ylliX - Online Advertising Network

မြန်မာနိုင်ငံ စီးပွားရေးပညာ နှစ် (၁၀၀) | Ministry Of Information

ဒေါက်တာဝါဝါမောင် စီးပွားရေးပညာသည် ၁၉၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ Department of Economics စတင်ဖွင့်လှစ်ချိန်၌ ရောက်ရှိလာခဲ့သည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့်ခဲ့ချေပြီ။ လွန်ခဲ့သည့် အတိတ်ကာလ ၁၉၂၄ ခုနှစ်မှ စတင်၍ နိုင်ငံ့ စီးပွားရေးနှင့် ပြည်သူတို့၏ လူမှု-စီးပွားကဏ္ဍတို့တွင် စီးပွားရေးပညာက မည်သို့အကျိုးပြုခဲ့သည်ကို မကြာမီကာလတွင် စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရင်းဂုဏ်ပြုမှတ်တမ်းတင်စရာက များပြားလှသည် ဆိုသော်လွန်အံ့မထင်။ ပထမဆုံး စီးပွားရေးတက္ကသိုလ်များ၏ ဆောင်ပုဒ်ကိုကြည့်ပါက “ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ”ဟူသည့် လေးနက်တည်ကြည်မြင့်မားသော ပညာ၏ဂုဏ်ပုဒ်ကို တွေ့ရှိနိုင်ပါသည်။ ယနေ့စီးပွားရေးပညာဖြင့် အခြားနိုင်ငံနှင့် ရင်ပေါင်တန်းပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြ မည်ဆိုပါက ယနေ့ စီးပွားရေးပညာရှင်များသည် ထိရောက်မှု (Effectiveness) နှင့် စွမ်းဆောင်ရည် […]

မုန့်ဟင်းခါး စတုဒိသာအလှူ လူအယောက် ၁၀၀ စာ အသက် ၄၈ နှစ်ပြည့် မွေးနေ့ လှူဒါန်းခဲ့တဲ့ သတ္တိ –

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် သတ္တိရဲ့ ယနေ့ကျရောက်တဲ့ အသက် ၄၈ နှစ်ပြည့်မွေးနေ့ မုန့်ဟင်းခါး စတုဒိသာအလှူ လူအယောက် ၁၀၀ စာကို နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ‌သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားလမ်းနဲ့ သီရိခေမာ လမ်းထောင့်လမ်းပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။ “ကျွန်တော်က အသက် ၄၈ နှစ်ပြည့် မွေးနေ့လေးပါ။ ဒီနှစ်မွေးနေ့လေးမှာ ထူးထူးခြားခြားလေး ဖြစ်အောင် စတုဒိသာ ကျွေးခဲ့တာပါ။ အလှူအတန်းလေး လုပ်ရလို့လည်း ပီတိဖြစ်ရပါတယ်။ ကိုယ့်တစ်နိုင်လေး‌ပဲပေါ့။ လာရောက်သုံးဆောင် ကြသူတွေ တွေ့ရတော့ ပီတိဖြစ်ရပါတယ်။ အမက နေလို့သိပ်မကောင်းတော့ ညကအစောအိပ်သွားတော့ မွေးနေ့ လက်ဆောင်က ဘာမှမရတော့ဘူးလို့ တွေးထားတာ ည၁၂ နာရီ ထပြီး မွေးနေ့လက်ဆောင်ပေးလို့ပျော်ရပါတယ်” လို့ သရုပ်ဆောင် သတ္တိက […]

ကန့်ဘလူမှာ ဒေသခံ ၁၀၀ ကျော် စစ်ကောင်စီလက်အောက် ဖမ်းဆီးခံထားရ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တစ်လကျော် ကာလအတွင်း ဒေသခံ ၁၀၀ ကျော်ဟာ စစ်ကောင်စီလက်အောက် ဖမ်းဆီးခံထားရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီက စုံစမ်းသိရှိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကနေ အခုလ နို၀င်ဘာ ၅ ရက်နေ့အတွင်း ဖမ်းဆီးခံရသူ ၁၂၂ ယောက်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။   “မနေ့က ထပ် ဖမ်းဆီးခံရတာနဲ့ ဆိုတော့ ၁၂၀ ကျော်လာတာ။ နောက်ဆက်တွဲ သတင်းတွေတော့ ဘာမှမကြားရသေးဘူးဗျ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။   စစ်ကောင်စီဟာ ဒေသခံတွေကို ဖမ်းဆီးပြီးနောက် မြို့ပေါ်က တင့်ကားတပ်ရင်း တကရ – ၆၀၀၆ တပ်ကို ခေါ်သွားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။   လက်ရှိ အချက်အလက်တွေအရ […]

ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ – iMyanmarHouse.com

[Unicode] ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ ဘောလိဝုဒ်၏ Power Couple ဖြစ်သော ဒီပီကာ ပါဒူကိုနီနှင့် ရန်ဗီဆင်းတို့ စုံတွဲသည် ခမ်းနားလှသော နေအိမ်သစ်ဆီသို့ ပြောင်းရွှေ့နေထိုင်တော့မည့် အလားအလာ ရှိနေသည်။ မွမ်ဘိုင်းမြို့၊ ဘန်ဒရအရပ်တွင် တည်ရှိသည့် ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးမှာ ကမ္ဘာသိ ထင်ရှားသည်။   (ဆက်စပ်သတင်း) ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန် နေထိုင်သော မာန်နတ်အမည်ရှိ စံအိမ်ကြီး https://www.imyanmarhouse.com/news/read/1006444   ဒီပီကာနှင့် ရန်ဗီဆင်းတို့စုံတွဲဝယ်ယူလိုက်သော အခန်းမှာ မာနတ် စံအိမ်ကြီး၏ အနီးတွင် တည်ရှိသည်။ ရန်ဗီဆင်းတို့ ဝယ်ယူလိုက်သော အခန်းမှာ ဆောက်လုပ်ဆဲ စီမံကိန်းတစ်ခုတွင်ဖြစ်ပြီး မကြာသေးမီက ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုအရ […]

မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ နီးပါးအထိ မြင့်တက်လာဖွယ်ရှိနေဟု IMF ခန့်မှန်း

မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ နီးပါးအထိ မြင့်တက်လာဖွယ်ရှိနေဟု IMF ခန့်မှန်း – Myanmar Transparency News Source link

အမေရိကန်ပြည်၊ ဝါရှင်တန်တွင် နေအိမ်ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင် ၁၀၀ ကျော်ရောက်နေကာ နောက်မှ တကောက်ကောက်အလိုက်ခံနေရသဖြင့် အခက်ကြုံနေသူ အမျိုးသမီးတစ်ဦး – iMyanmarHouse.com

[Unicode] အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်၊ Kitsap ခရိုင်ရှိ Sheriff (ခရိုင်ရဲမှူး- ပြည်သူတို့ ရွေးကောက်မှုဖြင့် ခန့်အပ်လေ့ရှိ) ရုံးမှ လက်ထောက်အရာရှိတို့ထံ တိရ စ္ဆာန်များနှင့် စပ်လျဉ်းပြီး မကြာခဏ ဖုန်းဆက်တိုင်ကြားမှုများ ရှိသည်။ မွေးမြူရေးခြံများမှ လွတ်ထွက်လာသော တိရ စ္ဆာန်များကိစ္စ၊ ခွေးတို့၏ ပြဿနာရှာမှုများအကြောင်း ဖြစ်တတ်သည်။ သို့သော် 911 ထံ ဖုန်းဆက်လာမှုများအနက် Poulsbo မြို့အနီးတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက သူ၏ ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင်ရေများစွာ သွားလာနေပြီး မိမိနောက်သို့ တကောက်ကောက် လိုက်နေ ကြောင်း အကြောင်းကြားလာမှုမှာ ထူးခြားနေသည်။ (မှတ်ချက်။ ရက်ကွန်းသည် ဝံမျိုးစိတ်ဝင်ဖြစ်ပြီး မြောက်အမေရိက မျိုးရင်းဖြစ်သည်။ ဝံမျိုးစိတ်ဆိုသော်လည်း အလျား ၁၆ လက်မမှ ၂၈ လက်မအထိသာရှိသည်။ […]

အမ်းတိုက်ပွဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ ရောက်ရှိလာ – Western News

ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်လျှက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်” ဟုပြောသည်။ အမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း တိုက်ပွဲမှာ တိုင်းဌာနချုပ်နှင့် အလွန်နီးကပ်လာ၍ လေကြောင်းပစ်ကူမှု လျော့နည်းသွားသည်ဟု […]

ရက်ကွန်းဝံအကောင် ၁၀၀ လောက် ခြံထဲရောက်လာလို့ အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီ တောင်းခဲ့ရ

