စစ်ကောင်စီ ဦးဆောင်ကျင်းပနေသည့် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ စင်္ကာပူနိုင်ငံက တက်ရောက်ခြင်းမရှိဘဲ အချို့နိုင်ငံများသည်လည်း အဆင့်နိမ့်အရာရှိများသာ စေလွှတ်ခဲ့သည်ကို စစ်ကောင်စီ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။ အောက်တိုဘာ ၁၀ မှ ၁၂ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် အစည်းအဝေးကို အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ရန်ကုန်ရှိ စစ်သံမှူးများကို စေလွှတ်ခဲ့သည်။ ထိုင်းနိုင်ငံက ရေတပ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်၊ မလေးရှားနိုင်ငံက ရေတပ် နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးတို့ကို စေလွှတ်သည်။ အစည်းအဝေးတွင် ဦးစီးချုပ်အဆင့်အဖြစ် တက်ရောက်သူမှာ မြန်မာနိုင်ငံ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်းဝင်း ဖြစ်သည်။ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က ယာယီအကြီးအကဲ၊ ဒုတိယ အကြီးအကဲများ တက်ရောက်သည်။ ရေတပ်ဦးစီးချုပ်များအစည်းအဝေးသည် အာဆီယံနိုင်ငံများ ပုံမှန်လုပ်နေသည့် အစည်းအဝေးဖြစ်သော်လည်း ယခု […]
09 October 2024 _____ Hybrid Meetingဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ အစည်းအဝေး (၄/၂၀၂၄) အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ မွန်းလွဲ (၃) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ယခင်အစည်းအဝေး (၃/၂၀၂၄)၏ ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား ဖတ်ကြားတင်ပြခြင်း၊ Marketing and promotion လုပ်ငန်းများလုပ်ဆောင်နိုင်ရန် လက်ရှိအမြဲတမ်းကော်မတီဖြစ်သည့် ဒီဂျစ်တယ်စီးပွားရေးကော်မတီမှ စျေးကွက်ရှာဖွေရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကော်မတီဟု အမည် ပြောင်းလဲပြီး သက်ဆိုင်ရာညီနောင်အသင်းများမှ Marketing အတွေ့အကြံရှိသူများပါဝင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီအတွက် လျှောက်ထားလာသည့် Internship များအား စိစစ်ပြီး ခန့်ထားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် Domain […]