ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်းရှိ တောင်ပေါ်မြို့လေး ဆားပါးက ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ၊ ထူးခြားတဲ့ ရိုးရာဓလေ့တွေ၊ တိုင်းရင်းသားကျေးရွာတွေကြောင့် နာမည်ကျော်ပါတယ်။ ဆားပါးရှိ တိုင်းရင်းသားကျေးရွာတွေအနက် အလှဆုံးကတော့ ကတ်ကတ်ကျေးရွာ (Cat Cat Village) ပဲဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့တောတောင်တွေ၊ လှေကားထစ်စိုက်ခင်းတွေနဲ့ တိမ်ပင်လယ်တွေကြားတည်ရှိလို့ ဆားပါးသွားလည်သူတိုင်း အရောက်သွားသင့်တဲ့ ကျေးရွာလေးပါ။ တောင်ပေါ်ကျေးရွာဖြစ်တဲ့အလျှောက် တစ်နှစ်ပတ်လုံး အေးမြနေလို့ ဘယ်ရာသီမဆို သွားလာရ အဆင်ပြေပါတယ်။ ၂၀ ရာစုအစောပိုင်းက ပြင်သစ်လူမျိုးတွေက ဒီကျေးရွာနေရာကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ရှုခင်းသာယာလွန်းလို့ အပန်းဖြေနေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ရွာမှရှိတဲ့ CatScat ရေတံခွန်နာမည်ကို အမှီပြုပြီး Cat Cat ကျေးရွာလို့ အမည်မှည့်ခေါ်ခဲ့ကြတာပါ။ ကတ်ကတ်ရွာမှာ ဆားပါးရှိ တိုင်းရင်းသားတွေအနက် လူဦးရေအများဆုံးဖြစ်တဲ့ မှုန်တိုင်းရင်းသားလူမျိုးတွေနေထိုင်ပါတယ်။ ရွာသူရွာသားတွေအနေနဲ့ လှေကားထစ်စိုက်ခင်းတွေမှာ စပါးစိုက်ကြသလို ချည်ထည်နဲ့ ဘရိုကိတ်စတွေလို […]
Please create an employee account to be able to mark statistics as favorites. Then you can access your favorite statistics via the star in the header. Register now Currently, you are using a shared account. To use individual functions (e.g., mark statistics as favourites, set statistic alerts) please log in with your personal account. If […]
ဥရောပတိုက် တောင်ပိုင်းရှိ အီတလီနိုင်ငံအတွင်းမှာ နိုင်ငံ နှစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဗာတီကန်စီးတီး (Vatican City) နဲ့ ဆန်မာရီနို (San Marino) နိုင်ငံတို့ပဲဖြစ်ပါတယ်။ ဗာတီကန်စီးတီးက ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်ပြီး ပိုပြီးထူးခြားစွာနဲ့ အီတလီနိုင်ငံရဲ့ မြို့တော် ရောမမြို့ထဲ တည်ရှိနေတာပါ။ ဆန်မာရီနိုနိုင်ငံကတော့ အီတလီနိုင်ငံ အလယ်မြောက်နားရှိ Rimini မြို့နားမှာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံပါ။ ဆန်မာရီနိုက ဥရောပ တတိယအသေးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ပဉ္စမမြောက်အသေးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၂၄ စတုရန်းမိုင်သာ ကျယ်ဝန်းပြီး လူဦးရေလည်း တစ်နိုင်ငံလုံးမှ ၃သောင်းကျော်သာ ရှိပါတယ်။ အရွယ်အစား သေးငယ်ပေမဲ့ ပါလီမန်ကိုယ်စားပြု ဒီမိုကရက်တစ်သမ္မတနိုင်ငံအဖြစ် ထူးခြားတဲ့ နိုင်ငံရေးစနစ်ရှိပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး သမ္မတနိုင်ငံဖြစ်ပြီး အေဒီ ၃၀၁ ကတည်းက ခရစ်ယာန် ကျောက်သမား Marinus က […]
ဒေါသကိုထိန်းချုပ်ခြင်းသည် ကျန်းမာသော အပြုအမူများနှင့် ဆက်စပ်နေသည်။ ဒါဟာ ကိုယ့်အပေါ် အကျိုးသက်ရောက်မည့် အပြုအမူများနှင့် ပတ်သက်သည့် သဘောထားများကို ကောင်းမွန်စေပြီး လူမှုဆက်ဆံရေးများမှာလည်း အကျိုးရှိစေပါသည်။ ဒါကြောင့် ဒေါသကိုထိန်းချုပ်ရန် အတွက်အောက်ပါ အကြံဉာဏ်များကို လိုက်နာပါ။ အသိပညာရှိစေခြင်း: ဒေါသပေါ်လာတတ်တဲ့ အခြေအနေများကို သိရှိထားပါ။ ကိုယ့်ကိုယ်ကို သတိထားပြီး ဒေါသကြောင့် ဘာဖြစ်မယ်ဆိုတာ တွေးစဉ်ပါ။ အသက်ရှုသွန်သင်မှု: မီးတွေ့မိတဲ့အချိန်မှာ နားပြီးအသက်ရှုလေ့ကျင့်ပါ။ အတွင်းအပြင်အသက်ရှုပြီး အာရုံပြောင်းနိုင်ဖို့ ကူညီပါလိမ့်မယ်။ တစ်ချက်အာရုံချပေးပါ: မဖြစ်နိုင်တဲ့အခြေအနေမှာ ခဏနားပြီး အခြားအရာကို အာရုံစိုက်ပါ။ စာရေးပါ: ကိုယ့်ဒေါသနှင့်ပတ်သက်သည့် ခံစားချက်များကို စာရေးပါ။ ဒါက နားလည်နိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းများ: အားကစားလေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုလုံးအတွက် ကောင်းမွန်စေပါသည်။ အကူအညီလိုအပ်ပါက မေးမြန်းပါ: ဒေါသကို ထိန်းချုပ်ရန် […]
Nicolas Cage ပရိသတ်တွေ အသည်းစွဲဖြစ်တဲ့ National Treasure ရုပ်ရှင်နှစ်ကားဟာ တခေတ်တခါကအောင်မြင်ကျော်ကြားခဲ့ပါတယ်။ အခုလည်း National Treasure 3 အတွက် ပထမရုပ်ရှင်နှစ်ကားရဲ့ ဒါရိုက်တာ Jon Turteltaub က တတိယမြောက်ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းစတင်ရေးသားနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာ Jon Turteltaub ဟာ National Treasure 3 နဲ့ပက်သက်ပြီး Nicolas Cage ဟာ sequel မှာပြန်လည်ပါဝင်ချင်ကြောင်းပြောထားပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူအားစိုက်ထုတ်ပြီး တခြားဇာတ်ကောင်သရုပ်ဆောင်တွေအကုန်လုံးပြန်ပါလို့ ကြိုးစားနေပါတယ်။ ဒီကားမှာ Nicolas Cage က ဗီလိန်အဖြစ်ပြန်လာဖို့ ရှိတယ်လို့ပါပြောပါတယ်။ ဒီလို sequel ထွက်ဖို့ကြာမြင့်နေတာလည်း ပရိသတ်တွေကို မလောစေချင်ဖို့ဖြစ်ပြီး အကယ်လို့ တစ်ကားပြီးတစ်ကားထုတ်ပါက လူစိတ်ဝင်စားမှုလျော့နည်းသွားမှာစိုးလို့လို့ ပြောပါတယ်။ […]
