန်တော်ဟာ Tpain နဲ့ ပူးပေါင်းပြီး အဲဒီသီချင်းရဲ့ ကိုယ်ပိုင် ဗားရှင်းကို ဖန်တီးခဲ့ပါတယ်။ အဲဒီသီချင်းကို Spotify မှာ တင်ထားပါတယ်။ […]
Skip to content အီလက်ထရောနစ် ဘီလူးကြီး Xiaomi Corporation ရဲ့ လျှပ်စစ်ကား လုပ်ငန်း ဖြစ်တဲ့ Xiaomi Automobile ဟာ SU7 လျှပ်စစ်ကားတွေကို အမြောက်အများ ထုတ်လုပ်နိုင်တဲ့ စွမ်းအား ရှိလာပါပြီ။ Xiaomi တည်ထောင်သူ Lei Jun က ကားဌာနဟာ ရက်ပေါင်း ၂၃၀ ထဲနဲ့ SU7 အစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်နိုင်ပြီလို့ လူမှုကွန်ရက်မှာ ကြွားလိုက်ပါတယ်။ Xiaomi ဟာ ၂၀၂၄ ခုနှစ်မှာ ကားအစီးရေ ၆၀,၀၀၀ ထုတ်လုပ်ဖို့ အစောပိုင်းက ရည်မှန်းထားခဲ့ပေမယ့် SU7 ဝယ်လိုအားဟာ အလွန်များတဲ့အတွက် ကုမ္ပဏီဟာ ထုတ်လုပ်မှုကို မြှင့်တင်ခဲ့ရပါတယ်။ ကားကို စတင် ရောင်းချပြီးနောက်မှာ Xiaomi ဟာ […]
Je Jatt Vigarh Gya (2024)”တုံးတိုက်ကျားကိုက်”===================================== ပေါလိဝုဒ် ရုပ်ရှင်လောကထဲမှာ တော်တော်လေးနာမည်ကြီးတဲ့မင်းသား ဂျေးရန်ဒဝါရဲ့ အသစ်ထွက်ရှိထားတဲ့ပန်ချာပီစကားပြော ရုပ်ရှင်ကို ပရိသတ်တွေအတွက်CM Bollywood Team ကနေ ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့.. ဂျေးရန်ဒဝါသရုပ်ဆောင်ထားတဲ့ဇာတ်ကောင် ဇာတ်လိုက်ဖြစ်သူဒလေဟာ ဟုတ်လည်းမခံ၊ မဟုတ်လည်းမခံတဲ့ တစ်ရွာလုံးနဲ့မတည့်တဲ့ဆတ်ဆတ်ကြဲ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့မျက်စိထဲ အချိုးမပြေသမျှ ဝင်ဝင်ဆုံးမတတ်လို့ သူတို့ရွာမှာဆိုရင်သူထိုးတာမခံဖူးတဲ့ယောက်ျားလေးတွေကို တစ်ရွာလုံးက နှိမ်ကြတဲ့အထိပါပဲ။ အဲဒီလို အိန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေရဲ့ ဝိသေသတွေနဲ့ပြည့်စုံနေတဲ့ ဒလေဟာ သူတပါးကိုကူညီရင်း အင်မတန်မှအကျင့်ပျက်ခြစားနေတဲ့ ဆေးရုံကြီးတစ်ခုဖွင့်ထားတဲ့နိုင်ငံရေးသမားကြီးတွေနဲ့ ငြိသွားတဲ့အခါ ကြမ်းပုံရမ်းပုံတွေကို ပရိသတ်တွေ မြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.4 GB / 1.3 GBQuality…WEB DL […]
Kaale Angrej (2024)“မသမာမှုများ” ပန်ဂျာဘီစကားပြော ပညာပေးဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဂျေရက်ရှ်ဆိုတာ ဘွဲ့ရပြီးခါစမိန်းကလေးဖြစ်ပြီးအိန္ဒိယနိုင်ငံက အကျင့်ပျက်ခြစားမှုနဲ့ထိုင်ခုံနေရာအတွက် အရည်အချင်းထက်စာရင်ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ ယိုယွင်းနေတဲ့စနစ်ကို အလိုမကျသူသူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလည်း ဆင်းရဲမွဲတေမှုကိုအခွင့်ကောင်းယူကာ လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် ဒါ့အပြင် အဖက်ဖက်က သမာမှုတွေအကြောင်းနဲ့ခေါင်းဆောင်လုပ်သူတွေရဲ့ ဖိနှိပ်မှု၊ အသုံးချမှုတွေကိုဂျေရက်ရှ်ဆိုတဲ့ ကောင်မလေးက ဘယ်လိုတိုက်ခိုက်သွားနိုင်မှာလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.08 GB / 1.07 GBQuality…WEB DL 1080p HEVC/ 720pFormat…mkv/ mp4Duration….2h 11mSubtitle….Myanmar Subtitle (Hard Sub)Encoder….YKTranslated by CM Bollywood Team ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv […]
