ylliX - Online Advertising Network

လေထုထဲမှ ကာဗွန်စုပ်ယူပေးနိုင်မယ့် နည်းလမ်းသစ်တစ်မျိုးကို နော်ဝေကုမ္ပဏီ တီထွင်

နော်ဝေနိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဟာ လေထုထဲက ကာဗွန်တွေကို စုပ်ယူပေးနိုင်မယ့် Continuous Swing Adsorption Reactor (CSAR) ကို တီထွင်စမ်းသပ်လျက်ရှိပါတယ်။ ကာဗွန်လျှော့ချနိုင်ရေးဆိုတာ စိမ်းလန်းစွမ်းအင်ရဲ့အန္တိမရည်မှန်းချက် ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်တွေအတွက် သင့်တင့်မျှတတဲ့ ရာသီဥတု ဖြစ်ပေါ်ဖို့အတွက်ဆိုရင် လူသားမျိုးနွယ်တွေဟာ တွင်းထွက်လောင်စာ အသုံးပြုမှုကို ရပ်တန့်နိုင်ရေးအတွက်တင်မကဘဲ လေထုထဲမှာ ရှိနေပြီးသားဖြစ်တဲ့ ကာဗွန်တွေကိုပါ စုပ်ယူဖို့ လိုအပ်နေပါတယ်။ နော်ဝေသုတေသနကုမ္ပဏီ SINTEF ရဲ့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ တီထွင်တဲ့ နည်းပညာသစ်ကတော့ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ အားရစရာဖြစ်ခဲ့ပြီး လက်တွေ့ကွင်းဆင်း စမ်းသပ်မှုတွေမှာလည်း ကျေနပ်လောက်တဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ Continuous Swing Adsorption Reactor (CSAR) လို့ အမည်ပေးထားတဲ့ နည်းပညာဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူဖို့ အပူပေးစက်နဲ့ လေစုပ်စက်ကို အသုံးပြုတာပါ။ […]

ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ တစ်ကိုယ်တော်ကြိုးစားနေတဲ့ ဂျပန်လက်သည်းအလှဖန်တီးသူ

ဂျပန်လက်သည်းအလှဖန်တီးသူ အာရီမိုတိုကတော့ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ တစ်ကိုယ်တော် ကြိုးစားလျက် ရှိပါတယ်။ အာရီမိုတိုဟာ တိုကျိုမြို့တောင်ပိုင်းက ကမ်းခြေမှာ သဲသောင်ပြင်ထဲ မြုပ်နေတဲ့ ပလတ်စတစ်အစိတ်အပိုင်းတွေကို ဇကာတိုက်ပြီး စုဆောင်းပါတယ်။ အဲဒီနောက် ပလတ်စတစ်တွေကို အရည်ဖျော်၊ ပုံသွင်းပြီး လက်သည်းအလှဆင်ရာမှာ ပြန်လည်အသုံးပြုနေတာပါ။ ”သမုဒ္ဒရာထဲမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ ဘယ်လောက်များနေသလဲဆိုတာကို ကျွန်မမျက်စိနဲ့ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတာပါ။ တကယ့်ကို ထိတ်လန့်စရာပါပဲ”လို့ အာရီမိုတိုက ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာသမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နှစ်စဉ်နှစ်တိုင်း ပတ်ဝန်းကျင်ကို စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တန်ချိန် သန်း ၂၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်မှုကို ကန့်သတ်မယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုနိုင်ဖို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်ကျရင် ကုလသမဂ္ဂထိပ်သီးအစည်းအဝေး ကျင်းပသွားဖို့ […]

တရုတ်တိုင်းရင်းဆေးမှာ သုံးတဲ့ ခူကောင်မှိုက ကင်ဆာဆဲလ်ကြီးထွားမှုကို နှေးကွေးစေတဲ့ အာနိသင်ရှိကြောင်း တွေ့ရှိ

တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုတဲ့ ခူကောင်မှိုတစ်မျိုးဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုနှုန်းကို နှေးကွေးစေတဲ့ အာနိသင်ရှိကြောင်း ဗြိတိန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ နော်တင်ဟမ်တက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာကျောင်းမှ သိပ္ပံပညာရှင်တွေဟာ ကပ်ပါးမှိုက ရောဂါတွေကုသရာမှာ ဘယ်လိုအစွမ်းရှိသလဲဆိုတာကို လေ့လာခဲ့ကြပြီး သူတို့ရဲ့တွေ့ရှိမှုတွေကို FEBS စာစောင်မှာ ရေးသားခဲ့တာပါ။ ခူကောင်မှာ ကပ်ငြိပြီး ဖြစ်ပေါ်လာသော လိမ္မော်ရောင်မှို(Cordyceps)က ထုတ်ပေးတဲ့ Cordycepin ကွန်ပေါင်းဟာ ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိနေတာ တွေ့ရှိခဲ့တာပါ။ ကင်ဆာဆဲလ်တွေ ကြီးထွားလာတာဟာ ဆဲလ်ကြီးထွားမှုအချက်ပြလှိုင်းတွေကြောင့်ဖြစ်ပြီး Cordycepin ကွန်ပေါင်းက အဲဒီလှိုင်းတွေကို တားဆီးပိတ်ပင်ပေးနိုင်စွမ်း ရှိပါတယ်။ ” စိတ်လှုပ်ရှားစရာကောင်းတာတစ်ခုကတော့ စမ်းသပ်မှုတွေလုပ်ဖို့ တော်တော်လည်းလွယ်တယ်။ ကုန်ကျစရိတ်လည်း အရမ်းသက်သာတယ်။ အဲဒီတော့ ထောင်နဲ့ချီတဲ့မျိုးဗီဇတွေကို တပြိုင်တည်းခွဲခြမ်းစိတ်ဖြာကြည့်လို့ ရတယ်”လို့ ဒီသုတေသနကို ဦးဆောင်တဲ့ ဆေးဘက်ဆိုင်ရာကျောင်းမှ […]

အဖုံးဖွင့်စရာမလိုဘဲ နွားနို့ လတ်ဆက်မှု ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် နည်းလမ်းသစ်ကို သြစတြေးလျသိပ္ပံပညာရှင်တွေ တီထွင်

စမတ်ဖုန်းထဲမှ တုန်ခါမှုကို အသုံးပြုပြီး နွားနို့ ချဉ်နေပြီလား၊ ကောင်းသေးလားဆိုတာကို အဖုံးမဖွင့်ဘဲ စစ်ဆေးနိုင်မယ့် နည်းလမ်းသစ်တစ်မျိုးကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ကြပါတယ်။ နယူးဆောက်ဝေးလ်ပြည်နယ် ကွန်ပျူတာသိပ္ပံနဲ့ အင်ဂျင်နီယာဌာနမှ သုတေသီတွေဟာ ဖုန်းတိုင်းမှာ ပါဝင်တဲ့ တုန်ခါစေသော မော်တာနဲ့ အင်နားရှားတိုင်းတာမှုယူနစ်(IMU) တို့ကို အသုံးပြုပြီး VibMilk ဆိုတဲ့ စမတ်ဖုန်းဆင်ဆာကို တီထွင်ခဲ့တာပါ။ အဖုံးဖွင့်စရာမလိုဘဲ နွားနို့ လတ်ဆတ်မှု ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် အဲဒီနည်းလမ်းသစ်ကြောင့် (လက်ရှိကာလ နို့ထွက်ပစ္စည်း ၂၀ ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးရမှုကို) လျှော့ချပေးနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ ” နွားနို့ဘူးကို ဖွင့်လိုက်ရင်တော့ အနံ့၊ အရသာ သိနိုင်တာပေါ့။ ဒါပေမဲ့ အဲ့လိုဆို ဘက်တီးရီးယားတွေနဲ့ ထိတွေ့မှုဖြစ်ပြီး ချဉ်လွယ်၊ သိုးလွယ်တယ်။ VibMilk […]

အဲလိစဘတ်(၂)ဘုရင်မရဲ့ မင်္ဂလာပွဲမှာ တည်ခင်းခဲ့တဲ့ (၇၇)နှစ် သက်တမ်းရှိ ကိတ်မုန့်တစ်စိတ် ကန်ဒေါ်လာ ၂၈၀၀ နဲ့ လေလံအောင်

