စိန်နားပန် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် (ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆု)ကိုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှရရှိ နေပြည်တော်၊ နိုဝင်ဘာလ(၁၉)ရက်။ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာန ၁၅ ခုပါဝင်ယှဉ်ပြိုင်ခဲ့သော စိန်နားပန် မီးပုံးပျံ ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ “ ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆု” ရရှိခဲ့ပြီး ဆုကြေးငွေ ကျပ် ၅ သိန်းတိတိ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရပါသည်။ အဆိုပါ ဆုရရှိခဲ့သည့်အတွက် မီးပုံပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ တစ်ထောင့်တစ်နေရာမှ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ၁၉-၁၁-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၁၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင်တို့အား အမှူးထား၍ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ထမ်းမိသားစု များ၏ စတုတ္ထအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဥယျာဉ်စုသိမ်ကျောင်းတိုက်၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ဖတ်သရဇ္ဇုယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော်မဟာထေရ်မြတ်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို […]
အိုလံပစ်နောက်ခံသမိုင်း ရှေးဟောင်းအိုလံပစ် အားကစားပြိုင်ပွဲများ (The Ancient Olympic Games) အိုလံပစ်အားကစားပြိုင်ပွဲသည် လွန်ခဲ့သောနှစ်ပေါင်း (၂၈၀၀) (ခရစ်တော် မပေါ်မီ B. C. 776) ခန့်ကပင် ဂရိနိုင်ငံ၊ အေသင်မြို့အနီးရှိအိုလံပီယာ (Mount Olympia) တောင်ခြေတွင် ကျင်းပခဲ့သော ဂရိလူမျိုးတို့၏ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များမှ စတင်ခဲ့သည်။ သမိုင်းသုတေသီများ၏ တူးဖေါ် တွေ့ရှိချက်များအရ အဆိုပါ ပြိုင်ပွဲများကို B.C (1300) မတိုင်မီကပင် ကျင်းပခဲ့ကြကြောင်း လေ့လာသိရှိရသည်။ ဂရိတို့၏ ကိုးကွယ်ရာ အဓိကနတ်ဘုရားမ (Mother Goddes RHEA) ကို အလေးထားကိုးကွယ်မှုပြုရာမှ အဆိုပါပြိုင်ပွဲများကို ပွဲလမ်းသဘင်အဖြစ် ထည့်သွင်းကျင်းပခဲ့ကြပြီး၊ နောက်ပိုင်းတွင် အိုလံပစ်ပြိုင်ပွဲ၏ အဓိက နတ်ဘုရားမှာ (ZEUS) ဖြစ်လာခဲ့သည်။ […]
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile application သင်တန်းသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၄)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး […]
မသန်စွမ်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား နေပြည်တော်၊ နိုဝင်ဘာ ၁ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများအတွက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို ၂၉-၁၀-၂၀၂၄ ရက်နေ့မှ ၁-၁၁-၂၀၂၄ ရက်နေ့အထိ လယ်ဝေးမြို့၊ Training Center 2 တွင် ဖွင့်လှစ်ခဲ့ရာ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းသင်တန်းသား/သူ ၃၂ ဦး တက်ရောက်ခဲ့ပါ သည်။ သင်တန်းတွင် စားသောက်ကုန်များအနေဖြင့် ရှောက်ယို၊ သင်္ဘောသီးယို၊ ခရမ်းချဉ်သီးယို၊ ကျောက်ဖရုံယို အပါအဝင် ယိုမျိုးစုံပြုလုပ်နည်းနှင့် ဇီးဖျော်ရည်၊ ရှောက်သီး ဖျော်ရည်၊ မကျည်းသီးဖျော်ရည်နှင့် သံပုရာရည်အဆီပြုလုပ်နည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ၁-၁၁-၂၀၂၄ ရက်နေ့၊ ညနေ (၀၄:၀၀)နာရီအချိန်တွင် Training Center – 2 ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ […]
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပမည့် နေရာများအား ကြည့်ရှုစစ်ဆေး moiuser2 Mon, 11/04/2024 – 21:41 iFrame is not supported! Source link
ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်းရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ ရန်ကုန် ၊ နို၀င်ဘာ ၃ ၂၀၂၅ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးတွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအတွက် ဖိလစ်ပိုင်သမ္မတ နိုင်ငံ၊ Puerto Princesa မြို့တွင် နို၀င်ဘာလ ၂ရက်နေ့နှင့် ၃ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup )တွင် မြန်မာလှေလှော်အားကစားအသင်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ အမျိုးသား+ အမျိုး သမီး မီတာ၂၀၀ (၁၀)တက်လှော်ဗိုလ်လုပွဲပြိုင်ပွဲကို နို၀င်ဘာ၂ရက်နေ့က မြန်မာ၊အင်ဒိုနီးရှား၊တရုတ်(တိုင်ပေ)၊စပိန်၊ဖိလစ်ပိုင်၊ဟန်ဂေရီအသင်းတို့ယှဥ်ပြိုင်ခဲ့ရာ အင်ဒိုနီးရှားအသင်းကပထမ(ရွှေတံဆိပ်)၊မြန်မာအသင်းကဒုတိယ(ငွေတံဆိပ်)၊တရုတ်(တိုင်ပေ)အသင်းကတတိယ(ကြေးတံဆိပ်)ရရှိခဲ့ကြသည်။ ထို့အပြင် နို၀င်ဘာလ ၃ ရက်နေ့က အမျိုးသား+ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား တောင်ကြီးမြို့၊ နိုဝင်ဘာလ ၂ ရက်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးသည် ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော တောင်ကြီးမြို့နယ်ရှိ ရွှေညောင်အားကစားကွင်း ၊ ကလောမြို့နယ်အတွင်းရှိ အောင်ပန်းအားကစားကွင်းနှင့် ကလောမြို့မအားကစားကွင်း/အားကစားရုံများ အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် တောင်ကြီးမြို့နယ် ရွှေညောင်အားကစားကွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်နေသာ ပွဲကြည့်စင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်ဖြည့်စွက်မှာကြားသွားကာ အောင်ပန်းမြို့ အားကစားကွင်းသို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ အောင်ပန်းအားကစားကွင်းသို့ ရောက်ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ် ရာဂိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော အားကစားကွင်းနှင့် […]
ရခိုင်ပြည်နယ်အားကစားအုပ်ချုပ်မှုအဖွဲ့ဝင်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၃၁ ။ ပဉ္မမအကြိမ်အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော ရခိုင်ပြည်နယ်အားကစားအုပ်ချုပ်မှုအဖွဲ့ဝင် (၇)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှု များပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။ Source link
စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ၂၉။ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းလူငယ်များ ဂုဏ်သိက္ခာရှိရှိ အမှီအခိုကင်းစွာ ဘဝရပ်တည် နိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်စေရေးတို့အတွက် ရည်ရွယ်၍ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ် Training Center-2 ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်၍ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်ထုတိုးတက်စေရေးအတွက် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ အသိပညာ၊ ဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ ဗလငါးတန်နှင့်ပြည့်စုံပြီး […]