မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန်စည်ရှားပါးနေသည့် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် တအာင်းတပ် (TNLA) တို့က နှစ်ဖက်တပ်ထိန်းချုပ်ထားရာဒေသများသို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန် အပြန်အလှန်ပိတ်ဆို့ထားကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်တို့မှ မြန်မာဘက်သို့ တင်သွင်းမည့် သွင်းကုန်များကို ယခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် တရုတ်အစိုးရက ကန့်သတ်ခဲ့ခြင်းကြောင့် တရုတ်ကုန်စည်များရှားပါးလာချိန် ဒေသတွင်းလှုပ်ရှားနေသော စစ်ကောင်စီတပ် နှင့် TNLA တို့က ထိုသို့ အပြန်အလှန်ပိတ်ဆို့မှု ဖြစ်ပေါ်လာသည်။ စစ်ကောင်စီသည် ပြင်ဦးလွင်မြို့မှ ရှမ်းမြောက်ဒေသသို့အထွက်လမ်းနှင့် ရှမ်းတောင်ပိုင်းမှ မြောက်ပိုင်းသို့ ကွေ့ပတ်ဝင်ရောက်နိုင်သည့် လမ်းပိုင်းကိုလည်း ပိတ်ဆို့ထားလိုက်သည်။ စစ်ကောင်စီတပ်၏ ပိတ်ပင်မှုများ ပြုလုပ်လာချိန် တအာင်းတပ်ကလည်း စစ်ကောင်စီ ထိန်းချုပ်သည့် မူဆယ်မြို့သို့ စက်သုံးဆီမဝင်ရန် တန်ပြန်ပိတ်ဆို့ထားခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် […]
၂၀. ၁၁. ၂၀၂၄Written by Thettant ဝန်ကြီးချုပ်ဟောင်းဦးဗဆွေရဲ့ သားဖြစ်သူ ဦးနေမျိုးဗဆွေဟာ အသက် ၇၈ နှစ်အရွယ် မနေ့ကည သန်းခေါင်ယံအချိန်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သားဖြစ်သူက အသိပေးထားပါတယ်။ “ဉီးနေမျိုးဗဆွေ အသက်(၇၈)နှစ် ယနေ့ည ၁ နာရီမိနစ် ၃၀ တွင် ကွယ်လွန်အနိစ္စရောက်ပါသည်ခင်ဗျာ။ သောကြာနေ့တွင်ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ပါမည်ခင်ဗျာ။ အားလုံး အသုဘရှူရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။ ကန်လမ်း၊ ကန်ရိပ်မွန်ကွန်ဒိုတွင် ကွယ်လွန်အနိစ္စရောက်ပါသည်ခင်ဗျာ”လို့ သားဖြစ်သူ ကိုနေမျိုးဦးက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ဦးဗဆွေဟာ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ၁၉၅၆ – ၁၉၅၇ ခုနှစ်မှာ တာဝန်ယူခဲ့ဖူးပြီး ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို သားသမီးဆယ်ဦး မွေးဖွားရာမှာ အခုကွယ်လွန်သူ ဦးနေမျိုးဗဆွေဟာ ဒုတိယမြောက်သားဖြစ်ပြီး ဦးဗဆွေရဲ့ နိုင်ငံရေးအမွေဆက်ခံသူအဖြစ်မူ ဦးနေဖူးဗဆွေက လူသိများပါတယ်။ […]
https://www.youtube.com/watch?v=TY4vc24FDrs မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ထိုင်းဘတ်ငွေ သန်း ၁၀၀ အပါအဝင် နိုင်ငံခြားငွေကြေးတွေကို ထပ်မံထုတ်ရောင်းလိုက်တယ်လို့ သိရပါတယ်။#Local_NewsPublished 20 November 2024#ထိုင်းဘတ်ငွေ #ဗဟိုဘဏ်#YMG/NN #Yangon_Times Source link
The Dangerous Lives of Altar Boys (2002) IMDb Rating (6.9) / Rotten Tomatoes (76%) 2002ခုနှစ်က ထွက်ရှိထားတဲ့ လူငယ်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားထဲမှာဆိုရင် ပြီးရင် Autospy of Jane Doe ဇာတ်ကားထဲက မင်းသား Emile Hirsch နဲ့ The Silence of Lambs ဇာတ်ကားထဲမှ မင်းသမီး Jodie Foster တို့ ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်သလစ်ကျောင်းတတ်နေကြတဲ့ ကောင်လေးအုပ်စုဟာ ညစ်ညမ်းတဲ့ ကာတွန်းစာအုပ်တွေဆွဲတာကို ကျောင်းကမိသွားပါတယ်။ အဲ့တာကို သူတို့က ကျောင်းက စစ္စတာကို prank ပြန်လုပ်ကြမှာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်းသား၊ မင်းသမီးတွေရဲ့ […]
စစ်ဗိုလ်ချုပ်ကြီးအချို့နေထိုင်ရာနှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၂၁ မိုင်သာဝေးသည့် ရှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နယ်အတွင်း တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့( နိုဝင်ဘာ ၁၉ ရက်) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်၏တောင်ဘက် ရေဝင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ရာသို့ ပြင်ဦးလွင်မြို့ပြင်တွင် တပ်စွဲထားသည့် စစ်ကောင်စီပတ်၏ ဝက်ဝံဂိတ်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ “သူတို့(စစ်ကောင်စီ) ထိုးတက်လာလို့ ရေဝင်မှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ မနေ့က အချိန်တော်တော်ကြာကြာ တိုက်ပွဲဖြစ်တယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ နိုဝင်ဘာ၁၈ ရက်နှင့် ၁၉ရက် များတွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံအနီးသို့ စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဗုံးကြဲသဖြင့် ရွာခံအမျိုးသားတစ်ဦး […]
