ylliX - Online Advertising Network

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း – iMyanmarHouse.com

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် Luxury ဟိုတယ်ကြီးများရှိ တပတ်ရစ် ပရိဘောဂများကို စုဆောင်းကာ ဝင်ငွေနည်းပါးသော မိသားစုများနှင့် အိမ်ရာမဲ့တို့အား လှူဒါန်းလျက်ရှိကြောင်း Koreatimes သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် ထိုသို့လှူဒါန်းနေသည်မှာ ၁၀ နှစ်ရှိပြီ ဖြစ်သည်။ အဆိုပါ ၁၀ နှစ်တာ ကာလအတွင်း ဆိုးလ်မြို့တော် နယ်နိမိတ်အတွင်းရှိ Luxury ဟိုတယ်ကြီး ၁၄ ခုနှင့် ပူးပေါင်းကာ တပတ်ရစ် ပရိဘောဂပေါင်း ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများသို့ လှူဒါန်းပေးခဲ့သည်။ ယခုနှစ်တွင် ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် အစီအစဉ်ဆက်လက်တိုးချဲ့လာပြီး အခြား ဟိုတယ် ၁၀ လုံးနှင့် ဆက်လက်ပူးပေါင်းမှု ပြုလုပ်လာသည်။ သို့အတွက် ပရိဘောဂများ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် အလုပ်အကိုင်မရှိသူများ၊ လမ်းပေါ်တွင် နေထိုင်ရမည့် […]

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည် – iMyanmarHouse.com

ယခုနှစ် သြဂုတ်လက ဗင်းနစ်မြို့တွင် မိတ်ဆက်ပြသခဲ့ပြီး လာမည့် ဒီဇင်ဘာတွင် အမေရိကန်ပြည်ရှိ ရုပ်ရှင်ရုံများ၌ ရုံတင်တော့မည့် Babygirl ရုပ်ရှင်တွင် ထက်မြက်သော စီအီးအိုတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသူ နစ်ကိုးကစ်မင်း၏ ဇာတ်ကောင်နေထိုင်ရာ နေရာအဖြစ် ရိုက်ကူးပြသခဲ့သော နယူးယောက်မြို့မှ duplex Penthouse ခန်း လျှော့ဈေးဖြင့် ရောင်းချရန် ရှိနေသည်။ Babygirl ရုပ်ရှင်မှာ iMDb rating 6.0 ရရှိထားပြီး စွမ်းအား၊ ရမ္မက်ပြင်းပြမှုတို့အပေါ် အခြေခံထားသော ရုပ်ရှင်ဖြစ်ကာ လာမည့် ခရစ္စမတ်နေ့တွင် အမေရိကန်ပြည်တဝန်း ရုံတင်ပြသရန် စီစဉ်ထားသည်။ နစ်ကိုးကစ်မင်းသည် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အဆိုပါဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီး အဖြစ် Volpi Cup ရရှိထားသည်။ Penthouse ခန်းတည်နေရာမှာ နယူးယောက်မြို့မှ 200 Amsterdam အမည်ရှိ ကွန်ဒိုအဆောက်အအုံတွင် […]

ဝိုင်ပုလင်းအခွံ ခပ်မိုက်မိုက် ပစ္စည်း ဖန်တီး

အိမ်မှာ သောက်ပြီးသား ဝိုင်ပုလင်းအခွံ တွေရှိရင် အလွယ်တကူ မပစ်လိုက်ပါနဲ့။ ကွီးတို့ ကိုယ်တိုင်လက်လုပ် အမိုက်စား ပစ္စည်းလေးတွေ ဖန်တီးလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝိုင်ပုလင်းအခွံတွေနဲ့ ပစ္စည်း အမိုက်စားလေးတွေ ဖန်တီးလို့ရမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ DIY နည်းလမ်းလေးတွေကို ပြောပြပါမယ်။ (၁) ဝိုင်ပုလင်း မီးဆိုင်း Photo : The Spruce Crafts ဝိုင်ပုလင်းအခွံ တွေကို သေချာဖြတ်တောက်ပြီး ချိတ်ဆွဲလို့ရမယ့် အလှဆင်မီးဆိုင်းလေးတွေ ဖန်တီးလို့ ရပါတယ်။ (၂) အလှပန်းအိုး Photo : The Spruce Crafts ဒါလေးကတော့ ဝိုင်ပုလင်းအခွံ တွေနဲ့ ဖန်တီးနိုင်မယ့် အလှပန်းအိုးတွေပါ။ ဝိုင်ပုလင်းပေါ်မှာ စိတ်ကြိုက်အရောင်ခြယ်တာ ၊ အလှဆင်တာတွေ ကွီးတို့ စိတ်ကူးရှိသလို ပုံဖော်ဖန်တီးနိုင်ပါတယ်။ […]

