၂၀၀၀ ခုနှစ်အစောပိုင်းက ထွက်ရှိထားတဲ့ Crime/Thriller ရုပ်ရှင်ကားကို Cherlize Theron, Kevin Bacon, Courtney Love နဲ့ Dakota Fanning တို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Karen နဲ့ Will Jennings တို့ စုံတွဲမှာ Abby ဆိုတဲ့ ကလေး တစ်ယောက်ရှိပါတယ်။ Willကတော့ နာမည်ကြီး မေ့ဆေးဆရာဝန်တစ်ယောက်ဖြစ်ပြီး အလုပ်အရမ်းများတတ်သူပါ။ Karen ကတော့ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ Will တစ်ယောက် ဆေးဘက်ဆိုင်ရာ ညီလာခံ သွားတက်နေတုန်း Karen နဲ့ Abby တို့ သားအမိ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ Abby လေးကို အိမ်ထဲထိဝင်ပြီး ပြန်ပေးသမားတွေက ပြန်ပေးဆွဲကာ Will နဲ့ […]
Red Notice (2021) IMDb Rating (6.3) Dwayne Johnson , Ryan Reynolds , Gal Gadot တို့ ပါဝင်ထားတဲ့Action,Comedy,Thriller အမိုက်စားရုပ်ရှင်ဇာတ်ကားပါ။ Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်ကောင်ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာတော့ သူခိုးနှစ်ယောက်ပေါ့။ သူတို့ ခိုးချင်တာကတော့ ကလီယိုပက်ထရာရဲ့ ဥပါပဲ။ဟုတ်ပါတယ် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာဥ သုံးလုံးကို အပြိုင်အဆိုင်ခိုးယူကြမှာပါ။တစ်လုံးက ပြတိုက်မှာရှိတယ်၊ တစ်လုံးက အရမ်းအန္တရာယ်ကြီးတဲ့လူတစ်ယောက်လက်ထဲမှာ ရှိပြီး၊နောက်ဆုံးတစ်လုံးကတော့ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။အဲဒီရတနာဥသုံးလုံးကို ရရင် ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ဘီလီယံနာကြီးတစ်ယောက်က အသင့်စောင့်ကြိုနေပါပြီ။ ဒီတော့ ဥတွေကို deadpool နဲ့ wonder woman […]
တော်လှန်ရေးတပ်ဖွဲ့ဝင်များ တည်းခိုခဲ့သည့်နေရာအနီး လက်နက်များ တွေ့ရှိသည်ဟုဆိုကာ လယ်တဲပိုင်ရှင် နှင့် ဒေသခံအမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံရသည်။ Source link
အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွသွားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးထားသဖြင့် အသက်အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေရသည်ဟု မိတ်ဆွေများက ပြောသည်။ သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ဝါရှိပြီဖြစ်သည့် ဆရာတော်ကို ရန်ကုန်၊ အင်းစိန်မြို့နယ် ဘူတာရုံလမ်း စော်ဘွားကြီးကုန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရအပြီး တစ်ပတ်အကြာ (ယနေ့ နိုဝင်ဘာ ၁၉) အထိ ဆရာတော်နှင့် အဆက်အသွယ်မရဟု နီးစပ်သူများက ပြောသည်။ ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ဦး၏ နေအိမ်မှအပြန် လမ်းခုလတ်တွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ‘ခဏလိုက်ခဲ့ပါ’ ဟုပြောကာ ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေသည့်ဆရာတော်အရှင်ဇဝနက မျက်မြင်သက်သေတချို့၏ ပြောကြားချက်ကို ကိုးကား၍ မိန့်ကြားသည်။ ဖမ်းဆီးနှိပ်စက်သည့်ကာလတွင် ပျံလွန်သွားနိုင်သဖြင့် ဆရာတော်အတွက် စိတ်ပူမိသည်ဟု […]
ကန့်ဘလူ၊ ရေဦး၊ တန့်ဆည် မြို့နယ်တို့ဆုံရာ စစ်ကိုင်းတိုင်း မူးမြစ်ကမ်းဝန်းကျင်တွင် အင်အားအများအပြားဖြင့် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇၃ လုံး မီးရှို့လိုက်သည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။ ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ တင့်ကား တပ်ရင်းမှ ထွက်လာသည့် အင်အား ၁၇၀ ကျော် ပါဝင်သည့် စစ်ကြောင်း၊ တန့်ဆည်မြို့နယ်မှထွက်လာသည့် အင်အား ၅၀ ကျော်ပါ စစ်ကြောင်းတို့က နိုဝင်ဘာ ၁၆ ရက်နေ့က စပြီး ရွာများကို စီးနင်းနေခြင်းဖြစ်သည်။ ရေဦးမြို့နယ် ရွာပုကြီးရွာမှ အမျိုးသားနှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး၊ ဗိုလ်ရုံရွာတွင်လည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ရွာပုကြီးရွာခံအများစု စစ်ဘေးရှောင်သော်လည်း […]
