(မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၂၄ မင်္ဂလာဆောင်မှာ နွားပြောက်ကြီးတရှဉ်း လက်ဖွဲ့တယ် ဆိုသလို ကြင်စိုးကတော့ တရုတ် သွားပြီး မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း လုပ်ငန်းစမယ်လို့ ပေါရဲ၊ အဲ အဲ ဖောရဲတယ်။ အဲဒီလို ဖောတာဟာ မအလ ငကြင်စိုးရဲ့ ကနေကျ အရူးကွက် ဆိုတာ လူတိုင်း သိပါတယ်။ မင်္ဂလာလက်ဖွဲ့တဲ့ နွားနှစ်ကောင်က ရရစ်နဲ့ နွားပြောက်ကျား နွားနှစ်ကောင် မဟုတ်ဘဲ ယပင့်နဲ့ ပျောက်သွားတဲ့ နွားနှစ်ကောင် မဟုတ်လား။ အင်း ခုလည်း ကျောက်ဖြူလဲ သူ့လက်ထဲမရှိ၊ မူဆယ်လဲ မတွယ်သေးလို့သာ ဒါလဲ၊ တကယ်တမ်းက သူ့လက်ထဲမရှိ၊ မန္တလေးတောင် ဒေါက်တာ စိုးသူရဇော်လက်ထဲရောက်တော့မှာ။ အကြိမ်အကြိမ်အခါခါ လဲနေရတဲ့ လပခတိုင်းမှူးတောင် ကျုံးပြင် […]
(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄ ငလှိုင်အဖို့ရာမတော့ မဲခေါင်စည်းဝေးမှာ တိုင်းပြည်ကို ဖဲပေါင်ရိုက်ရင်း အရပ်နဲ့မမီတာတွေ လှမ်းလိုက်၊ ပါးစပ်နဲ့ မမီတာတွေ ပွားလိုက်နဲ့ မွှားကိုက်တဲ့ခွေးနာလို ပြေးခါဖို့ကလည်း မဖြစ်၊ ကုတ်ခြစ်ဖို့ကလည်း မမီ တအီအီနဲ့ ဖင်သီနေရတဲ့ဘွ။ မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်မှာ ငလှိုင်က “တချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုများဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရအစိုးရများ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ ပါးစပ်ရော အရပ်ရောမမီတာတွေကို တကယ့်ထိပ်တန်းနိုင်ငံကြီးမှာ အမြန်နှုန်းနဲ့ တိုးတက်နေသူတွေရှေ့ ကိုယ်တိုင်မီးတိုက်ထားလို့ ပြာပုံထဲမှာနေတဲ့ကောင်က အူတဲ့အူတဲ့ ဟောင်ပြတော့ […]
(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄ အောင်သမာဓိ လေဆိပ်မှာ ဖျာလိပ်ခိုင်းခံရတာကို ကြည့်ရင် သူဌေးအားလုံးဟာ မအလဓာတ်စာတွေချည်းဘဲ။ တတိုင်းပြည်လုံးက ပိုက်ဆံ သူ့ပိုက်ဆံချည်းပဲလို့ သဘောထားတဲ့နေရာမှာတော့ ပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ ပိုက်ဆံကိုတောင် လှမ်းငတ်ကြီးကျနေတာ ကြည့်ပေါ့။ ခု ရွှေကြီးစည်းစိမ် ငါ့စည်းစိမ်လုပ်နေလို့ သာဂေါင်ကြီးလက်ထက် ပြည့်ဘဏ္ဍာခိုးလာတဲ့ကောင်တွေအကုန်လုံး ပြာနေပြီ။ နိုင်ငံတော်သစ္စာဖောက်မှု