(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ တစ်နေ့က၊ တန်ဆောင်မုန်းလပြည့်ညက ရွာဦးစေတီတော်မှာ ဆီမီးပူဇော်ခဲ့တယ်။ ဆီမီးအစစ်ကြီးတော့ မဟုတ်ဘူးပေါ့လေ၊ ကာလံဒေသံနဲ့ ဖယောင်းတိုင်မီး ပူဇော်တာပေါ့။ စေတီလုံးတော်ပြည့်တော့ မတတ်နိုင်ပါဘူး၊ ဖိနပ်တော် ခေါ်သလား၊ ပန်းတင်ခုံ ခေါ်မလား၊ အောက်ခြေပေါ်မှာတင် ထွန်းညှိပူဇော်ခဲ့ပါတယ်။ ပြီးတော့ ထုံးစံ ဖြစ်နေပါပြီ၊ ‘မြန်မာနိုင်ငံ အမြန်ဆုံး လွတ်လပ်ပါစေကြောင်း’ တစ်ဆုပဲ တောင်းခဲ့ပါတယ်။ အများကြီး မဖြည့်ဆည်းနိုင်တောင်၊ တစ်ဆုတည်း တောင်းရင် အမြန်ဆုံး ပြည့်မယ် ထင်လို့ပေါ့။ မနက်ရောက်တော့ ရင်ပြင်တော်ပေါ် သန့်ရှင်းရေး ကုသိုလ်ပြုတော့၊ ဝမ်းနည်းစရာ အကြောင်းချင်းရာတစ်ခု သွားတွေ့တယ်။ အဲဒါက… ဆေးမကုတဲ့ ဆရာဝန်တွေကို ဆရာတစ်ယောက်က ‘မစပ်သော ငရုတ်သီးများ’လို့ တင်စားခဲ့ပါတယ်။ ငရုတ်သီးမှန်ရင် စပ်ရမယ်နော်။ လောကမှာ၊ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာဖို့ အတော်ခက်ပါတယ်။ ဖြစ်ထွန်းပေါ်ပေါက်ခဲတဲ့ ပညာရှင်တစ်ယောက်ဟာ အဲဒီ ကိုယ် တတ်မြောက်ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ လောကကို၊ မိမိ […]
(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၄ ရေကူးသန်တဲ့ ဇနကမင်း သရက်နှစ်ပင်မှာလည်း အမြင်သန်တယ်။ “ကင်းပသီးနှစ်၊ ပင်သနစ်မူ မာန်ယစ်ကြွားကြွား၊ ငါတကားဟု… ‘ ဒီကဗျာဆရာကလည်း အမြင်မှန်တယ်။ ရင်ပြင်တော်ပေါ်ရောက် ဘုရားနဲ့ မတွေ့ပေမယ့် ဘုရားကြိုဆိုရေးတွေ ညှိခဲ့တဲ့ ဖယောင်းတစ်တိုင် ငုတ်တုတ်ကြီး ကျန်ရစ်ခဲ့တယ်။ ငါ အားလုံး တော်လှန်နေတဲ့ကြား အသက်ရှင်ရေးအတွက် ပြားပြားကြီး ဝပ်နေရစ်ခဲ့တာ ရှက်တယ်။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄ မဖတ်ချင်ပေမယ့် ဖတ်စရာမရှိတဲ့အဆုံး၊ ဘူရိဒတ်ပျို့ကြီး ကောက်ဖတ်လိုက်ရတယ်။ ကာတွန်းဆရာ တစ်ယောက် ရေးထားသလိုပေါ့၊ ‘အကြံကုန်တော့ အကုန်ကြံတဲ့သူတွေချည်းပဲ’ မဟုတ်လား။ ဒီတော့ အချိန်တွေ အလကားဖြုန်းမပစ်နိုင်မယ့်အတူတူ ဘူရိဒတ် လိုက်ရပါတယ်။ လင်္ကာရှည်ကြီး၊ အဲဒီ အလင်္ကာနဲ့ လင်္ကာ ဆိုတာလည်း ခွဲမသိဘူးရယ်။ ‘အ’ဆိုတာ ‘မ’ပဲ၊ မကောင်းတာဘဲလို့ ကြားဖူးထားတော့၊ လင်္ကာ ဆိုတာကို ‘အ’ထည့်လိုက် တာ ကောင်းလား မကောင်းလား မသိပါဘူး။ သူ့ခေါင်းစဉ်အတိုင်း ‘လင်္ကာရှည်ကြီး’လို့ပဲ ပြောပါရစေ။ ငယ်ဆရာ တစ်ယောက်ကတော့ ‘လင်္ကာဆိုတာ အဆင်တန်ဆာပဲ’လို့ အမြဲပြောလေတော့၊ စကားလုံးတွေ ကဗျာတွေမှာ လှလှ ပပလေးဖြစ်အောင်၊ အဆင်ချောအောင် ပြင်ဆင်ရေးဖွဲ့တာမျိုးလို့ မှတ်ထားဖူးပါတယ်။ ခုခေတ်ကဗျာတွေမှာတော့ ‘နိမိတ်ပုံ’လို့ ပြောကြတယ်နော်။ […]