ylliX - Online Advertising Network
အမေရိကန်ပြည်၊ ဝါရှင်တန်တွင် နေအိမ်ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင် ၁၀၀ ကျော်ရောက်နေကာ နောက်မှ တကောက်ကောက်အလိုက်ခံနေရသဖြင့် အခက်ကြုံနေသူ အမျိုးသမီးတစ်ဦး - Property Knowledge in Myanmar from iMyanmarHouse.com

အမေရိကန်ပြည်၊ ဝါရှင်တန်တွင် နေအိမ်ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင် ၁၀၀ ကျော်ရောက်နေကာ နောက်မှ တကောက်ကောက်အလိုက်ခံနေရသဖြင့် အခက်ကြုံနေသူ အမျိုးသမီးတစ်ဦး – iMyanmarHouse.com


[Unicode]

အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်၊ Kitsap ခရိုင်ရှိ Sheriff (ခရိုင်ရဲမှူး- ပြည်သူတို့ ရွေးကောက်မှုဖြင့် ခန့်အပ်လေ့ရှိ) ရုံးမှ လက်ထောက်အရာရှိတို့ထံ တိရ စ္ဆာန်များနှင့် စပ်လျဉ်းပြီး မကြာခဏ ဖုန်းဆက်တိုင်ကြားမှုများ ရှိသည်။

မွေးမြူရေးခြံများမှ လွတ်ထွက်လာသော တိရ စ္ဆာန်များကိစ္စ၊ ခွေးတို့၏ ပြဿနာရှာမှုများအကြောင်း ဖြစ်တတ်သည်။

သို့သော် 911 ထံ ဖုန်းဆက်လာမှုများအနက် Poulsbo မြို့အနီးတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက သူ၏ ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင်ရေများစွာ သွားလာနေပြီး မိမိနောက်သို့ တကောက်ကောက် လိုက်နေ ကြောင်း အကြောင်းကြားလာမှုမှာ ထူးခြားနေသည်။

(မှတ်ချက်။ ရက်ကွန်းသည် ဝံမျိုးစိတ်ဝင်ဖြစ်ပြီး မြောက်အမေရိက မျိုးရင်းဖြစ်သည်။ ဝံမျိုးစိတ်ဆိုသော်လည်း အလျား ၁၆ လက်မမှ ၂၈ လက်မအထိသာရှိသည်။ ရက်ကွန်းတစ်ကောင်၏ အလေးချိန်မှာ ၁၁ ပေါင်မှ ၅၇ ပေါင်အထိ ရှိသည်။ လူတို့ ထိန်းသိမ်းထားသော (ဥပမာ-တိရ စ္ဆာန်ရုံများ) ရက်ကွန်းတို့မှာ နှစ် ၂၀ ကျော် သက်တမ်းအထိ နေထိုင်နိုင်ကြသော်လည်း တောအတွင်း နေထိုင်သော ရက်ကွန်းတို့မှာမူ ၂ နှစ်နီးပါးမှ ၃ နှစ်ကျော်အထိသာ အသက်ရှင်လေ့ရှိသည်။)

ထိုအမျိုးသမီးသည် သူ၏ နေအိမ်ခြံဝန်းအတွင်းသို့ ရက်ကွန်း အကောင် ၅၀ မှ ၁၀၀ ကြား ဝင်ရောက်လာပြီး ရန်လိုသည့် အပြုအမူများ လုပ်ဆောင်လာမှုကြောင့် အိမ်မှ ထွက်ပြေးခဲ့ရကြောင်း Sheriff ရုံးမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Kevin McCarty က ပြောသည်။

ထိုအမျိုးသမီးက ပြောသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက ရက်ကွန်းမိသားစုတစ်စုကို အစာကျွေးနေခဲ့ကြောင်း၊ ပြီးခဲ့သော တစ်လခွဲခန့်အထိ ပြဿနာမရှိခဲ့ကြောင်း၊ ရက်ကွန်းများသည် ယခင်က လက်တဆုပ်စာ အကောင်ရေမျှသာ ရှိခဲ့သော်လည်း ယခုအခါ အကောင် ၁၀၀ ခန့် ပေါ်ပေါက်လာကြောင်း ပြောသည်။