စစ်ကောင်စီသည်ပြည်ပရောက်အလုပ်သမားများကို မြန်မာနိုင်ငံသို့ပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းရန် ပြင်ဆင်နေပြီး ထိုလုပ်သားများ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက စေလွှတ်သည့် အလုပ်အကိုင်အေဂျင်စီများက ပြန်လည်ခေါ်ယူပေးရမည်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ညွှန်ကြားလိုက်သည်။ အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် ချုပ်ဆိုသည့်စာချုပ်တွင် အလုပ်လုပ်ခွင့် နှစ်နှစ်ပြည့်ချိန် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက နိုင်ငံသို့ပြန်လာ၍ စစ်မှုထမ်းရမည်၊ ထိုအလုပ်သမားများကို စေလွှတ်ခဲ့သည့် အလုပ်သမားအေဂျင်စီက ထိုသူများကို ပြန်ခေါ်ပေးရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသည်ဟု သိရသည်။ “စာချုပ်အသစ်ထပ်ထုတ်တာ၊ အရင်သွားတဲ့သူတွေလည်းပါတယ်။ ဒါပေမယ့်၊ အိမ်ကို ဆင့်ခေါ်စာရောက်မှပါ၊ စစ်မှုထမ်းဖို့ စာရောက်လာတယ်၊ လူမရှိရင် စာချုပ်ပြည့်တာနဲ့ အေဂျင်စီက ပြန်ခေါ်ပေးရမယ် ”ဟု အလုပ်သမားပို့ဆောင်ရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ပြည်ပရောက်အလုပ်သမားများဟု ဆိုသော်လည်း အမျိုးသမီး၊ […]
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ပူချယ်ရွာမှ အရပ်သား ၂၀၀ နီးပါး ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့သူများ၏ ပြောကြားချက်ကို ကိုးကား၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။ ပူချယ်ရွာသည် ဖယ်ခုံမြို့မြောက်ဘက် နှစ်မိုင်အကွာတွင်တည်ရှိပြီး ဖယ်ခုံ – ပင်လောင်း ကားလမ်းဘေးတွင်ရှိသည်။ ပင်လောင်းမြို့နယ်ဘက်မှ အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ကောက်ရိတ်သိမ်းရာမှ ပြန်လာသော ဒေသခံ ၂၀၀ ကို ဖမ်းဆီးပြီး ပင်လောင်းမြို့နယ်ဘက်သို့ ကားဖြင့် ဖမ်းသွားခြင်းဖြစ်ကြောင်း KNDF ဗဟို ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက Myanmar Now ကို ပြောသည်။ KNDF သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ […]
Hello Ghost (2010) ******************** IMDb… 7.5 ဒီတစ်ခါ တင်ဆက်ပေးမယ့် သရဲဟာသရုပ်ရှင်ကားကောင်းမှာတော့ Cha Tae Hyun, Kang Ye Won, Ko Chang Seok, Jang Young Nam တို့လို ဝါရင့် သမ္ဘာရင့်ကြီးများစွာပါဝင် သရုပ်ဆောင်ထားတဲ့အတွက် ကြည့်လိုက်တာနဲ့ နောင်တမရစေမဲ့ ကားဆိုတာတော့ အသေအချာပါပဲ။ ဇာတ်လမ်းကတော့ ဂန်ဆန်းမန် (Cha Tae Hyun)ဟာ ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အကြိမ်ကြိမ် ကြိုးစားနေတဲ့ တစ်ကောင်ကြွက်တစ်ယောက်ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ဖြစ်ခဲ့သူပေါ့။ တစ်ရက် အဆုံးစီရင်ဖို့ကြိုးစားရင်း ဆေးရုံကိုရောက်သွားပြီးနောက်ပိုင်း ထူးထူးခြားခြား သရဲတွေကို စမြင်လာသလို သရဲ၄ကောင်က သူ့ခန္ဓာကိုယ်ကို အတူတူမျှသုံးပြီး သူ့အိမ်အထိပါ ကပ်လိုက်လာတဲ့အတွက် သရဲတွေကို […]