Skip to content Asus က အမိုက်စား စွမ်းရည်မြင့် Gaming ဖုန်းတွေ ဖြစ်တဲ့ ROG Phone 9 Series ကို ကြေညာလိုက်ပြီး ROG Phone 9 နဲ့ ROG Phone 9 Pro တို့ ပါလာပါတယ်။ ဒီဖုန်းတွေမှာ Display က 6.78” Full HD+ AMOLED HDR LTPO ကို သုံးထားပြီး 165Hz Refresh Rate နဲ့ 2500 ပါလာပါတယ်။ Display ကို အကြမ်းခံတဲ့ Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ်စွမ်းရည်မြင့် […]
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်ရှိ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာတွင် ပေါင် ၃၆၀၀၀ ဖြင့် လေလံပြီးဆုံးသွားခဲ့သည်။ အဆိုပါတွင်းမှာ စစ်အေးခေတ်က အနုမြူစစ်ပွဲကြီးဖြစ်ပါက ရှောင်ပုန်းရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော တွင်းကြီးဖြစ်ပြီး အတွင်းပိုင်းတွင် ရီနေးဆင်းဗိသုကာဟန်မွမ်းမံမှုများ တွေ့ရသည်။ ဗြိတိန်မှ ဒါဘီရှိုင်းယားခရိုင်ရှိ ကွင်းပြင်တစ်ခုထဲတွင် တည်ရှိပြီး ရည်ညွှန်းဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ သာဖြစ်ရာ ဈေးနှုန်း ၂ ဆကျော်ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။ လေလံပွဲနေ့က ဗြိတိန်တဝန်းမှ လေလံဆွဲသူ တစ်ဒါဇင်ကျော် အပြိုင်အဆိုင် ဈေးပေးခဲ့ကြသည်။ ယခင်ပိုင်ရှင်တို့က အလှဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြရာတွင် နံရံပြည့် ကတ္တီပါလိုက်ကာကြီးများ၊ မွှေးပွ ကော်ဇောကြီးများ၊ ရွှေပေါင်ကွပ်အလှဆင်ထားသော မှန်များ အပါအဝင်ဖြစ်သည်။ အိပ်ယာဘေးတွင် ထင်းသုံးမီးလင်းဖိုတစ်ခုရှိရာ တတိယကမ္ဘာစစ်ကြီးဖြစ်ကာ ဆောင်းကာလများတွင် ပုန်းခိုနေထိုင်ရမည်ဆိုပါက အပူဓာတ်ရရန် အသုံးပြုနိုင်မည် ဖြစ်သည်။ ရေချိုးခန်း […]
About this scholarship This scholarship is financed by the Dutch Ministry of Education, Culture and Science as well as several Dutch research universities and universities of applied sciences. The scholarship amounts to € 5,000. You will receive this in the first year of your studies. Please note that this is not a full-tuition scholarship. How […]
၂၀၂၄ နှစ်အကုန်ပိုင်းမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ညိုကီတို့ရဲ့ အချစ်တော်မမ Lady Death တဖြစ်လည်း မမအော်ဗရေးပလာဇာ ပါဝင်ထားပြီးတော့ ကိုယ့်ရဲ့ Younger self ကို ပြန်သတိရသွားစေမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ Comedy Drama ဇာတ်လမ်းကောင်းလေး ဖြစ်လို့ ချက်ချင်းသာ ကြည့်လိုက်ကြပါတော့ဗျာ။ ဇာတ်လမ်းအကျဉ်း +++++++++ အဲလယတ်ဟာ ၁၈ နှစ်ပြည့်မွေးနေ့မှာ သူမရဲ့သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ကျွန်းလေးတစ်ခုဆီသွားပြီး မှိုခြောက်စားကာ Good trip လေးရဖို့ စမ်းလုပ်ကြည့်ကြပါတော့တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာ သူမရဲ့ သူငယ်ချင်းနှစ်ယောက်က ကိုယ်စီ good trip တွေ သွားနေပေမဲ့ အဲလိယတ်ကတော့ ဘာဆိုဘာမှ မခံစားရသေးပါဘူး။ ဒါကြောင့် မှိုခြောက်က အစွမ်းမပြဘူးလို့ ထင်နေတဲ့အချိန်မှာ သူမဘေးမှာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်က ဗြုန်းစားပေါ်လာပြီး […]
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်က ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကို ရင်ဆိုင်ရန် အင်အားရာချီ ဖြည့်တင်းကာ စစ်ပြင်နေကြောင်း မြေပြင်စစ်ဘက်သတင်းရင်းမြစ်များကပြောသည်။ အင်အား ၇၀၀ ကျော်သည့် စစ်ကောင်စီတပ်သားများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပြည်သူ့စစ်များသည် လွန်ခဲ့သည့် သုံးလဝန်းကျင်မှစတင်ကာ ၎င်းတို့ ထိန်းချုပ်ထားသည့် ပင်လောင်းမြို့မှ ဖယ်ခုံမြို့သို့ ဦးတည်၍ ချီတက်လာနေသည်ဟု သိရသည်။ ဖယ်ခုံမြို့တွင် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းနှစ်ရင်းရှိသည်။ ဖယ်ခုံတောင်ဘက်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဦးဆောင် ပြုလုပ်ခဲ့သည့် ၁ လေးလုံးစစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထားသည့် မိုးဗြဲမြို့ရှိသည်။ သို့သော်လည်း မြို့မြောက်ဘက် မိုးဗြဲဆည်အနီးရှိ ခမရ (၄၂၂) တပ်စခန်းကိုမူ […]