“သူ..ပြောတာက ရက်ကွန်းတွေဟာ တဖြည်းဖြည်း ပိုပိုပြီး ရန်လိုတယ်။ အစာတောင်းတယ်။ သူ့နောက်ကနေ နေ့ရောညရော တကောက်ကောက်လိုက်နေတယ်။ အိမ်အပြင်ဘက်ကနေ ကုတ်ခြစ်တာတွေ လုပ်တယ်။ ကားရှိရာကို သွားရင် ကားပတ်လည်ကို ဝိုင်းထားပြီး ကားကို ကုတ်ခြစ်တယ်။ အိမ်ရှေ့တံခါးကနေ ကားရှိရာကို သွားချိန်မှာလည်း ဘေးကနေ ပတ်ပတ်လည်ဝိုင်းထားတယ်လို့ ပြောပါတယ်” ဟု McCarty က ပြောသည်။

“သူတို့က အစာရမယ့်နေရာအဖြစ် သိထားကြတာကြောင့် ဒီနေရာကိုပဲ ပြန်လာပြီး အစာကို မျှော်လင့်နေတာပါ”

ရက်ကွန်းကောင်ရေ အဘယ်ကြောင့် ရုတ်တရက် အဆမတန် များပြားလာသည့်အကြောင်းကိုမူ မသိရချေ။

Sheriff ရုံးနှင့် ဝါရှင်တန် ငါးနှင့် တောရိုင်းရေးရာ ဌာနတို့က ယခုဖြစ်ရပ်တွင် ဥပဒေကို ချိုးဖောက်သည့် ဖြစ်ရပ်မရှိကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

“ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတစ်မျိုးပါ။ ဒီပြဿနာက သူကိုယ်တိုင်ပဲ ဖြေရှင်းရမယ့်ကိစ္စပါ။” ဟု McCarty က ပြောသည်။

Sheriff ရုံးမှ ထုတ်ပြန်သော ဗွီဒီယိုဖိုင်တွင် သစ်ပင်များဝန်းကျင်၌ ရက်ကွန်းများကို အုပ်လိုက်တွေ့ရသည်။

Sheriff ရုံးမှ သွားရောက်ကြည့်ရှုသော လက်ထောက်တို့၏ တွေ့ရှိချက်အရ အကောင်ရေ ၅၀ မှ ၁၀၀ ကြား တွေ့ရသည်ဟု ဆိုသည်။

ဝါရှင်တန်ပြည်နယ် ငါးနှင့် တောရိုင်းတိရ စ္ဆာန်ရေးရာဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Bridget Mire က ပြောသည်မှာ ဝက်ဝံများ (သို့မဟုတ်) တောင်ခြင်္သေ့များကဲ့သို့ ကြီးမားသော သားစားတိရ စ္ဆာန်များအား အစာကျွေးမွေးခြင်းကို ပြည်နယ်ဥပဒေအရ ခွင့်မပြုကြောင်း ပြောသည်။

ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးတွင် တောရိုင်းတိရ စ္ဆာန်တို့ကို အစာကျွေးမှု တားမြစ်ခြင်းများ ဒေသအလိုက် ရှိသော်လည်း ယခုဖြစ်ရပ်တွင်မူ ဥပဒေချိုးဖောက်မှု မရှိကြောင်း သူမက ပြောသည်။

သို့သော် တောရိုင်းတိရ စ္ဆာန်များအား အစာကျွေးမွေးခြင်းကို ထိုအဖွဲ့က အားပေးခြင်း မရှိချေ။

သာဓကအားဖြင့် ရက်ကွန်းတို့သည် ရောဂါဘယများ ဆောင်ယူလာနိုင်ပြီး အစာများကြောင့် မြောက်အမေရိကတွင် တွေ့ရသော coyote ဝံပုလွေများနှင့် ဝက်ဝံများရောက်လာနိုင်ကြောင်း Mire က ပြောသည်။

