ylliX - Online Advertising Network

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၁၁/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၈ နာရီအချိန်ထိ)

(အမ်း) နယ်မြေခံဆက်သွယ်ရေးတပ်ရင်းအား ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ ယနေ့နံနက်ပိုင်း […] Source link

မိုးမောက်မြို့ကိုပြန်သိမ်းရန်  ဒရုန်းအများအပြားသုံးပြီး စစ်တပ်ထိုးစစ်ဆင် – Myanmar Now

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်တောင်ပိုင်းရှိ  မိုးမောက်မြို့၊ အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းတို့ကို ပြန်သိမ်းရန် စစ်ကောင်စီက ဒရုန်းအများအပြားသုံးကာ ထိုးစစ်ဆင်နေသည်ဟု သိရသည်။ ဗန်းမော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့ကို ယခုနှစ် မေလမှစတင်ကာ KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)များက တိုက်ခိုက်ကာ ၄ လခန့် အကြာတွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။  ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်က အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းကို ပြန်ရလိုသဖြင့် အဓိက အားပြုသည်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်၊  လက်နက်ကြီးပစ်ကူနှင့်  ဒရုန်းများကိုပါ အများအပြား အသုံးပြုပြီး ဗုံးကြဲနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “နောက် ဒရုန်းက တိုက်ပွဲပြင်းထန်တဲ့နေ့တွေဆို တစ်ခါသုံးရင် ဒရုန်းအလုံးတစ်ဆယ်ကျော် ဗုံးလာကြဲတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ […]

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက် ပိတ်ပင်၊ တပိုင်တနိုင်သမားများ အခက်ကြုံ – သျှမ်းသံတော်ဆင့်

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် တရုတ်ဘက် စတင်ပိတ်ပင်လိုက်ပြီးသဖြင့် တပိုင်တနိုင် လုပ်ကိုင်နေသူများအခက်ကြုံနေကြောင်း သတင်းရရှိသည်။ လက်ရှိမှာ တရုတ်အာဏာပိုင်များက ကျယ်ဂေါင်-မန့်ဝိန်းတွင် တရားဝင်ကုန်စည်များကို သယ်ယူခွင့်ပြုပြီး ဆင်ဖြူဂိတ်တွင် တပိုင်တနိုင် ဖြင့် တရားမဝင် ကုန်စည်များကို သယ်ဆောင်ခွင့်မပြုတော့ကြောင်း (နိုဝင်ဘာလ ၉ရက်)နေ့တွင် ရွှေလီတရုတ်အာဏာပိုင်က ညွှန်ကြားထားသည်။ “အခုက ဆင်ဖြူဂိတ်ကို တရားဝင်ပိတ်လိုက်တယ်။ ပစ္စည်းတွေက အဲဂိတ်ကနေ သယ်ထုတ်ခွင့်မပြုဘူး ဒါမြန်မာဘက်က ခွင့်ပြုတယ်။ တရုတ်ဘက်က ကျယ်ဂေါင်-မန့်ဝိန်းဂိတ်မှာ သယ်ယူခွင့်ပြုတော့ဘူး။ တံခါးတော့ ပိတ်ထားတုန်းပဲ။ အထဲမှာ ဆိုင်ကယ်နဲ့ ထွက်ဖို့စောင့်နေတဲ့သူတွေ တော်တော်များတယ်” ဟု ၎င်းက ပြောသည်။ ယနေ့ တရုတ်ဘက်ခြမ်းအခြေအနေ ထို့အပြင် တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု […]

ပုလဲမြို့ပေါ်ရှိ စစ်တပ်ကို ကာကွယ်ရေးအဖွဲ့များ ဝင်တိုက်  – Myanmar Now

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီလက်နက်ကိုင်တို့ကို ယနေ့ (နိုဝင်ဘာ ၁၁)  နံနက်မှ စတင်ပြီး  ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံနေကြောင်း သိရသည်။  မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နံနက် အရုဏ်တက်ချိန်တွင် ဝင်တိုက်ရာ နံနက် ၈ နာရီဝန်းကျင်တွင် လေတပ်က လာရောက်တိုက်ခိုက်သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ “(စစ်တပ်က) မြေပြင်စစ်ကူ အင်အားဖြည့်တင်းတာတော့ မရှိဘူး။ လေကြောင်းကနေ တိုက်ခိုက်တာပဲ ရှိတယ်” ဟု ပုလဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။   မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများ သိရှိနိုင်ရန် ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။  တိုက်ပွဲဖြစ်ပွားရာ မြို့ပေါ်ရပ်ကွက်များတွင် ပိတ်မိနေသူတချို့ရှိနိုင်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုထံမှ သိရသည်။ […]

