ylliX - Online Advertising Network

နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တို့၏ စံအိမ်၊ Apollo ဆေးရုံမှ ဦးနှောက်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ပန်းလှိုင်ဆေးရုံသို့ လာရောက်ကာ လူနာများကြည့်ရှုပေးမည် – iMyanmarHouse.com

[Unicode] နှစ်ဘဝမင်းသားဟု လူသိများသာ အိန္ဒိယတောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ ကာမိနီနီတို့သည် တောင်ပိုင်းရုပ်ရှင်လောက၏ သြဇာအလွှမ်းဆုံး စုံတွဲများတွင် ပါဝင်သည်။ ရမ်ချာရန်တို့စုံတွဲသည် ၂၀၁၂ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး ရမ်ချာရန်မှာ အောင်မြင်သည့် ရုပ်ရှင်မင်းသားဖြစ်သကဲ့သို့ ဇနီးဖြစ်သူ ဥပသနာမှာလည်း Apollo ဆေးရုံ၏ ဒုတိယဥက္ကဌဖြစ်ကာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင် အမျိူးသမီးဖြစ်သည်။ ((ရမ်ချာရန်၏ ကြွယ်ဝမှု)) ရမ်ချာရန်သည် အချမ်းသာဆုံး တောင်ပိုင်းမင်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး သူ၏ ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၁၃၇၀ ခန့်ရှိကြောင်း ခန့်မှန်းကြသည်။ Magadheera, Dhruva နှင့် Rangasthalam တို့ကဲ့သို့ ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများစွာ တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အော်စကာဆုရ RRR တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာ့ရုပ်ရှင်နယ်အထိ ထိုးဖောက်နိုင်ခဲ့သူဖြစ်ပြီး […]

နယ်ခြား ကင်းလှည့်ခြင်း ဆိုင်ရာ တရုတ် နှင့် သဘောတူညီခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကပြော – BUR.MIZZIMA.COM

AFP ၂၀၂၀ ခုနှစ်များ အတွင်း အိန္ဒိယ – တရုတ် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး နယ်စပ်ဇုန်တွေမှာ စစ်ရေးကင်းလှည့်ခြင်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ် နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အိန္ဒိယက အောက်တိုဘာ ၂၁ မှာ ပြောပါတယ်။ ရုရှား မှာ ပြုလုပ်မယ့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နှင့် အခြား နိုင်ငံများ ပါဝင်သော နိုင်ငံတကာ ထိပ်သီးအစည်းအဝေး (BRICS) သို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ မတက်ရောက်မီ တရက်အလိုမှာ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ယင်းအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ရန် စီစဥ်ထားပါတယ်။ […]

အိန္ဒိယ အထင်ကရ သူဌေးကြီး ရာတန်တာတာက အမေရိကန်ရှိ ၎င်းပိုင်သော ဟိုတယ်သို့ ရောက်ရှိခဲ့စဉ် မိမိမည်သူမည်ဝါဟု မပြောဘဲ နံနက်စာ စားခဲ့ပုံ – iMyanmarHouse.com

အိန္ဒိယအထင်ကရ စက်မှုလုပ်ငန်းရှင်ကြီး ၊ Tata Group နှင့် Tata Sons တို့၏ အကြီးအကဲ ရာတန်တာတာ အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်သွားရာ အိန္ဒိယတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးလျက်ရှိကြသည်။ IBS Software ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဗွီကေ မက်သူးစ် (VK Mathews) ကလည်း ရာတန်တာတာနှင့် ဆုံစည်းထိတွေ့ခဲ့ရပုံ အဖြစ်အပျက်တစ်ခုကို လွမ်းဆွတ်သတိရစွာ ပြန်လည်ပြောပြလာသည်။ “ကျွန်တော် သတိထားမိဆုံးကတော့ သူ့ရဲ့ ဝင့်ဝါမှုမရှိ နှိမ့်ချတတ်မှုပါ။ သူ့ရဲ့ ဟာသဉာဏ်ကလည်း အနီးမှာ ရှိတဲ့သူတွေအတွက် အလင်းဓာတ်ဆောင်ကြဉ်းပေးပါတယ်။ အခြေအတင် အခြေအနေမျိုးမှာတောင် သူ့အပေါ် ချစ်ခင်စိတ်တွေ ပေါ်ပေါက်လာစေပါတယ်” ဟု မစ္စတာ မက်သူးစ်က ပြောသည်။ “အမေရိကကိုသွားတဲ့ ခရီးစဉ်မှာ ရာတန် တာတာနဲ့အတူ သွားလာခွင့် […]