တောရိုင်းတိရ စ္ဆာန်များ ပြဿနာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ထိုအမျိုးသမီးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုအမျိုးသမီးမှာ ယခုအခါ ရက်ကွန်းများကို အစာကျွေးခြင်း ရပ်တန့်ထားပြီဖြစ်ကြောင်း Mire က ပြောသည်။

“အခုအခါမှာ ရက်ကွန်းတွေ အုပ်စုကွဲသွားပုံ ရပါတယ်။ သူတို့ကို အစာမကျွေးတော့ပါဘူး။ ဒီပြဿနာမှာ အပြုသဘောရလဒ်တွေရှိလာတဲ့အတွက် ကျွန်မတို့ ဝမ်းသာပါတယ်” ဟု Mire က ဆိုသည်။

Poulsbo မြို့သည် ဆီယက်တဲ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး မော်တော်ကားဖြင့် မိနစ် ၉၀ ခရီး အကွာအဝေးရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Washington state woman calls 911 after being hounded by up to 100 raccoons (AP)

Photo Credit (Kitsap County Sheriff’s Office via AP) (Uncredited)

 

[Zawgyi]

အေမရိကန္ျပည္၊ ဝါရွင္တန္တြင္ ေနအိမ္ျခံဝန္းအတြင္း ရက္ကြန္းဝံ အေကာင္ ၁၀၀ ေက်ာ္ေရာက္ေနကာ ေနာက္မွ တေကာက္ေကာက္အလိုက္ခံေနရသျဖင့္ အခက္ၾကံဳေနသူ အမ်ဳိးသမီးတစ္ဦး

အေမရိကန္ျပည္၊ ဝါရွင္တန္ျပည္နယ္၊ Kitsap ခရိုင္ရွိ Sheriff (ခရိုင္ရဲမွဴး- ျပည္သူတို႔ ေရြးေကာက္မႈျဖင့္ ခန္႔အပ္ေလ့ရွိ) ရံုးမွ လက္ေထာက္အရာရွိတို႔ထံ တိရ စၦာန္မ်ားႏွင့္ စပ္လ်ဥ္းျပီး မၾကာခဏ ဖုန္းဆက္တိုင္ၾကားမႈမ်ား ရွိသည္။

ေမြးျမဴေရးျခံမ်ားမွ လြတ္ထြက္လာေသာ တိရ စၦာန္မ်ားကိစၥ၊ ေခြးတို႔၏ ျပႆနာရွာမႈမ်ားအေၾကာင္း ျဖစ္တတ္သည္။

သို႔ေသာ္ 911 ထံ ဖုန္းဆက္လာမႈမ်ားအနက္ Poulsbo ျမိဳ႕အနီးတြင္ ေနထိုင္ေသာ အမ်ဳိးသမီးတစ္ဦးက သူ၏ ျခံဝန္းအတြင္း ရက္ကြန္းဝံ အေကာင္ေရမ်ားစြာ သြားလာေနျပီး မိမိေနာက္သို႔ တေကာက္ေကာက္ လိုက္ေန ေၾကာင္း အေၾကာင္းၾကားလာမႈမွာ ထူးျခားေနသည္။

(မွတ္ခ်က္။ ရက္ကြန္းသည္ ဝံမ်ဳိးစိတ္ဝင္ျဖစ္ျပီး ေျမာက္အေမရိက မ်ဳိးရင္းျဖစ္သည္။ ဝံမ်ဳိးစိတ္ဆိုေသာ္လည္း အလ်ား ၁၆ လက္မမွ ၂၈ လက္မအထိသာရွိသည္။ ရက္ကြန္းတစ္ေကာင္၏ အေလးခ်ိန္မွာ ၁၁ ေပါင္မွ ၅၇ ေပါင္အထိ ရွိသည္။ လူတို႔ ထိန္းသိမ္းထားေသာ (ဥပမာ-တိရ စၦာန္ရံုမ်ား) ရက္ကြန္းတို႔မွာ ႏွစ္ ၂၀ ေက်ာ္ သက္တမ္းအထိ ေနထိုင္ႏိုင္ၾကေသာ္လည္း ေတာအတြင္း ေနထိုင္ေသာ ရက္ကြန္းတို႔မွာမူ ၂ ႏွစ္နီးပါးမွ ၃ ႏွစ္ေက်ာ္အထိသာ အသက္ရွင္ေလ့ရွိသည္။)