Pixar ဟာ တလောတုန်းက Disney+ အတွက် လုပ်ငန်းတာဝန်တွေအများကြီးမလုပ်တော့မှာမို့လို့ ဝန်ထမ်း ၁၇၅ ယောက်တောင် လျှော့ချလိုက်တဲ့သတင်းကို ဖတ်မိမယ်ထင်ပါတယ်။ ဒီလိုလျှော့ချပြီး အရင်က Pixar စံတစ်ခုနဲ့ အရည်အသွေးကို ဘယ်လိုပြန်လည်ထိန်းသိမ်းမလဲဆိုတာနဲ့ပက်သက်ပြီး သတင်းထပ်မံထွက်ရှိလာပါတယ်။ အဲ့ဒါကတော့ အရင်ကအောင်မြင်ပြီးသား Pixar ရုပ်ရှင်တွေကို sequel ထွက်ရှိဖို့ လုပ်မှာပဲဖြစ်ပါတယ်။ Pixar ဟာ ကြမ်းတမ်းတဲ့နှစ်အနည်းငယ်ဖြတ်သန်းပြီးချိန်မှာ သူတို့ကုမ္ပဏီကို အရင်လိုပြန်ဖြစ်ဖို့ ချဉ်းကပ်နည်းကို သိပ်မဟန်ဘူးမြင်ပေမယ့် ဘယ်လိုလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဘာလို့ဆို အခုအချိန်မှာ တော်တော်များများက reboot, spin-off, sequel ဆိုတာတွေကို ကြားချင်၊ မြင်ချင်တာမဟုတ်လို့ပါ။ Finding Nemo နဲ့ The Incredibles ရုပ်ရှင်တွေကို လာမယ့်နှစ်အတွင်း sequel ထွက်ရှိဖို့ခေါင်းထဲမှာရှိတယ်လို့ Pixar ဥက္ကဌ Jim […]
အိန္ဒိယနိုင်ငံ၊ Rajasthan နယ်ရှိ ပန်းရောင်မြို့လေးဟု တင်စားခေါ်ဝေါ်ကြသည့် ဂျိုင်ပေါမြို့လည်မှာ ခမ်းနားထည်ဝါလှသည့် ဂျိုင်းပေါမြို့နန်းတော်ကြီး(City Palace Jaipur) တည်ရှိပါသည်။ ၎င်းကို ၁၈ ရာစုတွင် မဟာရာဂျာ Sawai Jai Singh II မှ တည်ဆောက်ခဲ့ပြီး ထိုအချိန်မှစကာ ယနေ့ထက်ထိ တော်ဝင်မိသားစု အစဉ်အဆက် နေထိုင်နေဆဲဖြစ်သည်။ နန်းတော်ကြီးကို ၁၇၂၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်အတော်ကြာအောင် ဘုရင်အဆက်ဆက် ဆောက်လုပ်ခဲ့ကြရသည်။ နန်းတော်ကြီးသည် နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်း၏ မူလခမ်းနားမှုနှင့် အလှကို ထိန်းသိမ်းထားနိုင်သဖြင့် ဂျိုင်ပေါမြို့၏ အကျော်ကြားဆုံး ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်ပါသည်။ နန်းတော်ကြီးသည် ဧရိယာအားဖြင့် ၇ ဧကကျော် ကျယ်ဝန်းပါသည်။ နန်းတော်ဝန်းထဲတွင် မဏ္ဍပ်များ၊ ဥယျာဉ်များ၊ အဆောက်အအုံများ၊ ဘုရားကျောင်းများ ပါရှိကာ […]
