ylliX - Online Advertising Network

နိုင်ငံတကာသာဂိ – ကြင်စိုးတိုင်းပြည်က လာတဲ့သူတွေက ထရန့်ကို မဲပေးကြမတဲ့လား

(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၅ အမေရိကန် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၅ ရက် နီးလာတာနဲ့အမျှ အမေရိကန်တပြည်လုံးသာမက တကမ္ဘာလုံး စိတ်နှလုံးတင်းကျပ်ဖိစီးမှုတွေ ဖြစ်နေကြတယ်။ ဖက်ဆစ်ခေါင်းဆောင်လောင်း ထရန့်ပဲ နိုင်မလား၊ ဒီမိုကရေစီကို ထိန်းသိမ်းမယ့် ဟဲရစ်ပဲ အနိုင်ရမလား – လူတွေက စိတ်လှုပ်ရှား ဝေခွဲမရ ဖြစ်ကြပါတယ်။ ဖြစ်ဆို – ထရန့်နဲ့ အပေါင်းအပါတွေက ရန်လိုတဲ့ စကားတွေ အစွန်းရောက်အတွေးအခေါ်တွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ တိုးလုပ်လာတဲ့အပြင် သူ့နောက်လိုက်တွေကလည်း အစွယ်တွေ အဖွေးသား၊ ရန်စွယ်နဲ့ ငေါငေါ အူကြ ဟောင်ကြ ဟိန်းကြနဲ့မို့ အမေရိကန်ပြည်ကို ခွေးဝင်ဆွဲနေသလား မှတ်နေရပါတယ်။ ဒီမိုကရက်ပါတီနဲ့ ဟဲရစ်တို့ကတော့ ဒီမိုကရေစီစနစ် အဓွန့်ရှည် ရှင်သန်ဖို့ တိုင်းပြည်ကြီး ချောက်ထဲ မရောက်ဖို့အတွက် […]

ကယန်းအမျိုးသားတပ်မတော် Kayan National Army ဖွဲ့စည်း

(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ကယန်းအမျိုးသားတပ်မတော် Kayan National Army ဖွဲ့စည်း  ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်ပြည်နယ် မြောက်ပိုင်းတို့ကိုထိစပ်နေပြီး အနောက်ဘက်မှာတော့ မန္တလေးတိုင်း အရှေ့တောင်ဘက်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည် (​​ယခင် ကယားပြည်နယ်) ထဲက ဒေသအချို့ဖြစ်တဲ့ လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ အခြားဒေသတွေမှာ ရှိတဲ့ ကယန်းလက်နက်ကိုင် အဖွဲ့တွေကို စုစည်းပြီး ကယန်းအမျိုးသားတပ်မတော် K.N.A ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။  ကရင်နီပြည်မှာ လက်ရှိ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်အာဏာသိမ်းမှုမတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက လက်နက်ကိုင် တပ်ဖွဲ့အဖြစ်ရှိခဲ့တဲ့ KNPP/KA ရှိနေပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲကာ အသစ်ထပ်မံဖွဲ့စည်းခဲ့ကြတဲ့ […]

ဟူနန်ပြည်နယ်၊ ကျူးကျိုမြို့၌ ကျင်းပခဲ့သည့် 3rd International Summit on BDS Application သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်

နန်နင်း၊ အောက်တိုဘာ ၃၀  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်အထိ ဟူနန်ပြည်နယ်၊ ကျူးကျို မြို့၌ ကျင်းပခဲ့သည့် 3rd International Summit on BDS (Beidou Navigation Satellite System) Application သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းမှ ပါဝင်တက်ရောက်ခဲ့သည်။  ကောင်စစ်ဝန်ချုပ်သည် ၂၄-၁၀-၂၀၂၄ ရက် နံနက်တွင် Zuzhou Exhibition Center ၌ ပြုလုပ်သော ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ဟူနန် CPC ပါတီဒုတိယအတွင်းရေးမှူး နှင့် ဟူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ Mr. Mao Weiming၊ တရုတ်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Chenggu၊ […]