ထိုအမ်ဳိးသမီးသည္ သူ၏ ေနအိမ္ျခံဝန္းအတြင္းသို႔ ရက္ကြန္း အေကာင္ ၅၀ မွ ၁၀၀ ၾကား ဝင္ေရာက္လာျပီး ရန္လိုသည့္ အျပဳအမူမ်ား လုပ္ေဆာင္လာမႈေၾကာင့္ အိမ္မွ ထြက္ေျပးခဲ့ရေၾကာင္း Sheriff ရံုးမွ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ Kevin McCarty က ေျပာသည္။

ထိုအမ်ဳိးသမီးက ေျပာသည္မွာ လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားကတည္းက ရက္ကြန္းမိသားစုတစ္စုကို အစာေကၽြးေနခဲ့ေၾကာင္း၊ ျပီးခဲ့ေသာ တစ္လခြဲခန္႔အထိ ျပႆနာမရွိခဲ့ေၾကာင္း၊ ရက္ကြန္းမ်ားသည္ ယခင္က လက္တဆုပ္စာ အေကာင္ေရမွ်သာ ရွိခဲ့ေသာ္လည္း ယခုအခါ အေကာင္ ၁၀၀ ခန္႔ ေပၚေပါက္လာေၾကာင္း ေျပာသည္။

“သူ..ေျပာတာက ရက္ကြန္းေတြဟာ တျဖည္းျဖည္း ပိုပိုျပီး ရန္လိုတယ္။ အစာေတာင္းတယ္။ သူ႔ေနာက္ကေန ေန႔ေရာညေရာ တေကာက္ေကာက္လိုက္ေနတယ္။ အိမ္အျပင္ဘက္ကေန ကုတ္ျခစ္တာေတြ လုပ္တယ္။ ကားရွိရာကို သြားရင္ ကားပတ္လည္ကို ဝိုင္းထားျပီး ကားကို ကုတ္ျခစ္တယ္။ အိမ္ေရွ႕တံခါးကေန ကားရွိရာကို သြားခ်ိန္မွာလည္း ေဘးကေန ပတ္ပတ္လည္ဝိုင္းထားတယ္လို႔ ေျပာပါတယ္” ဟု McCarty က ေျပာသည္။

“သူတို႔က အစာရမယ့္ေနရာအျဖစ္ သိထားၾကတာေၾကာင့္ ဒီေနရာကိုပဲ ျပန္လာျပီး အစာကို ေမွ်ာ္လင့္ေနတာပါ”

ရက္ကြန္းေကာင္ေရ အဘယ္ေၾကာင့္ ရုတ္တရက္ အဆမတန္ မ်ားျပားလာသည့္အေၾကာင္းကိုမူ မသိရေခ်။

Sheriff ရံုးႏွင့္ ဝါရွင္တန္ ငါးႏွင့္ ေတာရိုင္းေရးရာ ဌာနတို႔က ယခုျဖစ္ရပ္တြင္ ဥပေဒကို ခ်ဳိးေဖာက္သည့္ ျဖစ္ရပ္မရွိေၾကာင္း ဆံုးျဖတ္ခဲ့ၾကသည္။

“ဒါက စိတ္အေႏွာင့္အယွက္ျဖစ္စရာ ျပႆနာတစ္မ်ဳိးပါ။ ဒီျပႆနာက သူကိုယ္တိုင္ပဲ ေျဖရွင္းရမယ့္ကိစၥပါ။” ဟု McCarty က ေျပာသည္။

