ylliX - Online Advertising Network
Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား


Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား

တောင်ကြီးမြို့၊ နိုဝင်ဘာလ ၂ ရက်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးသည် ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော တောင်ကြီးမြို့နယ်ရှိ ရွှေညောင်အားကစားကွင်း ၊ ကလောမြို့နယ်အတွင်းရှိ အောင်ပန်းအားကစားကွင်းနှင့် ကလောမြို့မအားကစားကွင်း/အားကစားရုံများ အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် တောင်ကြီးမြို့နယ် ရွှေညောင်အားကစားကွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်နေသာ ပွဲကြည့်စင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်ဖြည့်စွက်မှာကြားသွားကာ အောင်ပန်းမြို့ အားကစားကွင်းသို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ အောင်ပန်းအားကစားကွင်းသို့ ရောက်ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ် ရာဂိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော အားကစားကွင်းနှင့် အားကစားရုံအား ထပ်မံကြည့်ရှုစစ်ဆေးခဲ့ရာ လိုအပ်သည်များကို ထပ်မံဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဆက်လက်၍ ကလောမြို့နယ် မြို့မအားကစားကွင်းသို့ သွားရောက်ခဲ့ရာ အားကစားကွင်း/ရုံများရဲ့ ပျက်စီးဆုံးရှုံးမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး မြို့နယ်ရုံးရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ရာတွင် ယခုလိုဖြစ်စဥ်မျိုးသည် နောင်မဖြစ်လာနိုင်ဘူးလို့ပြောလို့မရပါ ဝန်ထမ်းများအနေဖြင့်မိုးလေဝသအခြေအနေများကို အချိန်တစ်ပြေးညီသိရှိနိုင်ရန်ကြိုးစားကြစေလိုပါကြောင်း ၊ ယခုလိုဖြစ်စဥ်မျိုးလိုထပ်မံကြုံတွေ့လာရပါက အရေးကြီးစာရွက်စာတမ်းများကိုဦးစားပေးအနေနဲ့ အရေးပေါ် ရွှေ့ပြောင်းကြစေလိုပါကြောင်း ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုံခြုံရေးအရ ခရီးသွားလာရာတွင် အထူးဂရုပြုကြစေလိုပါကြောင်း ၊ မိမိတို့၏ဌာနရဲ့ ရုံးလုပ်ငန်းဆိုင်ရာများနှင့် သတင်းလုံခြုံရေးအတွက် ကန့်သတ် ၊ လျှို့ဝှက်ဆိုင်ရာအချက်အလက်များ ပြင်ပသို့မပေါက်ကြားစေရေး အထူးသတိပြုသွားကြရန်လိုအပ်ပါကြောင်း ၊ မြို့နယ် တာဝန်ခံအနေဖြင့်လည်း ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်ကြရာတွင် ရေတိုရေရှည်စီမံချက်များရေးဆွဲ၍အကောင်အထည်ဖော်ဆောင်ရွက်သွားကြစေလိုပါကြောင်း ၊ ဝန်ထမ်းများကလည်း မိမိတို့ရယူထားသည့် ရာထူးနှင့်လျော်ညီစွာနေထိုင်ကြပြီး ပေးအပ်ထားသည့်တာဝန်များကို ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း အစရှိသည်တို့ကိုပြောကြားသွားကာ ဝန်ထမ်းများအားထောက်ပံ့ငွေများပေးအပ်သွားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်ညွှန်ကြားရေးမှူး က ကလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဆိုင်ရာလုပ်ဆောင်ချက်များနှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ထမ်းဆောင်နေသည့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဘတ်ဂျတ်နှစ်အလိုက်ပြန်လည်ပြုပြင်မွမ်းမံပေးသွားမည့်အကြောင်းပြောကြားသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *