(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ တစ်နေ့က၊ တန်ဆောင်မုန်းလပြည့်ညက ရွာဦးစေတီတော်မှာ ဆီမီးပူဇော်ခဲ့တယ်။ ဆီမီးအစစ်ကြီးတော့ မဟုတ်ဘူးပေါ့လေ၊ ကာလံဒေသံနဲ့ ဖယောင်းတိုင်မီး ပူဇော်တာပေါ့။ စေတီလုံးတော်ပြည့်တော့ မတတ်နိုင်ပါဘူး၊ ဖိနပ်တော် ခေါ်သလား၊ ပန်းတင်ခုံ ခေါ်မလား၊ အောက်ခြေပေါ်မှာတင် ထွန်းညှိပူဇော်ခဲ့ပါတယ်။ ပြီးတော့ ထုံးစံ ဖြစ်နေပါပြီ၊ ‘မြန်မာနိုင်ငံ အမြန်ဆုံး လွတ်လပ်ပါစေကြောင်း’ တစ်ဆုပဲ တောင်းခဲ့ပါတယ်။ အများကြီး မဖြည့်ဆည်းနိုင်တောင်၊ တစ်ဆုတည်း တောင်းရင် အမြန်ဆုံး ပြည့်မယ် ထင်လို့ပေါ့။ မနက်ရောက်တော့ ရင်ပြင်တော်ပေါ် သန့်ရှင်းရေး ကုသိုလ်ပြုတော့၊ ဝမ်းနည်းစရာ အကြောင်းချင်းရာတစ်ခု သွားတွေ့တယ်။ အဲဒါက… ဆေးမကုတဲ့ ဆရာဝန်တွေကို ဆရာတစ်ယောက်က ‘မစပ်သော ငရုတ်သီးများ’လို့ တင်စားခဲ့ပါတယ်။ ငရုတ်သီးမှန်ရင် စပ်ရမယ်နော်။ လောကမှာ၊ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာဖို့ အတော်ခက်ပါတယ်။ ဖြစ်ထွန်းပေါ်ပေါက်ခဲတဲ့ ပညာရှင်တစ်ယောက်ဟာ အဲဒီ ကိုယ် တတ်မြောက်ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ လောကကို၊ မိမိ […]
(မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၄ “တောင်ဘက် ကားလမ်းမထွက်ကြနဲ့နော်။ ဒီနေ့ ပေါ်တာဆွဲမှာ မထွက်နဲ့ သုံးဘီးဆရာ” တွေ့တဲ့သူတိုင်း ပြောနေတာ။ မနက်စောပိုင်း ၆ နာရီပဲ ရှိသေးတယ်။ တောရွာ တောဓလေ့ဆိုတော့ လယ်ထဲ ယာထဲ သွားမယ့်သူတွေနဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း မြေပဲပေါ်တဲ့ရာသီ ဆိုတော့ ပဲဆွတ်သွားမယ့်အဖွဲ့၊ စပါးတွေ ပေါ်ခါနီးပြီဆိုတော့ လယ်ထဲသွားမယ့်သူတွေ မြို့တက်ပြီး ဈေးဝယ်ထွက်မယ့် အဖွဲ့တွေနဲ့ အားလုံးက မိန်းမတွေကြီးပဲဆိုတော့ ပြောကြ ဆိုကြ ပွက်လောရိုက်နေတာပဲ။ ကျနော် လယ်ထဲသွားဖို့ ရွာအလယ် ထွက်လာခဲ့လိုက်တယ်။ သုံးဘီးဆရာရဲ့အသံ ကြားတာနဲ့ လှမ်းမေးလိုက်တယ်။ “ဘာဖြစ်လို့လဲဗျ သုံးဘီးဆရာ။ ဒီနေ့ ပေါ်တာဆွဲမှာတဲ့ ညကတည်းက မြို့ပေါ်က ဖုန်းဆက်တယ်။ ဒါနဲ့ သုံးဘီးဆရာကော သုံးဘီးမထွက်ဘူးလား။ […]
ငရဲခန်းပျို့ လင်းလက်နွေဦး (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄ ဒီစာရဲ့ ခေါင်းစဉ်က လျှာရှည်ကြည့်မယ်ဆိုရင် (ငရဲ)ရယ်+ (ခန်း)ရယ်+ (ပျို့)ရယ် ဆိုပြီး ခွဲပါမယ်။ ကျမ်းတတ်ကြီးလိုလို ဆရာကြီးလိုလို လုပ်ပြတာပါ။ နည်းနည်းမှ လူအထင်ကြီးကြီးဆိုပြီး။ ‘ငရဲ’ဆိုတာ နိရယ= နိ (မရှိ)+ အယ (ချမ်းသာ) = ချမ်းသာမှု တစိုးတစိ မရှိတဲ့ အရပ်၊ နေရာကို ငရဲလို့ ခေါ်ပါတယ်။ ‘ခန်း’ဆိုတာ အခန်းကဏ္ဌပေါ့။ ‘ပျို့’ဆိုတာ ကျနော်တို့ ကြားဖူးပါတယ်၊ ဘူရိဒတ်ပျို့တို့၊ လောကသာရပျို့တို့၊ ဂမ္ဘီသာရပျို့တို့ ဘာတို့ပေါ့ဗျာ။ အပိုဒ်တွေ အများကြီး ခန်းခန်းနားနား စပ်ဆိုထားတဲ့ လင်္ကာရှည်ကြီးတွေ။ “သာကိယဟု၊ တေဇကျော်ဟိုး၊ မင်းရိုးအပေါင်း၊ ရှစ်သောင်းမျိုးနွယ်၊ သုံးဆယ်ပါရမီ၊ ဖြည့်ညီသမ္ဘာ၊ ဉာဏ်စကြာဖြင့်….’ […]