တပ်လိုက်ရင် မယားငယ်ရော သမီးပါ သိမ်းလို့ရမဟုတ်လား။ သူတို့ကိုလည်း အာဏာသိမ်းစကတည်းက မသိမသာကနေ သိသိသာသာ အကျယ်ချုပ်လုပ်လာခဲ့တာ ဆေးတောင် ထွက်ကုလို့မရလို့ အဘထဘဲ ရှူနေကြရတော့တာ ကြည့်ပေါ့။ ခု တိုင်းပြည်ကို မဟာမဲခေါင်မှာ ငနာ ဖဲပေါင်ရိုက်နေပြီ။ ယူနန်ဘဲက ဝနော် ကြိုက်တာ လာလုပ်မယ်ဆို မအလက တဝုတ်ဝုတ်နဲ့ အမြီးနှန့်နေတော့တာ။ သူက ထရန့်တောင် […]
(မိုးမခ) နိုဝင်ဘာ ၆ ၊ ၂၀၂၄ ရှေးဘုရင်များ အသက်အရွယ်ရလာ၊ ကံတော်ကုန်ခါနီးလာတော့ရင် ကောင်းမှုတော်စာရင်းတွေ ဖတ်ဖတ်ပြခိုင်းသတဲ့။ ဘဝင်မြူးအောင်တို့၊ ဘဝကူးကောင်းအောင်တို့ ဖြစ်မှာပေါ့။ ဒို့ ဘုရားဒကာကြီးရဲ့ ကောင်းမှုတွေ ဖတ်ပြဖို့တော့ မလွယ်လောက်ပေဘူး။ သူ့သက်တမ်းအတွင်း ပြီးဆုံးအောင် ရွှေနားပန်ဆင်နိုင်မယ် မထင်ဘူး။ ခုက သူတရုတ်မသွားခင် မှီသလောက်လေး ဖတ်ပြတာပါ။ ပြန်ရောက် မရောက်ကလဲ မသေချာတော့ ဘဝကူးကောင်းအောင်ပေါ့လေ။ သူကကျ သူများလက်ထဲက အာဏာ သေနတ်ပြသိမ်းပြီး သူ့မကျေနပ်လို့ဆန္ဒပြတော့ ခေါင်းပစ်တယ်။ အဲလေ ခေတ်ပြောင်းတယ်ပေါ့လေ။ ဒါ ပထမဆုံးကောင်းမှူတော်။ နောက်တော့ နေ့တိုင်းလိုလို လေယဉ်နဲ့ဗုံးကြဲတယ်၊ ပြီးတော့ ဗုံးခိုကျင်း မတူးရအမိန့်ထုတ်တယ်။ ဇီဝိတဒါနပြုပုံဆန်းကျယ်တယ်နော်။ သူ့အသက်တော့မဟုတ်၊ သူများအသက်စွန့်ခိုင်းတာ။ ဘုရားဒကာဆန်ချက်တော့။ စစ်ကြောင်းထိုးတယ်၊ ကလေးအမေနဲ့ အမယ်အိုကအစ လူသားဒိုင်းလုပ်ဖို့ ပစ္စည်းသယ်ဖို့ […]
(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄ တမြို့ပြီးတမြို့ အသိမ်းခံနေရသလို၊ နောက်ထပ် တိုင်းစစ်ဌာချုပ်ကြီးတခုလည်း ပါလုပါခင် ဖြစ်နေတဲ့ ကာလမျိုးမှာတောင် ကြင်စိုးက ပြုံးလိုက် ရယ်လိုက်နဲ့ ဆိုတော့၊ ဘေးနားကလူတွေ စိတ်ထဲ သို့လော သို့လော ဖြစ်လာကြတယ်။ အင်း၊ အရင်လို ယဉ်ယဉ်လေး ရူးနေတာကနေ၊ အခုတော့ သွက်သွက်ခါအောင် ရူးသွားခဲ့ပြီလား ဆိုပြီး တွေးစပြုကုန်ကြတယ်။ ဘယ်လိုပဲရူးရူး ကြင်စိုးက အရူးပါး၊ အဲဒီ’ သို့လော’အုပ်စုထဲ မဲလုံးလည်း ပါနေတာကို သူက သတိထားမိတယ်။ ‘တပည့်ကျော်ကြီး မဲလုံး၊ မင်း ငါ ဘာဖြစ်နေတာလဲလို့ တွေးနေတယ် မဟုတ်လား’ မဲလုံးက စကားမှားသွားမှာစိုးလို့၊ ဘာမှပြန်မဖြေ။ ဒါပေမဲ့ ဆက်ပြောပါဦး ဘပုရဲ့ ဆိုတဲ့ စူးစမ်းအကြည့်နဲ့ ကြင်စိုးကို […]