ylliX - Online Advertising Network

အာဖရိကတွင် ဧည့်အလာအများဆုံး မော်ရိုကိုနိုင်ငံ

အာဖရိကတိုက်ရှိ မော်ရိုကိုနိုင်ငံသည် ကြွယ်ဝသောယဉ်ကျေးမှု၊ စည်ကားလှသောမြို့များနှင့် သဘာဝအလှတရားများဖြင့် ဆွဲဆောင်မှုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၎င်းသည် သမိုင်းဝင်နှင့် ခေတ်သစ်၊ အာဖရိကနှင့် ဥရောပ နှစ်မျိုး ရောယှက်ထားသည့်နိုင်ငံဖြစ်ကာ ထိုထူးခြားမှုများကြောင့် အာဖရိကတိုက်မှာ ကမ္ဘာလှည့်ဧည့်သည် အလာအများဆုံးနိုင်ငံဖြစ်နေသည်မှာ အံ့သြစရာမဟုတ်ပေ။ မော်ရိုကိုနိုင်ငံသည် အာဖရိကတိုက် အနောက်မြောက်ဘက်တွင်ရှိကာ ဥရောပတိုက်နှင့် မြေထဲပင်လယ်သာခြားထားသည်။ မြေထဲပင်လယ်အကျော်တွင် စပိန်နိုင်ငံရှိကာ စပိန်ရှိ Tarifer မြို့မှ မော်ရိုကိုနိုင်ငံ Tangier မြို့သို့ သင်္ဘောဖြင့် တစ်နာရီကြာသာ သွားရောက်နိုင်သည်အထိ နီးပါသည်။ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာနှင့် ထိစပ်နေသလို အရှေ့ဘက်တွင် ကမ္ဘာ့အကြီးဆုံး ဆာဟာရသဲကန္တရာကြီးလည်းရှိကာ Atlas တောင်တန်းများလည်းရှိခြင်းကြောင့် ကွဲပြားသော ပထဝီအနေအထား ရှိနေသည်မှာလည်း ထူးခြားပါသည်။ မော်ရိုကို၏တရားဝင်အမည်အပြည့်အစုံမှာ “မော်ရိုကိုဘုရင့်နိုင်ငံတော်” ဖြစ်သည်။ လက်ရှိတော်ဝင်မိသားစုသည် ၁၆၃၁ ခုနှစ်ကတည်းက အာဏာရလာခဲ့ပြီး […]