ဒီလပိုင်းတွေမှာ Tom Holland ရဲ့ Spider-Man 4 ရှိလာမယ်ဆိုတဲ့ သတင်းတွေကြားရမယ်ထင်ပါတယ်။ ပရိသတ်တစ်ယောက်အနေနဲ့ဆို ဒီ franchise ဟာ သူ့ရုပ်ရှင်တွေနဲ့ ပြီးပြည့်စုံနေပြီလို့ ခံစားရမှာဖြစ်ပေမယ့် နောက်ထပ်ထွက်ရှိမယ့်သတင်းတွေက များသထက်များလာတော့ တကယ်ပဲထွက်ရှိဖို့ဖြစ်လာမလားဆိုတာပါပဲ။ မရိုက်ဖြစ်၊ မထွက်ရှိဖြစ်လိုက်တဲ့ Batgirl ရုပ်ရှင်ဒါရိုက်တာတွေဖြစ်တဲ့ Bilall Fallah နဲ့ Adil El Arbi တို့ဟာ Spider-Man 4 အတွက် ရိုက်ကူးဖို့ရှိတယ်ဆိုတဲ့အသံထွက်လာပါတယ်။ အင်တာဗျူးနဲ့ Arabic MDC မှာ Spider-Man 4 နဲ့ ပက်သက်တဲ့ကောလဟာလတွေအကြောင်းမေးတဲ့အခါ ဒါရိုက်တာ Bilall Fallah က “ကျွန်တော် အဲ့အကြောင်း ပြောလို့မရဘူး” လို့ပဲဖြေကြားခဲ့ပါတယ်။ Sony ရဲ့ အမှုဆောင်ဒါရိုက်တာတစ်ယောက်ကလည်း Tom Holland ရဲ့ […]
Knives Out 3 ထွက်ရှိလာဖို့ကို ကြေငြာပြီးချိန်မှာ ပရိသတ်တွေအသိချင်ဆုံးက ပါဝင်ကြမယ့်သရုပ်ဆောင်တွေပါပဲ။ ဒီရုပ်ရှင် franchise ပရိသတ်တွေဟာ fancast တွေပါလုပ်နေပြီဖြစ်ပြီး ရုပ်ရှင်နာမည်ကြေငြာပြီးမကြာသေးခင်မှာပဲ ပါဝင်မယ့်သရုပ်ဆောင်တွေကို ဖော်ပြလိုက်ပါတယ်။ Priscilla နဲ့ Civil War သရုပ်ဆောင် Cailee Spaeny ဟာ Wake Up Dead Man: A Knives Out Mystery ထဲမှာပါဝင်လာတော့မှာဖြစ်ပြီး မကြာသေးခင်ကထွက်ရှိထားတဲ့ Challengers ရုပ်ရှင်နဲ့ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Josh O’Connor လည်း ပါဝင်မယ့်သရုပ်ဆောင်စာရင်းထဲ ဝင်လာခဲ့ပါတယ်။ ဒါရိုက်တာ Rian Johnson ဟာ အရှေ့မှာလည်း Outer Banks နဲ့နာမည်ကြီးလာတဲ့ Madelyn Cline ကို Glass Onion: A […]
Harry Potter ရုပ်ရှင်တွေရဲ့ အဓိကဇာတ်ကောင် Harry Potter သရုပ်ဆောင်ဖြစ်တဲ့ Daniel Radcliffe ဟာ အခုဖန်တီးနေတဲ့ Harry Potter စီးရီးနဲ့ပက်သက်ပြီး အမေးခံရတာကို ဒီလိုဖြေလာခဲ့ပါတယ်။ Harry Potter စီးရီးကို လုပ်ကိုင်နေတာကြာပြီဖြစ်ပြီး ဇာတ်ကောင်တွေအတွက် သရုပ်ဆောင်တွေလည်း ရွေးချယ်ပြီးသွားပါပြီ။ ပုံမှန်ဆို franchise တစ်ခု reboot လုပ်ရင် spin-off ဆိုရင် အရင်ကဇာတ်ကောင်သရုပ်ဆောင်တွေပြန်ပါလာတတ်ပေမယ့် ဒါနဲ့ပက်သက်ပြီး Daniel Radcliffe ကတော့ ဘယ်နည်းနဲ့မှ ပြန်မပါလာဘူးလို့ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော် တခြားသူတွေလို ကြည့်ဖို့စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့မှ ပြန်ပါလာမှာမဟုတ်ပါဘူး။ စိတ်ကူးယဥ်တွေနဲ့ ပရိသတ်တွေကို မျှော်လင့်ချက်မပေးချင်လို့ ဒီလိုပြတ်ပြတ်ပြောတာပါ။ ကျွန်တော်တို့ပြန်ပါလာတော့လည်း အလုပ်ဖြစ်မှာမှ မဟုတ်တာ။” Harry Potter စီးရီးဟာ စာအုပ်တွဲထဲက […]