လွန်ခဲ့တဲ့ ၇၇ နှစ်တုန်းက အဲလိစဘတ်(၂)ဘုရင်မနဲ့ မင်းသားဖီးလစ်တို့ရဲ့ မင်္ဂလာပွဲမှာ ကျွေးမွေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ (ထိုစဉ်က) မင်းသမီး အဲလိစဘတ်ရဲ့အမှတ်အသားပါ ဘူးနဲ့ ထည့်ထားပြီး ပုံနှိပ်ထားတဲ့စာတစ်စောင်လည်း ပါပါတယ်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲမှာ တည်ခင်းဖို့ အလေးချိန် ပေါင် ၅၀၀ ရှိတဲ့ ကိတ်မုန့်ကြီး ဖုတ်ခဲ့တာဖြစ်ပြီး အခုလေလံတင်ခဲ့တဲ့ ကိတ်မုန့်ကတော့ စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့မှာရှိတဲ့ ဟိုလီရုဒ်အိမ်တော်ထိန်း မာရီယွန်ပိုလ်ဆန်ကို ပေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ် ဖြစ်ပါတယ်။ ရီမန်းဒန်ဆီလေလံကုမ္ပဏီရဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၃၁ ဒေါ်လာနဲ့ လေလံအောင်ခဲ့တာပါ။ Ref: 77-year-old slice of Queen Elizabeth […]

ရင်သွေးရဲ့အသားအရည်ကြောင့် ကွာရှင်းခံရဖို့ရှိနေတဲ့ တရုတ်အမျိုးသမီး

အသားမည်းတဲ့ ရင်သွေးမွေးဖွားလာတာကြောင့် တရုတ်အမျိုးသမီးတစ်ဦးဟာ အိမ်ထောင် ကွာရှင်းခံရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် တရုတ်အမျိုးသမီးက ဒီအကြောင်းကို လူမှုကွန်ရက်မှာ ရေးသားထားပြီး အခြားအိမ်ထောင်ရှင်တွေဆီကလည်း အကြံတောင်းထားပါတယ်။ သူ့ခင်ပွန်းဟာ သားဖြစ်သူကို ပထမဆုံးအကြိမ် တွေ့ချိန်မှာ မျက်လုံးအပြူးသားနဲ့ အံ့အားသင့်သလို ကြည့်နေခဲ့ပြီး ပွေ့ချီဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။ အမျိုးသမီးကတော့ အာဖရိကကို လုံးဝမရောက်ဖူးသလို လူမည်းမိတ်ဆွေ အသိအကျွမ်းလည်း မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ခင်ပွန်းသည်ကတော့ သံသယရှိနေတဲ့အတွက် ရင်သွေးကို DNA စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ခင်ပွန်းသည်ရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့ဘက်က မှန်ကြောင်း သက်သေပြနိုင်ရင်တောင် သူတို့ကြားမှာ ထားရှိတဲ့ ယုံကြည်မှု ပျက်ပြားနေတာကို အဖတ်ဆယ်နိုင်ဖို့ မလွယ်တော့လို့ အိမ်ထောင်ကွဲရမယ့် အခြေအနေ […]

ဘုရားကျောင်းမှာရေစင်လို့ ထင်ပြီးတန်းစီသောက်နေကြတဲ့ရေဟာ လေအေးပေးစက်မှ စိမ့်ထွက်လာခြင်း ဖြစ်