ရက်ကွန်းဝံအကောင် ၁၀၀ လောက်က ခြံထဲဝင်လာပြီး အစာ လာတောင်းနေလို့ အိမ်ထဲကနေ အပြင်မထွက်ရဲတဲ့ အမျိုးသမီးတစ်ယောက်က အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ပိုစဘိုမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက ရက်ကွန်းဝံမိသားစုကို အစာကျွေးလာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ၆ ပတ်ကစပြီး ရက်ကွန်းဝံအကောင်ရေ သိသိသာသာ များလာပြီး အကောင် ၁၀၀ ဝန်းကျင်အထိ ရှိလာခဲ့တာပါ။ အကောင်ရေ များလွန်းလို့ အမျိုးသမီးကြီးကလည်း အိမ်ပြင်မထွက်ရဲလောက်အောင် ကြောက်ရွံ့နေခဲ့ပြီး အရေးပေါ်အဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခဲ့တာပါ။ ပိုစဘိုမြို့မှာ ရက်ကွန်းဝံတွေကို တွေ့နေကြဖြစ်ပေမဲ့ ဒီလောက် အကောင်ရေအများကြီး တစ်ခါမျှမတွေ့ဖူးလို့ အရေးပေါ်အဖွဲ့ပါ အံ့အားသင့်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အရေးပေါ်အဖွဲ့က ရက်ကွန်းဝံတွေကို ခြောက်လှန့်ရှင်းလင်းပေးခဲ့ပြီး နောက်ထပ်အစာကျွေးတာမျိုး မလုပ်ဖို့ […]

ဒေါ်လာ ၁၀၀ ဝန်းကျင်ပဲ ရှိတဲ့ Honor X5b နဲ့ X5b Plus ကို ကြေညာ – MyTech Myanmar

Skip to content Honor က X5b နဲ့ X5b Plus အမည်ရ တန်ဖိုးနည်း စမတ်ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းတွေကို အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ရောင်းချပေးလိုက်ပါပြီ။ အဲဒီဖုန်းတွေရဲ့ Specs တွေဟာ အများစု တူညီကြပြီး Plus က အနည်းငယ်ပိုကောင်းပါတယ်။ Honor X5b နဲ့ X5b Plus မှာ LTE ပဲ ထောက်ပံ့တဲ့ Helio G36 Chipset မောင်းနှင်ထားပြီး Android 14 အခြေပြု MagicOS 8.0 ပါပါတယ်။ 6.56” LCD 720p Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch […]

ဧရာဝတီတိုင်းမှာ မိုးစပါး စထွက်၊ တင်း ၁၀၀ ကို ၁၇ သိန်းဈေးသာရလို့ တောင်သူတွေ အရှုံးပေါ်

မြန်မာပြည်ရဲ့ ဆန်အိုးကြီး ဧရာဝတီတိုင်း၊ ဒေသတချို့မှာ ဒီနှစ် ၂၀၂၄ အတွက် မိုးစပါးတွေ စတင်ထွက်ရှိလာနေပြီး တချို့ဒေသတွေမှာတော့ ရိတ်သိမ်းနေဆဲဖြစ်တယ်လို့ တောင်သူလယ်သမားတွေဆီကနေ သိရပါတယ်။   ဒီနှစ် အောက်တိုဘာလဆန်းပိုင်းကစပြီး ဆန်ကြမ်းအနွယ်ဝင်စပါးအမျိုးအစားတွေဖြစ်တဲ့ ဆင်းသုခ၊ အလဲဗင်း၊ ထွန်းပု၊ ကရင်မ၊ ရက်ကိုးဆယ် စတဲ့ စပါးအမျိုးအစားတွေ စတင်ရိတ်သိမ်းနေတာ ဖြစ်တယ်လို့ ၎င်းတို့က ပြောပါတယ်။   ရေကြီးနစ်မြုပ်မှုနဲ့ ပိုးကျတာတွေကြောင့် ဒီနှစ် စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။   “အခုမှစရိတ်တုန်းဆိုတော့ ဘယ်လောက်အထွက်နည်းတယ်ဆိုတာတော့ မပြောတတ်သေးဘူး။ ရေမြုပ်တာတွေ၊ လယ်ပျက်စီးတာတွေတော့ရှိတယ်။ စပါးအထွက်နည်းမယ်လို့တော့ထင်ပါတယ်” လို့ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။ ဒါ့အပြင် […]