ylliX - Online Advertising Network
ပေါက်နယ် ရေပြာရဲစခန်းတွင် ဖမ်းခံထားရသည့် PDF ရဲဘော် ၅ ဦး ထွက်ပြေးလွတ်မြောက် - Ayeyarwaddy Times

ပေါက်နယ် ရေပြာရဲစခန်းတွင် ဖမ်းခံထားရသည့် PDF ရဲဘော် ၅ ဦး ထွက်ပြေးလွတ်မြောက် – Ayeyarwaddy Times


ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ငါးဦးမှာ အချုပ်ခန်းဖောက်၍ ထွက်ပြေးကြရာ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေပြာရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် PDF ရဲဘော် အမျိုးသမီးအပါအဝင် ငါးဦးမှာ အချုပ်ခန်းကိုဖောက်၍ ထွက်ပြေးကြရာ လွတ်မြောက်၍ တော်လှန် ရေးတပ်ဖွဲ့များထံ ရောက်ရှိပြီဖြစ်ကြောင်း ပေါက်မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပေါက်-ပကဖ)ထံမှ သိရသည်။

ထွက်ပြေးလွတ်မြောက်လာသူများမှာ ပခုက္ကူခရိုင်အမှတ် ၁၆ တပ်ရင်းမှ PDF ရဲဘော်သုံးဦး၊ အခြားဒေသ LPDF အဖွဲ့မှ အမျိုးသမီး ရဲဘော်တစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦး စုစုပေါင်း ငါး ဦး ဖြစ်ကြောင်း သိရသည်။

“အချုပ်ရဲ့ ခေါင်နဲ့ သံတိုင်လွတ်နေတဲ့ကြား‌ကနေ ဖောက်ပြီး ထွက်ပြေးလွတ်လာကြတာ။ လုံခြုံရေး အစောင့် လွတ်တဲ့အချိန် အိပ်နေတဲ့အချိန်မှာ လွတ်လာကြတာ။ သူတို့တွေ လနဲ့ချီကြိုးပမ်းခဲ့ကြပြီးမှ လွတ်လာကြတာ။ တပ်ရင်းဆီကို ရောက်နေကြပြီ။ လုံခြုံတဲ့နေရာရောက်ပါပြီ”ဟု ပေါက်-ပကဖမှ ပြန်ကြားရေးတာဝန်ရှိသူ ကိုစစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လွတ်မြောက်သွားမှုနှင့်ပတ်သက်ပြီး စစ်တပ်ထောက်ခံ လက်နက်ကိုင်အဖွဲ့ဖွဲ့စည်းထားသည့် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်နှင့် ရေပြာရဲစခန်းမှူးတို့ပြောထားသည့် အသံဖိုင်တခုလည်း လူမှုကွန်ရက်တွင် တင်ထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ-ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်း

#မကွေး #ပေါက် #ရေပြာရဲစခန်း #အချုပ်ဖောက်ပြေး #PDF #ရဲဘော် ၅ဦးလွတ်မြောက် #ပေါက်ပကဖ
#Ayeyarwaddy_Times



Source link

Leave a Reply

Your email address will not be published. Required fields are marked *