#Local_NewsPublished 19 November 2024 ▪️ ရေခဲအမှတ်နီးလာသည့်မြို့(၁)မြို့နှင့်ညအပူချိန်များကျဆင်းလာပြီး ပုံမှန်ထက်ပိုအေးလာသည့် မြို့ကြီး(၄)မြို့ရှိကြောင်း သိရသည်။ ▪️ ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင်(၁.၀)ဒီဂရီဆဲလ်စီးယပ်၊ တီးတိန် မြို့တွင် (၆.၅) ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် (၁၀.၀) ဒီဂရီဆဲလ်စီးယပ်၊ မြစ်ကြီးနားမြို့တွင် (၁၁.၆) ဒီဂရီဆဲလ်စီးယပ်နဲ့ ပြင်ဦးလွင်မြို့တွင် (၁၂.၂)ဒီဂရီဆဲလ်စီးယပ်တို့ ရှိခဲ့သည်ဟုဆိုသည်။ ▪️ လွိုင်လင်မြို့၊ မှော်ဘီမြို့၊ မဒေါက်မြို့၊ဧလာမြို့၊ဇောင်းတူမြို့၊ရွှေကျင်မြို့၊ဘီးလင်းမြို့၊ ဘိုကလေးမြို့ နှင့်ရန်ကုန်(ကမ္ဘာအေး)တို့တွင် မိုးများရွာသွန်းခဲ့သည်။ ▪️ နောက်(၂) ရက်အတွက်ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်သွန်းနိုင်ကြောင်း သိရသည်။ #YMG/tthl #Yangon_Times Source link
ရန်ကုန်ကို ဆွမ်းခံကြွလာရင်း သီရိမင်္ဂလာဈေးအနီးပျောက်ဆုံးသွားတဲ့ ဆရာလေးသုံးပါးအနက်တစ်ပါးကို လေးရက်ကြာသည်အထိ ပြန်မတွေ့သေး – Myanmar Transparency News Source link
ဒီဇာတ်ကားမှာ စကူဘီတို့ Mystery Incအဖွဲ့သားတွေဟာ ဗယ်မာရဲ့ညီမလေး မယ်ဒလင်း တက်နေတဲ့ မျက်လှည့်သင်တန်းမှာ ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင် ခြောက်လှန့်နေတယ်ဆိုပြီး တစ်ဖွဲ့လုံးသွားစုံစမ်းကြတဲ့အကြောင်းရိုက်ကူးထားတာပါ။ မယ်ဒလင်းတက်နေတဲ့ မျက်လှည့်ကျောင်းက ရှေးရဲတိုက်တစ်ခုမှာ ဖွင့်ထားတာဖြစ်ပြီး မှော်အတတ်လိုက်စားတယ်လို့ နာမည်ကြီးတဲ့ အိုင်ယာလန်နယ်စားတစ်ယောက် ပိုင်ခဲ့တဲ့ရဲတိုက်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီရဲတိုက်ဟာ ကျိန်စာတိုက် ခံထားရတာကြောင့် ဂရစ်ဖင်လို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ခြောက်လှန့်မှုကို ခံနေရပြီး ကျောင်းကိုပါပိတ်ပစ်လိုက်ရမလို ဖြစ်နေတာပါ။ စကူဘီတို့အဖွဲ့ အဲဒီပြဿနာကို ဖြေရှင်းနိုင်မှာလား။ အဲဒီရဲတိုက်က တကယ်ပဲ ကျိန်စာသင့်နေတာလား။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ ဒီကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ File Size : 1.2 GB, 676 MBQuality : WEB-DL 1080p / 720pRunning […]
KIA တပ်သားတစ်ဦးကို ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာတွင် ယခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − မြတ်ပန်း) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနှင့် နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များက ယမန်နေ့ (နိုဝင်ဘာ ၁၈) တွင် သိမ်းပိုက်လိုက်သည်။ စစ်ကောင်စီတပ်၏ ရွှေတွင်းစခန်းနှင့် စိုင်းပန်ရွာအနီးတပ်စွဲထားသည့် SNA နှင့် စစ်ကောင်စီ ပူးပေါင်းစခန်း ၂ ခုတို့ကို ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ စခန်းများသိမ်းလိုက်သည့် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က ယနေ့နံနက်(နိုဝင်ဘာ ၁၉) တွင် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ တိုက်ခိုက်မှုအတွင်း […]
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် စစ်လေယာဉ် လာရောက် ဗုံးကြဲမှုကြောင့် ဒေသခံသားအမိ ၂ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။ နိုဝင်ဘာ ၁၆ နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ် တွင်းငယ်ကျေးရွာသို့ စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၈ နာရီခန့်တွင် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သေဆုံးသူများမှာ တွင်းငယ်အနီး ရေညာဦးရွာနေ ၆ နှစ်သမီး နှင့် သူ၏ အသက် ၃၀ အရွယ်မိခင်တို့ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။ “အမျိုးသမီးက ပေါင်လုံးဝပြတ်သွားပြီးတော့ သူ့အသားစတွေက အိမ်နံရံမှာ၊ သွေးတွေလည်း အိုင်ထွန်းလို့ပဲ။ အဲဒီကတည်းက အခြေအနေမကောင်းဘူး။ ဒါပေမဲ့ သူ့သမီးလေးကလည်း ခေါင်းထိပြီး လဲနေတော့ […]