ylliX - Online Advertising Network

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၈ )

(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ 22/11/24 Diary in the darkness  ကျောက်ဖြူမှာ စစ်ကောင်စီတပ်တွေနဲ့ တရုတ်လုံခြုံရေး ကုမ္ပဏီတပ်‌တွေ နေရာယူထားပြီလို့ သူငယ်ချင်းတစ်ယောက်က စိုးရိမ်တကြီး ဖုန်းဆက်တယ်။ ခုတလော မြန်မာပြည်သူတွေဟာ တရုတ်လုံခြုံရေးကုမ္ပဏီတွေက မြန်မာ့လုံခြုံရေးကို တာဝန်ယူတော့မယ်၊ တရုတ်လက်နက်ကိုင်တွေ မြန်မာပြည်ထဲ ဝင်လာတော့မယ်၊ နွေဦးတော်လှန်ရေးကို တရုတ်က နှိပ်ကွပ်တော့မယ် ဆိုတဲ့ သတင်းတွေ တဟုန်ထိုး ပျံ့နှံ့နေတယ်။ မြန်မာပြည်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့အတူ တရုတ်ဆန့်ကျင်ရေးစိတ်တွေ တဖွားဖွားပေါ်လာနေကြတယ်။ စစ်ရှုံးလို့ ကြံရာမရ ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ တရုတ်သည်သာအမိ၊ တရုတ်သည်သာ အဖ စီမံချက်ကြီးကို လူထုက ရွံရှာ စက်ဆုပ်နေကြတယ်။ စစ်ကောင်စီကို မုန်တီးရွံရှာတဲ့စိတ်ဟာ တရုတ်အပေါ်ကို ပုံကျလာနေပါပြီ။ တရုတ်ဟာ မြန်မာလူထုကို မင်းအောင်လှိုင်နဲ့ပေါင်းပြီး […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၇ )

(မိုးမခ) နိုဝင်ဘာ ၁၃ ၊ ၂၀၂၄ 12/10/24 Diary in the darkness  အန်ကယ် တူမီး အမေရိကန် ပထမ လို့ ကြွေးကြော်ကာ ကိုယ်ကျင့်သိက္ခာ အားနည်းတဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကူညီမယ်လို့ ကြွေးကြော်ကာ တရုတ်က လူသတ်သမား မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား ထောက်ခံကူညီလိုက်တယ်။  တရုတ်ပြန် မင်းအောင်လှိုင်ဟာ မိုးကုတ်ကို ဗုံးမိုးရွာတယ်။ လူသတ်တဲ့နေရာမှာ ပိုပြီး ဇက်ရဲ လက်ရဲ နိုင်လာတယ်။ သူ့တပ်တွေကတော့ ခြေသွက်လာတယ်။ ပြေးတဲ့နေရာမှာ။ ရခိုင်မှာ အရာရှိကြီးတွေအပါအဝင် လူ သုံးရာကျော် တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချတယ်။  မင်းအောင်လှိုင် စိနတိုင်းက ပြန်ရောက်ရောက်ချင်း ကထိန်ခင်းတယ်။ ပါချုပ်ဆရာတော်ကို ဆွမ်းကပ်နေပုံတွေ စစ်တပ်မီဒီယာတွေမှာ  […]

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – မသာကိန်းညီ ဝါစိမ်းနီ

(မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၂၄ မင်္ဂလာဆောင်မှာ နွားပြောက်ကြီးတရှဉ်း လက်ဖွဲ့တယ် ဆိုသလို ကြင်စိုးကတော့ တရုတ် သွားပြီး မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း လုပ်ငန်းစမယ်လို့ ပေါရဲ၊ အဲ အဲ ဖောရဲတယ်။  အဲဒီလို ဖောတာဟာ မအလ ငကြင်စိုးရဲ့ ကနေကျ အရူးကွက် ဆိုတာ လူတိုင်း သိပါတယ်။ မင်္ဂလာလက်ဖွဲ့တဲ့ နွားနှစ်ကောင်က ရရစ်နဲ့ နွားပြောက်ကျား နွားနှစ်ကောင် မဟုတ်ဘဲ ယပင့်နဲ့ ပျောက်သွားတဲ့ နွားနှစ်ကောင် မဟုတ်လား။ အင်း ခုလည်း ကျောက်ဖြူလဲ သူ့လက်ထဲမရှိ၊ မူဆယ်လဲ မတွယ်သေးလို့သာ ဒါလဲ၊ တကယ်တမ်းက သူ့လက်ထဲမရှိ၊ မန္တလေးတောင် ဒေါက်တာ စိုးသူရဇော်လက်ထဲရောက်တော့မှာ။ အကြိမ်အကြိမ်အခါခါ လဲနေရတဲ့ လပခတိုင်းမှူးတောင် ကျုံးပြင် […]

