ပုံအညွှန်း-စစ်ကောင်စီဂျက်လေယာဥ်များ(ဓါတ်ပုံ-AFP)။ ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ရဲသတင်းပေးသူ၏ဇနီး သေဆုံးသွားပြီး အသက် ၈၀ အရွယ် အဘွားအိုအပါအဝင် အရပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း သိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေတွင် ဗုံးကြဲခံရခြင်းဖြစ်ပြီး ဒဏ်ရာရ အရပ်သားများကို ဆေးရုံသို့ပို့ဆောင်ထားရပြီး ရဲသတင်းတပ်ဖွဲ့မှ ဦးဇော်ဇော်ထွန်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမမှာ ဦးခေါင်းလက်နက်ကြီး ကျည်စထိမှန်၍ ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း အမ်းမြို့ဒေသခံတဦးက ပြောသည်။ “အမှတ်( ၃ )ရပ်ကွက်က အခုချိန် လူနေအထူထပ်ဆုံးနေရာဖြစ်တယ်။တိုက်ပွဲဖြစ်တာမရှိဘူး။ ဗုံးကြဲလိုက်တဲ့နေရာအနီးအနား လူနေအိမ်အစပ်တွေကို မေးကြည့်လိုက်တာတွေ ဂျက်ဖိုက်တာတွေကြဲပြီးတာနဲ့ အပေါ်ထောင်တက်သွားတယ်တဲ့။ ထိတဲ့အထဲအဘွားအိုရယ်၊ ကလေးတယောက်လည်းပါတယ်။ အဲ့ဒီနေရာကြဲပြီး ရဲတို့ […]
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့က စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားထားတဲ့ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ “အခုဆိုရင် AA အတွက် အတော်အခြေအနေကောင်းသွားပြီ။ ၃၇၁ တပ်ရင်းက နပခကိုဝင်ဖို့ အဟန့်အတားတစ်ခုလို ဖြစ်နေတာ။ ခမရ-၃၇၁ ကျသွားပြီဆိုတော့ နပခ ထိကို ထိုးဖောက်ဝင်ရောက်လို့ ရသွားပြီ” လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ယောက်က CJ Platform ကို […]
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီဟာ ဗုံးအလုံးကို ရာနဲ့ချီပြီးချတယ်။ ” […]
တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲသို့ စစ်ကောင်စီ လေကြောင်းက ရမ်းသမ်းဗုံးကြဲမှာကို မြို့ထဲပိတ်မိနေသူများက စိုးရိမ်နေကြသည်။ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းကလည်း လက်နက်ကြီးများအပြင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပိတ်မိနေသူများ စစ်ရှောင်ရာ အမှတ် ၄ ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်နှင့် မြို့မြောက်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီ၏ ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ နီးပါး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး နာမည်များကို စုံစမ်းနေဆဲဖြစ်သည်။ မြို့ထဲပိတ်မိနေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “တိုက်ပွဲကမြို့ထဲကို ဝင်လာရင် AA ရှိတယ်ဆိုပြီး အကုန်လုံးကို ရမ်းသမ်းဗုံးကြဲသွားမှာ ကျနော်တို့ စိုးရိမ်နေတယ်။ အခုတိုက်ပွဲက မြို့အထဲကိုတော့ မရောက်လာသေးဘူးပေါ့။ ဒါပေမယ့် အချိန်မရွေး ရောက်လာနိုင်တဲ့အနေအထားဖြစ်နေပြီ” ဟု […]
ပုံအညွှန်း-စစ်ကောင်စီခေါင်းဆောင်နှင့်ဌာနဆိုင်ရာများ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်က တွေ့ဆုံစဉ် ဓါတု တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့တွင် လူဝင်မှုကြီးကြပ်ရေး(လဝက)နှင့်အထွေထွေအုပ်ချုပ်ရေးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့အရာရှိနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မြို့မှထွက်ခွင့်မပေးကြောင်းနီးစပ်သူများထံကသိရသည်။ တရားရေး၊စားသုံးသူရေးရာ၊အခွန်ဦးစီးဌာန၊စာရင်းစစ်နှင့် ပညာရေးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် ထွက်ခွာခွင့်ပြုခဲ့သော်လည်း အထက်ပါ ဌာနသုံးခုမှ တာဝန်ရှိသူများကို နေရပ်ပြန်ခွင့်မပြုခြင်းဟု ဆိုသည်။ “သူတို့ကို ထွက်ခွင့်မပေးတဲ့အပြင် ခွင့်တင်လည်းမရဘူး”ဟု အမ်းမြို့မှ ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးကမဇ္စျိမကိုပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းကလည်း အဆိုပါဌာနများမှ အရာရှိတဦးနှင့်ဝန်ထမ်းအချို့သည် တောလမ်းမှ ထွက်ပြေးတိမ်းရှောင်ရန်ကြိုးပမ်းခဲ့သော်လည်းတိုက်ပွဲပြင်းထန်မှုကြောင့် လှည့်ပြန်ခဲ့ရကြောင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၏ မိသားစုဝင်များထံမှသိရသည်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးနှင့်အထွေထွေအုပ်ချုပ်ရေးမှူးသည် လက်ရှိတွင်တပ်မိသားစုဝင်များ၊အထွေထွေအုပ်ချုပ်ရေးမှူးနှင့်နီးစပ်သည့်ဒေသခံများကို မြို့မှထွက်ခွာခွင့်ပေးပြီး သာမာန်အရပ်သားများကိုထွက်ခွင့်မပေးကြောင်း သတင်းရရှိသည်။ “ထွေအုပ်တို့နဲ့ နီးစပ်တဲ့ ပိုက်ဆံချမ်းသာတဲ့သူတွေကျထွက်ခွင့်ရတာကြာလှပြီ။ ထွေအုပ်ဆီခရီးသွားလာခွင့်တင်ထားတာကြာပြီ မကျသေးဘူး။ မေ့မေ့ပျောက်ပျောက်လိုပုံစံလုပ်ပြနေတာ။ အခုကျ AA ကလမ်းပိတ်ဆို့ထားလို့ မသွားခိုင်းတဲ့စကားမျိူးပြောလာတယ်”ဟုအမ်းမြို့သစ်ဒေသခံတဦးကမဇ္စျိမကိုပြောသည်။ လက်ရှိအမ်းမြို့ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် […]
တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည်၊ အမ်းမြို့အနီးက လုံးကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ အင်အား ၁၀၀ ပါ စစ်ကြောင်းက လုံးကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားတယ်လို့ စစ်ဘေးရှောင် လုံးကျေးရွာသားတစ်ဦးက ပြောပါတယ်။ “မနက်အစောကြီး ၅ နာရီခွဲ ၆ နာရီလောက် လာရှို့တာ။ လက်ရှိရောက်နေတဲ့ နေရာကနေ လှမ်းမြင်နေရတယ်။ မီးခိုးလုံးတွေ တက်လာတာကို။ ရွာမှာက တိုက်ပွဲတွေ ပြင်းကတည်းက ရှောင်နေကြတာ။ အိမ်စောင့် လူနည်းစုတော့ ကျန်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ကျေးရွာအတွင်း အိမ်စောင့်သဘောအနေနဲ့ သက်ကြီးရွယ်အိုတချို့ ကျန်ရစ်ခဲ့ပြီး […]