အိန္ဒိယဘုရားကျောင်းတစ်ခုမှာ ဆင်ရုပ်တုကနေ စိမ့်ကျလာတဲ့ရေကို အစွမ်းထက် ရေစင်လို့ ထင်မှတ်ပြီး လူပေါင်းများစွာ တန်းစီ စောင့်ဆိုင်းကာ သောက်ခဲ့ကြပေမဲ့ တကယ်တမ်း စစ်ဆေးကြည့်ချိန်မှာတော့ လေအေးပေးစက်ကနေ စိမ့်ထွက်လာတဲ့ရေ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဝရင်ဒါဗန်မြို့မှာ တည်ထားတဲ့ သျှရီဘန်ကီဘီဟာရီဘုရားကျောင်းနံရံမှာ ဆင်ရုပ်တုတစ်ခု ရှိပြီး အဲဒီရုပ်တုကနေ ရေတစ်ပေါက်ချင်း စိမ့်ထွက်နေတာပါ။ ဒါဟာ နတ်ဘုရား ကရစ်သျှနားဆီကနေ စိမ့်ထွက်နေတဲ့ အစွမ်းထက် ရေစင်လို့ ထင်မှတ်ပြီး လူအများအပြားက တန်းစီစောင့်ဆိုင်းကာ သောက်ခဲ့ကြတာပါ။ တကယ်တမ်း အကြောင်းရင်းကို စစ်ဆေးကြည့်ချိန်မှာတော့ လေအေးပေးစက်က စိမ့်ထွက်နေတဲ့ရေဟာ နံရံကို စီးသွားပြီး ဆင်ရုပ်ကနေ တစ်စက်ချင်း ကျနေတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဂေါပကအဖွဲ့တွေက ဒီရေကို မသောက်သုံးကြဖို့ လူတွေကို တားမြစ်ခဲ့ရပါတယ်။ ” လူတွေရဲ့ကိုးကွယ်ယုံကြည်မှုကို ကျွန်တော်တို့ လေးစားပေမဲ့ […]

အထူ ၁.၆၅ မီလီမီတာပဲရှိတဲ့ ကမ္ဘာ့အပါးဆုံး လက်ပတ် စက်နာရီ

ရုရှားနိုင်ငံသား နာရီဖန်တီးသူ ကွန်စတန်တင်ချေကင် ဖန်တီးထားတဲ့ The ThinKing နာရီဟာ ကမ္ဘာ့အပါးဆုံး လက်ပတ် စက်နာရီအဖြစ် စံချိန်တင်နိုင်ဖို့ ရှိနေပါတယ်။ ကမ္ဘာ့အပါးဆုံး လက်ပတ်နာရီ ဖန်တီးနိုင်ဖို့အတွက် နာမည်ကျော်ကုမ္ပဏီကြီးတွေအပါအဝင် နာရီဖန်တီးသူတွေ အပြိုင်အဆိုင် ကြိုးစားခဲ့ကြတာ နှစ်ကာလ အတော်ကြာခဲ့ပါပြီ။ ချေကင် ဖန်တီးတဲ့ The ThinKing နာရီကတော့ အထူ ၁.၆၅ မီလီမီတာပဲ ရှိပြီး လက်ပတ်နာရီအဖြစ် ဝတ်ဆင်ဖို့တောင် အလွန်ခက်ခဲတဲ့အထိ ပါးလျလွန်းပါတယ်။ အလွန်ပါးလွန်းတာကြောင့် နာရီကြိုးတင်းအားဒဏ်နဲ့တောင် ကျိုးပဲ့ပျက်စီးလွယ်တဲ့အတွက် အထူးဖန်တီးထားတဲ့ နာရီကြိုး တပ်ဆင်ခဲ့ရတာပါ။ တင်းအားဒဏ်၊ တွန့်လိမ်မှုဒဏ်တွေ ခံနိုင်အောင် မိကျောင်းသားရေ လက်ပတ်ကြိုးပေါ်မှာ တိုင်တေနီယမ်သတ္တု အကွပ်တွေနဲ့ တွယ်ဆက်ဖန်တီးထားရတာ ဖြစ်ပါတယ်။ အလွန်ပါးလွှာတဲ့ ခွေးသွားစိတ်တွေကို ဟန်ချက်ညီဘီးနှစ်ဆင့်စနစ်နဲ့ ဖန်တီးထားတာဖြစ်လို့ အခုလောက်အထိ ပါးလွှာတာဖြစ်ပြီး […]