လင်းလက်နွေဦး – နေရစ်လေဦး

(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၄ ရေကူးသန်တဲ့ ဇနကမင်း သရက်နှစ်ပင်မှာလည်း အမြင်သန်တယ်။ “ကင်းပသီးနှစ်၊ ပင်သနစ်မူ မာန်ယစ်ကြွားကြွား၊ ငါတကားဟု… ‘ ဒီကဗျာဆရာကလည်း အမြင်မှန်တယ်။ ရင်ပြင်တော်ပေါ်ရောက် ဘုရားနဲ့ မတွေ့ပေမယ့် ဘုရားကြိုဆိုရေးတွေ ညှိခဲ့တဲ့ ဖယောင်းတစ်တိုင် ငုတ်တုတ်ကြီး ကျန်ရစ်ခဲ့တယ်။ ငါ အားလုံး တော်လှန်နေတဲ့ကြား အသက်ရှင်ရေးအတွက် ပြားပြားကြီး ဝပ်နေရစ်ခဲ့တာ ရှက်တယ်။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link

ဗြိတိန်-ပြင်သစ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဒုံးကျည်ကို ပထမဆုံးသုံးပြီး ယူကရိန်းက ရုရှားကိုတိုက်ခိုက်

ယူကရိန်းနိုင်ငံဟာ အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားပြည်တွင်းထဲအထိ ပစ်ခတ်တိုက်ခိုက်ပြီး တစ်ရက်ကျော်အကြာ နိုဝင်ဘာ ၂၀ ရက်နေ့မှာပဲ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Storm Shadow လို့ခေါ်တဲ့ ဒုံးကျည်တွေကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုပြီး ရုရှားပြည်တွင်း ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။ ယူကရိန်းဟာ ဗြိတိန်ဘက်က ပေးထားတဲ့ ဒုံးကျည်တွေနဲ့ ရုရှားပိုင်နက်ကို ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို အတည်ပြုပြောဆိုခဲ့သလို ဗြိတိန်သတင်းဌာနတွေကလည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒုံးကျည်တွေ အသုံးပြုခဲ့တယ်လို့‌ ရေးသားဖော်ပြခဲ့ကြပါတယ်။ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်အူမာရော့ (Rustem Umerov) ကတော့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်လုပ် ဒုံးကျည်တွေ အသုံးပြုမှုကို အတည်လည်းမပြုသလို ငြင်းလည်း မငြင်းဆန်ခဲ့ပါဘူး။ “ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ […]

ခရီးသွားရာသီ လမ်းများကောင်းမွန်ရေး ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် လမ်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ပြင်ဆင်နေ

ခရီးသွားရာသီတွင် လမ်းများကောင်းမွန်ရေး ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် လမ်းလုပ်ငန်းများအား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်မြှင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ပုသိမ်မြို့၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် နိုဝင်ဘာ (၁၉) ရက်က ကျင်းပရာတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မှ တက်ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်-ပုသိမ် လမ်းပိုင်းအား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်ဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်ရေးကို အဓိကထားမှာကြားခဲ့ပြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းစီမံချက်များနှင့် လမ်းအသုံးပြုရန် အချိန်မီပြီးစီးရေးဆောင်ရွက်သွားမည့် အစီအမံများ၊ လမ်းအထူးအဖွဲ(၂၁)၊ မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင် လမ်းဦးစီးဌာန […]

စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) ရဲဘော်များက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များက ၁၅ မိနစ်ခန့် ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် (၉) ဦးသေဆုံး​ (၁၀) ဦးခန့် ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရသည်ဟု PRA-Magway၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။ ခြုံခိုတိုက်ခိုက်ခံရသော အင်အား ၄၀ ခန့်ရှိစစ်ကြောင်းသည် မစခ ၉၀၅ လက်အောက်ခံ တပ်များနှင့် […]

Civil war economy hits Myanmar garment workers

By AFP As civil war pounds Myanmar’s economy and drives up prices, garment worker Ma Wai Wai often starts her shift making clothes for international brands on an empty stomach. The orders she and thousands of others churn out for big names including Adidas, H&M and others bring in billions of dollars in export earnings […]

အားအပြည့်သွင်းထားရင် မိုင် ၁,၂၀၀ မောင်းနှင်နိုင်တဲ့ လျှပ်စစ်လေယာဉ် – MyTech Myanmar

အမေရိကန် အခြေစိုက် လျှပ်စစ် လေယာဉ်တွေကို ထုတ်လုပ်နေတဲ့ Electra က EL9 Ultra Short လျှပ်စစ် လေယာဉ်ကို မိတ်ဆက်လိုက်ပြီး လျှပ်စစ် လေယာဉ် လောကမှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ခရီးသည် ၉ ယောက်ကို တင်ဆောင်နိုင်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုနဲ့ အသံဆူညံမှု မရှိပါဘူး။ Electra ဟာ EL2 Goldfinch နမူနာမော်ဒယ်ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပြီးနောက်မှာ EL9 ကို တီထွင်နေပါတယ်။ EL9 ဟာ လေယာဉ် ပြေးလမ်း အရှည် မလိုဘဲ ဘောလုံးကွင်း အရွယ်လောက်ရှိတဲ့ ပြေးလမ်းပဲ လိုအပ်ပါတယ်။ အားအပြည့်သွင်းထားရင် ၁,၂၆၅ မိုင် ပျံသန်းနိုင်ပြီး ၁ နာရီကို ၂၀၁ မိုင် အမြန်နှုန်းနဲ့ […]