ပြီးခဲ့သည့် တနင်္လာနေ့ကစတင်ခဲ့သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့်မဟာမိတ်တို့၏ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တိုက်ပွဲသည် သုံးရက်ကြာသည်အထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ များသုံးကာ ပြန်လည်တိုက်ခိုက်နေသည်။ ချင်းတွင်းမြစ်တစ်ဖက်ကမ်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၃၀ ကျော် သာကွာဝေးသည့် ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၁၁ ရက် နံနက်အစော ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ပုလဲမြို့သိမ်းနိုင်ရေး တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေရာ လေတပ်က နေ့စဉ် ပစ်ကူ နေပြီး ယနေ့ (နိုဝင်ဘာ ၁၃) တွင်လည်း ငါးကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ တိုက်ခိုက်ရေးရဟတ်ယာဉ်များသုံးကာ […]
တရားမမှုဖြင့် အမှုဖွင့်လှစ် တရားစွဲဆိုရသော ငွေရေးကြေးရေး ကိစ္စရပ်များ၊ နစ်နာကြေး၊ လျော်ကြေး ကိစ္စရပ်များတွင် ကာလစည်းကတ်ဥပဒေပါ အချိန်ကာလအတွင်း အမှုဖွင့်လှစ် တရားစွဲဆိုခြင်း ၊ ချေပပြောဆိုခြင်း ပြုရမည်ဖြစ်ပါသည်။ ကာလစည်းကမ်းသတ် ကုန်ဆုံးခြင်းမှာ ရုံးပိတ်ရက်အတွင်းဖြစ်ပြီး တစ်ရက် နှစ်ရက်သာ ကာလစည်းကမ်းသတ် ကျော်လွန်ခြင်းဖြစ်ပါက ရုံးဖွင့်ရက်တွင် တရားစွဲဆိုခြင်း ဆောင်ရွက်နိုင်ပါသည်။ အမိန့်တစ်ရပ်အတွက် အယူခံဝင်ခြင်းပြုရာတွင်လဲ မိတ္တူမှန် ရရှိရေးအတွက် လိုအပ်သောအချိန်ကာလအား ကာလစည်းကမ်းသတ်အတွင်းမှ ထုတ်ပယ်ခြင်းပြုနိုင်ပါသည်။ တားဝရမ်း အမိန့်တစ်ရပ်ရပ်ဖြင့် ရပ်ဆိုင်းထားခြင်းရှိပါက အဆိုပါ အချိန်ကာလအား ကာစည်းကမ်းသတ်အတွင်းမှ ထုတ်ပယ်ခြင်းပြုနိုင်ပါသည်။ တရားမမှုများ၌ တရားဝင်ဆက်ခံခွင့်ရှိသူ ကိုယ်စားလှယ်၏ အခွင့်အရေးမှာ တရားလို / တရားပြိုင် သေဆုံးချိန်တွင် စတင်၍ ကာလစည်းကမ်း သတ်ရေတွက်ရမည်ဖြစ်ပါသည်။ တရားပြိုင်မှာ နိုင်ငံအတွင်း မရှိနှင့်နေပါကလဲ ၎င်းနိုင်ငံခြား ရောက်ရှိနေချိန်ကို […]
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအများစုသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနုကျွန်းများပေါ်တွင် ခိုလှုံနေသူတချို့ကို ယခုရက်ပိုင်းက ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်သည်။ စက်တင်ဘာအတွင်းက စစ်ကောင်စီတပ်သည် မန္တလေးတိုင်းနှင့် ထိစပ်နေသော ဧရာဝတီမြစ် အနောက်ဘက်ကမ်းတစ်လျှောက် ကျေးရွာများကို နယ်မြေရှင်းလင်း၍ တော်လှန်ရေးတပ်ဖွဲ့များ မဝင်ရောက်လာနိုင်စေရန် စစ်ကြောင်းထိုးခဲ့သည်။ ထို့ကြောင့် မတ္တရာနယ်၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် ဥဒိန်၊ မြွေထိန်ပင်၊ ငယ်တိုး၊ သဖန်းဒေါင့်၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီး စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံတို့သည် ဧရာဝတီမြစ်အတွင်းရှိ နေရာကျယ်ဝန်းသည့် ကျွန်းများပေါ်သို့ ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။ စစ်စခန်းများ၊ တိုက်ပွဲများနှင့် ဝေးသည့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများပေါ်တွင် အိမ်ထောင်စုအနည်းငယ်မှ ရာချီအထိရှိသည့် မတ္တရာဒေသခံတို့ ဟိုတစ်စုသည်တစ်စု ခိုလှုံနေပြီး […]