Sheriff ရံုးမွ ထုတ္ျပန္ေသာ ဗီြဒီယိုဖိုင္တြင္ သစ္ပင္မ်ားဝန္းက်င္၌ ရက္ကြန္းမ်ားကို အုပ္လိုက္ေတြ႔ရသည္။

Sheriff ရံုးမွ သြားေရာက္ၾကည့္ရႈေသာ လက္ေထာက္တို႔၏ ေတြ႔ရွိခ်က္အရ အေကာင္ေရ ၅၀ မွ ၁၀၀ ၾကား ေတြ႔ရသည္ဟု ဆိုသည္။

ဝါရွင္တန္ျပည္နယ္ ငါးႏွင့္ ေတာရိုင္းတိရ စၦာန္ေရးရာဌာနမွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Bridget Mire က ေျပာသည္မွာ ဝက္ဝံမ်ား (သို႔မဟုတ္) ေတာင္ျခေသၤ့မ်ားကဲ့သို႔ ၾကီးမားေသာ သားစားတိရ စၦာန္မ်ားအား အစာေကၽြးေမြးျခင္းကို ျပည္နယ္ဥပေဒအရ ခြင့္မျပဳေၾကာင္း ေျပာသည္။

ျပည္နယ္အတြင္းရွိ ခရိုင္အသီးသီးတြင္ ေတာရိုင္းတိရ စၦာန္တို႔ကို အစာေကၽြးမႈ တားျမစ္ျခင္းမ်ား ေဒသအလိုက္ ရွိေသာ္လည္း ယခုျဖစ္ရပ္တြင္မူ ဥပေဒခ်ဳိးေဖာက္မႈ မရွိေၾကာင္း သူမက ေျပာသည္။

သို႔ေသာ္ ေတာရိုင္းတိရ စၦာန္မ်ားအား အစာေကၽြးေမြးျခင္းကို ထိုအဖြဲ႔က အားေပးျခင္း မရွိေခ်။

သာဓကအားျဖင့္ ရက္ကြန္းတို႔သည္ ေရာဂါဘယမ်ား ေဆာင္ယူလာႏိုင္ျပီး အစာမ်ားေၾကာင့္ ေျမာက္အေမရိကတြင္ ေတြ႔ရေသာ coyote ဝံပုေလြမ်ားႏွင့္ ဝက္ဝံမ်ားေရာက္လာႏိုင္ေၾကာင္း Mire က ေျပာသည္။

ေတာရိုင္းတိရ စၦာန္မ်ား ျပႆနာဆိုင္ရာ ကၽြမ္းက်င္ပညာရွင္တစ္ဦးက ထိုအမ်ဳိးသမီးႏွင့္ ေတြ႔ဆံုခဲ့ေၾကာင္း၊ ထိုအမ်ဳိးသမီးမွာ ယခုအခါ ရက္ကြန္းမ်ားကို အစာေကၽြးျခင္း ရပ္တန္႔ထားျပီျဖစ္ေၾကာင္း Mire က ေျပာသည္။

“အခုအခါမွာ ရက္ကြန္းေတြ အုပ္စုကြဲသြားပံု ရပါတယ္။ သူတို႔ကို အစာမေကၽြးေတာ့ပါဘူး။ ဒီျပႆနာမွာ အျပဳသေဘာရလဒ္ေတြရွိလာတဲ့အတြက္ ကၽြန္မတို႔ ဝမ္းသာပါတယ္” ဟု Mire က ဆိုသည္။

Poulsbo ျမိဳ႕သည္ ဆီယက္တဲ၏ အေနာက္ေျမာက္ဘက္တြင္ တည္ရွိျပီး ေမာ္ေတာ္ကားျဖင့္ မိနစ္ ၉၀ ခရီး အကြာအေဝးရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Washington state woman calls 911 after being hounded by up to 100 raccoons (AP)

Photo Credit (Kitsap County Sheriff’s Office via AP) (Uncredited)



Source link

Leave a Reply

Your email address will not be published. Required fields are marked *