အိမ်ဖြူတော်မှာ နောက်ဆုံးကျင်းပတဲ့ ‌ဟောလိုးဝင်းပွဲမှာ ပန်ဒါကြီးတစ်ကောင်လို ဝတ်ဆင်ခဲ့တဲ့ အမေရိကန်သမ္မတကတော်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့ဟာ အောက်တိုဘာ ၃၁ ရက်နေ့က အိမ်ဖြူတော်မှာ ဟောလိုးဝင်းပွဲကျင်းပဆင်နွှဲခဲ့ပါတယ်။ သမ္မတကတော်ဂျေးလ်ဟာ ပန်ဒါကြီးတစ်ကောင်လို ဝတ်ဆင်ထားခဲ့တာပါ။ သမ္မတကတော်ဟာ ပန်ဒါတွေ ဝါရှင်တန်ဆီ ပြန်လာတော့မယ်လို့ အခုနှစ်အစောပိုင်းမှာ အမျိုးသားတိရစ္ဆာန်ရုံရဲ့ကြေညာချက်မှာ ပါဝင်ခဲ့တာပါ။ ပန်ဒါတွေက အောက်တိုဘာလအလယ်မှာ ဝါရှင်တန်ကို ရောက်ရှိလာခဲ့တာပါ။ အဲ့ဒါကို ကြိုဆိုတဲ့အနေနဲ့ ဂျေးလ်က ပန်ဒါဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သမ္မတကတော်ဂျေးလ်ဟာ ဟောလိုးဝင်းပွဲမှာ ပညာရေးဆိုင်ရာ အကြောင်းအရာပါအောင်လည်း ထည့်သွင်းခဲ့ပြီး စာဖတ်ခြင်းကို အားပေးတိုက်တွန်းဖို့ “Hallo-Read” လို့ အမည်ပေးထားပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာလည်း မြက်ခင်းပြင်မှာ စုရုံးနေတဲ့ ဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ ကလေးအုပ်စုကို Spooky Pumpkins ဆိုတဲ့ ဝတ္ထုတိုကို ဖတ်ပြခဲ့ပါတယ်။ နေဝင်တဲ့အချိန်ကျ သမ္မတနဲ့အတူ အပြင်ဘက်သို့ထွက်လာပြီး လက်ဆောင်တွေပေးကမ်းရင်း အချိန် တစ်နာရီကြာ […]

အနုစိတ်လွန်းတဲ့ မှန်အက်ကြောင်းပန်းချီကားတွေ ဖန်တီးသူ ဗြိတိန်ပန်းချီဆရာ

ဗြိတိန်နိုင်ငံမှ အနုပညာရှင်တစ်ဦးဟာ မှန်ချပ်ကို ကန်းဗတ်စလို အသုံးပြုပြီး တူနဲ့အက်ကြောင်းဖော်ကာ အံ့အားသင့်စရာ ပုံတူပန်းချီကားတွေ ဖန်တီးခဲ့ပါတယ်။ လန်ဒန်မြို့မှာ နေထိုင်တဲ့ နီယယ်ရှူကလာဟာ စာရေးဆရာ၊ ဒါရိုက်တာတစ်ဦးဖြစ်အောင် ကြိုးစားရင်း စိတ်ထွက်ပေါက်အနေနဲ့ မှန်အက်ကြောင်းပန်းချီကားတွေ ဖန်တီးခဲ့တာပါ။ မှန်ချပ်ကို ဆောက်နဲ့ ထွင်းရာမှာ အက်ကြောင်းတစ်ခု နေရာမှားသွားရုံနဲ့ ပန်းချီကားတစ်ချပ်လုံး သဲထဲရေသွန် ဖြစ်သွားနိုင်တာကြောင့် တကယ့်ကို အနုစိတ်ဖန်တီးရတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရှူကလာက သူ့ရဲ့မှန်အက်ကြောင်း ပန်းချီကားကို လူမှုကွန်ရက်ပေါ် တင်ရာမှာ ၄ ရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၄ သန်း ရှိလာခဲ့ပြီး သူလည်း ကျော်ကြားသွားခဲ့ပါတယ်။ နောက်နှစ်မှာတော့ သူဟာ လူမှုကွန်ရက်မှာ နှစ်သက်အားပေးသူ ၁ သိန်းကျော် ရှိလာခဲ့တာပါ။ ” မှန်အက်ကြောင်းပန်းချီက အရောင်တစ်ရောင်တည်းဆိုတော့ ဖန်တီးရတာ တော်တော်ခက်တယ်။ […]