ylliX - Online Advertising Network

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၈ )

(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ 22/11/24 Diary in the darkness  ကျောက်ဖြူမှာ စစ်ကောင်စီတပ်တွေနဲ့ တရုတ်လုံခြုံရေး ကုမ္ပဏီတပ်‌တွေ နေရာယူထားပြီလို့ သူငယ်ချင်းတစ်ယောက်က စိုးရိမ်တကြီး ဖုန်းဆက်တယ်။ ခုတလော မြန်မာပြည်သူတွေဟာ တရုတ်လုံခြုံရေးကုမ္ပဏီတွေက မြန်မာ့လုံခြုံရေးကို တာဝန်ယူတော့မယ်၊ တရုတ်လက်နက်ကိုင်တွေ မြန်မာပြည်ထဲ ဝင်လာတော့မယ်၊ နွေဦးတော်လှန်ရေးကို တရုတ်က နှိပ်ကွပ်တော့မယ် ဆိုတဲ့ သတင်းတွေ တဟုန်ထိုး ပျံ့နှံ့နေတယ်။ မြန်မာပြည်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့အတူ တရုတ်ဆန့်ကျင်ရေးစိတ်တွေ တဖွားဖွားပေါ်လာနေကြတယ်။ စစ်ရှုံးလို့ ကြံရာမရ ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ တရုတ်သည်သာအမိ၊ တရုတ်သည်သာ အဖ စီမံချက်ကြီးကို လူထုက ရွံရှာ စက်ဆုပ်နေကြတယ်။ စစ်ကောင်စီကို မုန်တီးရွံရှာတဲ့စိတ်ဟာ တရုတ်အပေါ်ကို ပုံကျလာနေပါပြီ။ တရုတ်ဟာ မြန်မာလူထုကို မင်းအောင်လှိုင်နဲ့ပေါင်းပြီး […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၇ )

(မိုးမခ) နိုဝင်ဘာ ၁၃ ၊ ၂၀၂၄ 12/10/24 Diary in the darkness  အန်ကယ် တူမီး အမေရိကန် ပထမ လို့ ကြွေးကြော်ကာ ကိုယ်ကျင့်သိက္ခာ အားနည်းတဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကူညီမယ်လို့ ကြွေးကြော်ကာ တရုတ်က လူသတ်သမား မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား ထောက်ခံကူညီလိုက်တယ်။  တရုတ်ပြန် မင်းအောင်လှိုင်ဟာ မိုးကုတ်ကို ဗုံးမိုးရွာတယ်။ လူသတ်တဲ့နေရာမှာ ပိုပြီး ဇက်ရဲ လက်ရဲ နိုင်လာတယ်။ သူ့တပ်တွေကတော့ ခြေသွက်လာတယ်။ ပြေးတဲ့နေရာမှာ။ ရခိုင်မှာ အရာရှိကြီးတွေအပါအဝင် လူ သုံးရာကျော် တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချတယ်။  မင်းအောင်လှိုင် စိနတိုင်းက ပြန်ရောက်ရောက်ချင်း ကထိန်ခင်းတယ်။ ပါချုပ်ဆရာတော်ကို ဆွမ်းကပ်နေပုံတွေ စစ်တပ်မီဒီယာတွေမှာ  […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၆ )

(မိုးမခ) နိုဝင်ဘာ ၁ ၊ ၂၀၂၄ 31/10/24 Diary in the darkness  ရာသီက ပူပြင်းစ ပြုပြီ။ မီးလာချိန်နည်းတော့ လေအေးပေးစက်လည်း မဖွင့်နိုင်။ ဖုန်းအားသွင်းဖို့တောင် အနိုင်နိုင်။  လမ်းမတွေပေါ်မှာ ကထိန်အလှူခံတွေက အသံချဲ့စက်တွေ အပြိုင်ဖွင့်ကြ။ ဘာသာရေး ခုတုံးလုပ်ပြီး အပျော်ကြူးသူတွေ များပြား။ ဆူညံသံကြောင့် လူတွေ စိတ်ညစ်ရ။ တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်သော ဗုဒ္ဓအတွက် ဟု ဆိုကာ ဆူဆူညံညံ အလှူခံသူတွေ အင်အားပြနေကြ။  တနိုင်ငံလုံးမှာ ဗုံးသံတွေကလဲ ဆူဆူညံညံပါပဲ။ လားရှိုးမှာ ဗုံးတွေ ကြဲတုန်း။ မေမြို့မှာတော့ စစ်ခရာသံတွေ ကြားနေရပြီ။ ရခိုင် အမ်းမြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစင်း ပစ်ချခံရ။ ဒုတိုင်းမှူး အပါအဝင် အရာရှိကြီးတွေ […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၅ )