ဆယ်ပေါင်တူ – ရာဇဝင်မတွင်လိုက်ရသော ပန်ထွာဘုရင်ထီး ကြင်စိုး

(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄ တမြို့ပြီးတမြို့ အသိမ်းခံနေရသလို၊ နောက်ထပ် တိုင်းစစ်ဌာချုပ်ကြီးတခုလည်း ပါလုပါခင် ဖြစ်နေတဲ့ ကာလမျိုးမှာတောင် ကြင်စိုးက ပြုံးလိုက် ရယ်လိုက်နဲ့ ဆိုတော့၊ ဘေးနားကလူတွေ စိတ်ထဲ သို့လော သို့လော ဖြစ်လာကြတယ်။ အင်း၊ အရင်လို ယဉ်ယဉ်လေး ရူးနေတာကနေ၊ အခုတော့ သွက်သွက်ခါအောင် ရူးသွားခဲ့ပြီလား ဆိုပြီး တွေးစပြုကုန်ကြတယ်။ ဘယ်လိုပဲရူးရူး ကြင်စိုးက အရူးပါး၊ အဲဒီ’ သို့လော’အုပ်စုထဲ မဲလုံးလည်း ပါနေတာကို သူက သတိထားမိတယ်။ ‘တပည့်ကျော်ကြီး မဲလုံး၊ မင်း ငါ ဘာဖြစ်နေတာလဲလို့ တွေးနေတယ် မဟုတ်လား’ မဲလုံးက စကားမှားသွားမှာစိုးလို့၊ ဘာမှပြန်မဖြေ။ ဒါပေမဲ့ ဆက်ပြောပါဦး ဘပုရဲ့ ဆိုတဲ့ စူးစမ်းအကြည့်နဲ့ ကြင်စိုးကို […]

မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းကနေ စစ်ကိုင်းတိုင်းကို ရွှေ့မယ့် BPLA

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းကနေ စစ်ကိုင်းတိုင်းကို ရွှေ့မယ့် BPLA ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်း စတင်ဖွဲ့စည်းခဲ့တဲ့ Bamar People’s Liberation Army – BPLA  က မကြာခင် အညာဒေသမှာ အခြေချတော့မယ့် အကြောင်း BPLA ကို စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာလည်း ဦးဆောင်နေသူ မောင်ဆောင်းခက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ အသိပေးလိုက်ပါတယ်။  BPLA ဟာ ၂၀၂၁ ခုနှစ် ဧပြီလ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းပြီး နောက်တလအကြာမှာ PDF လို့အတိုကောက်ခေါ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းချိန်နဲ့ ရှေ့ဆင့်နောက်ဆင့်လောက် ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး စတင်ဖွဲ့စည်းစဥ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ KNU/KNLA မှာအခြေစိုက်ပြီး စစ်ပညာ […]

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ခြံထဲကနွား

(မိုးမခ) အောက်တိုဘာ ၂၉ ၊ ၂၀၂၄ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်က‌ ကျောင်းသားတွေကိုတော့ သေတွင်းပို့ဖို့ ပြင်နေပြီ။ အင်း စကစရဲ့ တရသတွေကလည်း ပေါသကိုး။ သရေကြိုးကောင်က နိုင်ငံမှာ သယံဇာတကြွယ်ဝတာမို့ ကြိုးစားရင် ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်မယ်လို့ စောက်ကြီးစောက်ကျယ်တွေ ပြောရင်း လောလောဆယ်တော့ သူတို့မိသားစုရဲ့အချုပ်အခြာအာဏာ စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရမယ့်အချိန် ဖြစ်လို့ တပ်ထဲဝင်ဖို့ဟာ တာဝန်ဖြစ်တယ်ဆိုပြီး တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှာ ကျောင်းသားတွေကို သေတွင်းထဲ ခြေဆင်းထိုင်ပေးကြဖို့ သွားပွားတယ်။ သယံဇာတက သူတို့ ဖြုန်းလို့ကုန်ပြီ။ မြေပေါ်လည်း မကျန်၊ မြေအောက်လည်း မဟန်၊ ရေထဲလည်း မရှိတော့ဘူး။ လေတောင် သွေးညှီနံ့တွေ ယမ်းနံ့တွေ ဖုံးနေလို့ လူသားသယံဇာတပါ မရှိတော့ဘူး။ အားလုံး နိုင်ငံခြားထွက်ရင်ထွက်၊ မထွက် လက်နက်ကိုင်နေကြရပြီကိုး။ နိုင်ငံမှာ ကျောင်းမရှိ ဆရာမရှိ၊ […]