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ငလှိုင် ငလှိုင် တအိုင်အိုင်

(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄ ငလှိုင်အဖို့ရာမတော့ မဲခေါင်စည်းဝေးမှာ တိုင်းပြည်ကို ဖဲပေါင်ရိုက်ရင်း အရပ်နဲ့မမီတာတွေ လှမ်းလိုက်၊ ပါးစပ်နဲ့ မမီတာတွေ ပွားလိုက်နဲ့ မွှားကိုက်တဲ့ခွေးနာလို ပြေးခါဖို့ကလည်း မဖြစ်၊ ကုတ်ခြစ်ဖို့ကလည်း မမီ တအီအီနဲ့ ဖင်သီနေရတဲ့ဘွ။ မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်မှာ ငလှိုင်က  “တချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုများဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရအစိုးရများ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ ပါးစပ်ရော အရပ်ရောမမီတာတွေကို တကယ့်ထိပ်တန်းနိုင်ငံကြီးမှာ အမြန်နှုန်းနဲ့ တိုးတက်နေသူတွေရှေ့ ကိုယ်တိုင်မီးတိုက်ထားလို့ ပြာပုံထဲမှာနေတဲ့ကောင်က အူတဲ့အူတဲ့ ဟောင်ပြတော့ […]

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – တော်လှန်ရေးသမ္မာအာဇီဝ

(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄  အောင်သမာဓိ လေဆိပ်မှာ ဖျာလိပ်ခိုင်းခံရတာကို ကြည့်ရင် သူဌေးအားလုံးဟာ မအလဓာတ်စာတွေချည်းဘဲ။ တတိုင်းပြည်လုံးက ပိုက်ဆံ သူ့ပိုက်ဆံချည်းပဲလို့ သဘောထားတဲ့နေရာမှာတော့ ပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ ပိုက်ဆံကိုတောင် လှမ်းငတ်ကြီးကျနေတာ ကြည့်ပေါ့။ ခု ရွှေကြီးစည်းစိမ် ငါ့စည်းစိမ်လုပ်နေလို့ သာဂေါင်ကြီးလက်ထက် ပြည့်ဘဏ္ဍာခိုးလာတဲ့ကောင်တွေအကုန်လုံး ပြာနေပြီ။ နိုင်ငံတော်သစ္စာဖောက်မှု တပ်လိုက်ရင် မယားငယ်ရော သမီးပါ သိမ်းလို့ရမဟုတ်လား။ သူတို့ကိုလည်း အာဏာသိမ်းစကတည်းက မသိမသာကနေ သိသိသာသာ အကျယ်ချုပ်လုပ်လာခဲ့တာ ဆေးတောင် ထွက်ကုလို့မရလို့ အဘထဘဲ ရှူနေကြရတော့တာ ကြည့်ပေါ့။ ခု တိုင်းပြည်ကို မဟာမဲခေါင်မှာ ငနာ ဖဲပေါင်ရိုက်နေပြီ။ ယူနန်ဘဲက ဝနော် ကြိုက်တာ လာလုပ်မယ်ဆို မအလက တဝုတ်ဝုတ်နဲ့ အမြီးနှန့်နေတော့တာ။ သူက ထရန့်တောင် […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၆ )

(မိုးမခ) နိုဝင်ဘာ ၁ ၊ ၂၀၂၄ 31/10/24 Diary in the darkness  ရာသီက ပူပြင်းစ ပြုပြီ။ မီးလာချိန်နည်းတော့ လေအေးပေးစက်လည်း မဖွင့်နိုင်။ ဖုန်းအားသွင်းဖို့တောင် အနိုင်နိုင်။  လမ်းမတွေပေါ်မှာ ကထိန်အလှူခံတွေက အသံချဲ့စက်တွေ အပြိုင်ဖွင့်ကြ။ ဘာသာရေး ခုတုံးလုပ်ပြီး အပျော်ကြူးသူတွေ များပြား။ ဆူညံသံကြောင့် လူတွေ စိတ်ညစ်ရ။ တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်သော ဗုဒ္ဓအတွက် ဟု ဆိုကာ ဆူဆူညံညံ အလှူခံသူတွေ အင်အားပြနေကြ။  တနိုင်ငံလုံးမှာ ဗုံးသံတွေကလဲ ဆူဆူညံညံပါပဲ။ လားရှိုးမှာ ဗုံးတွေ ကြဲတုန်း။ မေမြို့မှာတော့ စစ်ခရာသံတွေ ကြားနေရပြီ။ ရခိုင် အမ်းမြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစင်း ပစ်ချခံရ။ ဒုတိုင်းမှူး အပါအဝင် အရာရှိကြီးတွေ […]