(မိုးမခ) အောက်တိုဘာ ၂၈ ၊ ၂၀၂၄ 28/10/24 Diary in the darkness  မနက်စောစောစီးစီး ဈေးကပြန်လာတဲ့ မိန်းမက အာလူးတစ်ပိဿာ တစ်သောင်းဈေး ခုန်တက်သွားလို့ ပူညံ ပူညံ။ ကုန်တိုက်တွေမှာလည်း ပစ္စည်းတချို့ ပြတ်နေတယ်။ ဆီတွေ ပြတ်တော့မယ်လို့ သတင်းတွေပြန့်နေတယ်။ စစ်တပ်က ကုန်ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် တက်နေတယ်။  တရုတ်နိုင်ငံကလည်း နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်လိုက်ပြီတဲ့။ ထိုင်းဘက်ကလည်း မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပျက်သလောက် ဖြစ်သွားပြီ။ မဲခေါင်မြစ်ကြောင်းကတော့ ကုန်သွယ်ရေး မပျက်သေးဘူးလို့ သိရတယ်။ MNDAA ကိုလဲ တရုတ်က မီးနဲ့ ရေ ဖြတ်လိုက်ပြီတဲ့။ လူတွေ ထိတ်လန့်နေကြတယ်။ အရာရာကို ထိတ်လန့် စိုးရိမ်နေကြတာ။ စစ်မှုထမ်း ဥပဒေ၊ ဧည့်စာရင်းဥပဒေ၊ […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၄ )

(မိုးမခ) အောက်တိုဘာ ၂၃ ၊ ၂၀၂၄ 20/10/24 Diary in the darkness  ညကတညလုံး မိုးရွာ။ ရန်ကုန်မှာ ရေကြီး။ ရပ်ကွက်ထဲမှာလည်း မြောင်းတွေ ရေလျှံ။ ရပ်ကွက်ဈေးထဲမှာ ဆိုင်တွေ မဖွင့်။  လူမှုကွန်ရက်ပေါ်မှာ အိမ်ထဲရေဝင်တဲ့ပုံတွေတက်လာ။ မီးဖိုချောင် ရေဝင်နေလို့ ထမင်းမချက်နိုင်တဲ့အိမ်တွေ ဆိုင်မှာ ဝယ်စားကြ။ ဈေးကြီးပေမယ့် မတတ်နိုင်။ အချို့ ရေဘေးလွတ်တဲ့ အိမ်တွေ ၊ တိုက်ခန်းတွေ ပြောင်းနေကြရ။  မိုးကုတ်က စစ်ရှောင်တချို့ ရန်ကုန်ကို ပြောင်းလာကြ။ ရန်ကုန် ရောက်နေတဲ့ စစ်ရှောင် တချို့က မိုးကုတ်ကို ပြန်ကြ။ မိုးကုတ်မှာ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေ။ မူးယစ်ဆေးရောင်းသူ၊ သုံးစွဲသူတွေကို TNLA က မိုးကုတ်ထောင်မှာ ထိန်းသိမ်းထားတယ်။ အင်တာနက်တော့ […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၃ )

(မိုးမခ) အောက်တိုဘာ ၁၅ ၊ ၂၀၂၄ 15/10/24 Diary in the darkness  ရာသီဥတုက နေသာတယ်။ လျှပ်စီးမီးက မှန်မှန်မလာပေမယ့် မီတာခက တစ်သိန်းတစ်သောင်းကျော် ကျတယ်။ ရေ မီး အထူး ချွေတာနေရတယ်။ ဈေးဖိုးလည်း ချွေတာနေရတယ်။ စားတာ သွားတာလည်း ချွေတာ။ စကားလည်း ချွေတာပေါ့။ ရေမီတာ၊ လျှပ်စစ်မီတာ ဖတ်သူတွေက သူတို့နဲ့ ညှိဖို့ ပြောပေမယ့် လိပ်ပြာမလုံလို့ ဘာမှ မညှိနိုင်ဘူး။ လူတွေက ကိုယ်ကို ငတုံးလို့ ပြောရင်လည်း ခံရမှာပါပဲ။ မနေ့က သီပေါမြို့ ကို TNLA က အလုံးစုံထိန်းချုပ်လိုက်ပြီ ဆိုတဲ့ သတင်းတွေ တက်နေတယ်။ စစ်ကောင်စီ မိသားစုတွေကို တနေ့ကတည်းက မြို့ထဲက […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၂ )

(မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၂၄ 9/10/24 Diary in the darkness  ဒီနေ့ နေသာတယ်။ ရေချွေတာတဲ့အနေနဲ့ ရေပန်းနဲ့ ရေချိုးတယ်။ မီးလာတယ်။ ၁၀ မိနစ် ရေတင်တယ်။ ၈;၃၀ နာရီမှာ သန်းခေါင်စာရင်းလာကောက်တယ်။ ပိန်ပိန်ပါးပါး အရပ် လေးပေ ငါးလက်မ လောက်ရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်ပဲ အိမ်ထဲဝင်လာကပြီး စာရင်းကောက်တယ်။ မျက်နှာကို mask တပ်ထားတယ်။ နေကာဦးထုပ်ကြီးကြီး ဆောင်းပြီး မျက်နှာကို ကွယ်ထားတယ်။ ခပ်နွမ်းနွမ်းအဝတ်အစား ဝတ်ထားတယ်။ ရွှေတိုရွှေစကလေးတွေ ဝတ်ထားတယ်။ ခရမ်းရောင်ခြေသည်းလက်သည်း ဆိုးထားတယ်။ လစာနည်း ဝန်ထမ်းတယောက် ဆိုတာ သိသာတယ်။ ကျန် ဆယ်ယောက်လောက်က ခြံအပြင်မှာ နေတယ်။ အိမ်မှာ နေထိုင်သူ ဘယ်နှယောက်လဲ။ အိမ်ရှင်လား။ […]