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား

တိုကျို၊ အောက်တိုဘာ ၂၈ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ရလဒ်ကို ၎င်း၏စိတ်ရင်းမှန်ဖြင့် လက်ခံကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဌာနချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ရှိဂဲရု အီရှီဘာက သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်း ရှိ၊ မရှိကို တိုက်ရိုက် ပြောကြားခြင်းမရှိခဲ့သော်လည်း ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ဘတ်ဂျက်နှင့် ၂၀၂၅ ဘဏ္ဍာနှစ် ဘတ်ဂျက်တို့ကို ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက အတိအလင်း ပြောကြားခဲ့သည်။ ဤထုတ်ပြန်ချက်သည် ၎င်းအနေဖြင့် အာဏာဆက်လက်တည်မြဲလိုကြောင်း ဖော်ပြနေသည်ဟု ဂျပန်မီဒီယာတွေက […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၅ )

(မိုးမခ) အောက်တိုဘာ ၂၈ ၊ ၂၀၂၄ 28/10/24 Diary in the darkness  မနက်စောစောစီးစီး ဈေးကပြန်လာတဲ့ မိန်းမက အာလူးတစ်ပိဿာ တစ်သောင်းဈေး ခုန်တက်သွားလို့ ပူညံ ပူညံ။ ကုန်တိုက်တွေမှာလည်း ပစ္စည်းတချို့ ပြတ်နေတယ်။ ဆီတွေ ပြတ်တော့မယ်လို့ သတင်းတွေပြန့်နေတယ်။ စစ်တပ်က ကုန်ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် တက်နေတယ်။  တရုတ်နိုင်ငံကလည်း နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်လိုက်ပြီတဲ့။ ထိုင်းဘက်ကလည်း မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပျက်သလောက် ဖြစ်သွားပြီ။ မဲခေါင်မြစ်ကြောင်းကတော့ ကုန်သွယ်ရေး မပျက်သေးဘူးလို့ သိရတယ်။ MNDAA ကိုလဲ တရုတ်က မီးနဲ့ ရေ ဖြတ်လိုက်ပြီတဲ့။ လူတွေ ထိတ်လန့်နေကြတယ်။ အရာရာကို ထိတ်လန့် စိုးရိမ်နေကြတာ။ စစ်မှုထမ်း ဥပဒေ၊ ဧည့်စာရင်းဥပဒေ၊ […]

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ  ယမန်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်  ၃ ဖွဲ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်တွေကို တပြိုင်နက်ထည်း စတင်တိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။  စစ်ဆင်ရေး စတင်စဥ်က စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာနယ်စပ် တလျှောက်ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (တရုတ်ဘာသာစကားဖြင့် ကျားဖြန့် ဟုခေါ်ဆို) တွေကို နှိမ်နှင်းဖို့၊ အဆိုပါငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို ထိပ်ဆုံးမှာ ထည့်သွင်းကြေညာခဲ့ခြင်းက ထူးခြားတဲ့အနေအထားလည်းဖြစ်တာ သတိပြုမိကြပါတယ်။ စစ်ဆင်ရေး မစတင်မီ သီတင်းပတ်အနည်းငယ်အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ  […]

ချောက်မြို့နယ်၊ ရွာမကျေးရွာတွင် PDF အကြမ်းဖက်သမား ၂ဦး အသေဖမ်းဆီးရမိ

မကွေး၊ အောက်တိုဘာ ၂၇ သတင်းပေးပိုချက်အရ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရွာမကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့အား အောက်တိုဘာလ ၂၇ ရက် (ယနေ့) လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရသည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ PDF အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်၊ ကျည်ကာ ၁ ထည် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link