NUG ထောက်ခံချက်ဖြင့် တောင်ကိုရီးယားရောက် မြန်မာများ ဆက်လက်နေထိုင်ခွင့်ရ – Myanmar Now

ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ သံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်တမ်းတိုး ထောက်ခံချက်ပေးနေသဖြင့်  တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုနေကြောင်း သိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာဖြင့်နေထိုင်သူတို့၏ နိုင်ငံကူးလက်မှတ်များကို NUG တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံချက် ထုတ်ပေးခြင်းဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG  ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ကိုယ်စားလှယ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မူလစာအုပ်ကို သက်တမ်း ၂ နှစ် တိုးပေးပါတယ်။ ကိုရီးယား လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) က လက်ခံပါတယ်။ အခြားနိုင်ငံကတော့ (လက်ခံလား) မပြောတတ်သေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ ဇူလိုင်မှစကာ NUG အစိုးရ၏ ဆိုးလ်မြို့ […]

နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ် – Kachin News Group (KNG)

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ကောင်းမှုလုံစေတီတော်ကနေ ၁ ဖာလုံအကွာမှာရှိတဲ့ နမ်ဘူယန်(Nambu Yang) ကျေးရွာတဝိုက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ဝင်ရောက်လာပြီး ရွှေတူးဖို့စတင်အကောင်ထည် ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ကောင်းမှုလုံအနီး နမ်ဘူယန်ဆိုတဲ့ရွာမှာ ဟုတ်တယ်။ အဲဒီနမ်ဘူယန်မှာ အသကုန်ရွှေတူးဖို့ လုပ်နေတယ်။ ရွာနဲ့ ၁ ဖာလုံလောက်အကွာ မလှမ်းမကမ်းနားမှာပဲ တူးဖို့။ အစကတော့ စက်ယန္တရားကြီးတွေနဲ့ မတူးဘူး။ အခုတော့ စက်ယန္တရားကြီးတွေနဲ့တူးဖို့ပြင်နေတယ်။ အစကတော့ လက်ကျင်းတွေလောက်ပဲ၊ အနည်းအကျဉ်းပဲရှိတာ ဟုတ်တယ်”လို့ပြောပါတယ်။ ရွှေတူးဖော်ဖို့ အဓိကပြင်ဆင်နေတဲ့နေရာတွေဟာ ဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့ လယ်ယာမြေတွေမှာဖြစ်တယ်လို့သိရပြီး ရွှေတူးဖော်မယ့်လုပ်ငန်းကို သဘောတူတဲ့ ဒေသခံတစ်ချို့ရှိသလို အများပိုင်း လက်မခံပဲ ကန့်ကွက်နေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ “နမ်ဘူယန်ကျေးရွာဟာ ကျနော်တို့ ကချင်တွေသီးသန့်နေတဲ့ရွာဖြစ်တယ်ဆိုတော့ အခုအဲဒီနေရာမှာ ရွှေအလွန်အကျွံတူးဖော်လာရင် မလိခမြစ်ဖျားပိုင်းလည်း ဖြစ်တာကြောင့်ရယ် ဒေသခံတွေအတွက် လယ်ယာလုပ်ကိုင်စားသောက်ရေးတွေအစ အားလုံးခက်ခဲလာ နိုင်မယ့်အနေအထားဖြစ်တယ်။” လို့ ပူတာအိုဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် […]

မန္တလေးနှင့် စစ်ကိုင်းတွင် အဖမ်းအဆီးကြမ်း၊ စစ်သားသစ်စုခြင်းဟု ဒေသခံတို့ယူဆ – Myanmar Now

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ လူငယ် ၂၀၀ ကျော် အဖမ်းခံလိုက်ရပြီး  ထိုသူများမှာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရဖွယ်ရှိသည်ဟု ဒေသခံတို့က ယူဆနေကြသည်။ မန္တလေးတိုင်းအတွင်း  စုစုပေါင်း ၁၄၇ ဦးထက်မနည်း အဖမ်းခံရပြီး မန္တလေးမြို့ပေါ်တွင် မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးမှ ၃၇ဦး၊ ကျောက်ဆည်မြို့နယ်မှ ၁၀ဦး၊ တံတားဦးမြို့နယ်မှ ၃၀ ကျော်တို့ ပါဝင်သည်ဟု ဒေသတွင်း စစ်သားသစ်စုဆောင်းမှု ဖြစ်ရပ်များကို စုံစမ်းဖော်ပြနေသည့် Voice Of Mandalay (Vomdy) မြေပြင်ကင်းထောက်အဖွဲ့က Myanmar Now ကို ပြောသည်။ ယခုလအတွင်း စတင်မည့် စစ်မှုထမ်းအမှတ်စဉ် ၇ အတွက် သင်တန်းသားကြိုတင် စုဆောင်းခြင်းဟု ယူဆနိုင်ကြောင်း Vomdy အဖွဲ့ဝင် အမျိုးသမီးက ပြောသည်။ “မနေ့က(နိုဝင်ဘာ၁၀ရက်) တစ်ရက်တည်းမှာတင် […]

အမ်းမြို့ စစ်ဌာနချုပ်သို့လာသည့် စစ်ရဟတ်ယာဉ်ပစ်ခတ်ခံရ – Myanmar Now

ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး ယမန်နေ့  (နိုဝင်ဘာ ၁၀) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း  စုံစမ်းသိရှိရသည်။  နပခဌာနချုပ်ထဲသို့  လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်သည်၊  အပြန်တွင် ပစ်ခတ်ခံရပြီး မင်းဘူးခရိုင် ၊ စေတုတ္ထရာမြို့နယ် ၊ ကံပေါက်ရွာအနီး လယ်ကွင်းများအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်များ၊ ဒေသခံများက ပြောသည်။ အာရက္ခတပ်တော် (AA)၏ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ဒေသတွင်း သတင်းများက ဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူ ရခိုင်ဒေသခံတစ်ဦးက ယမန်နေ့က အမ်းဘက်မှ ပြန်လာ သည့် ရဟတ်ယာဉ် ၂ စီးအနက် တစ်စီး ပစ်ခတ်ခံရပြီး လယ်ကွက်များအတွင်း […]

မိတ္တီလာ ရှမ်းတဲလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရဟု သတင်းထွက်နေ – Myanmar Now

မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ  ရှမ်းတဲလေတပ်စခန်း   ယနေ့ (နိုဝင်ဘာ ၁၁)  တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းထွက်နေသည်။  နံနက် ၃ နာရီကျော်ခန့်တွင် ပေါက်ကွဲသံများကြားရကြောင်း၊ မြို့အရှေ့မြောက်ဖက်  ၇ မိုင်ခန့်အကွာမှ  ရှမ်းတဲလေတပ်နှင့် စစ်စခန်းများဘက်မှ ဖြစ်နိုင်ကြောင်း မိတ္တီလာဒေသခံများက ဆိုသည်။   “လေတပ်က တပ်မ ၉၉ နဲ့နီးတယ်၊ လေတပ်က မြို့ပြင်မှာ သီးခြားရှိတယ်၊ ဒါပေမယ့် အနီးအနားမှာ ရှမ်းတဲရွာနဲ့ ရွာသေးသေးတွေတော့ရှိတယ်၊ ခုထိတော့ ရွာတွေ ထိခိုက်တယ်တော့ မကြားရသေးဘူး” ဟု လေတပ်အနီး နေထိုင်သည့် အမျိုးသားတစ်ဦးက ယနေ့ မွန်းတည့်ချိန်က ပြောသည်။ အဆိုပါလေတပ်စခန်းအနီး စစ်ကောင်စီ၏ အမြောက်တပ်၊ ခြေမြန်တပ်မ ၉၉၊ စစ်လက်နက်ပစ္စည်းစက်ရုံ (ကပစ)နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ ရှိကြောင်း […]

ဖုန်းဘေလ်ခဲခြစ်နံပါတ်လေးတွေ မကြာခင် website မှာတင်ပေးပါမယ်နော် –  PCT NEWS HOMEPAGE

ကျွန်မတို့ ရဲဝံ့စွန့်စားပြည်ချစ်သား website ရဲ့ ဖုန်းဘေလ်မဲဖောက်ပေးခြင်း အစီအစဉ်ကို မကြာခင်ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ website မှာ သတင်းလေးတွေဖတ်ရင်း ဖုန်းဘေလ်လေးတွေ ယူလိုက်ကြရအောင်နော်..အမျိုးတို့ရေ… Related Source link