ဗြိတိန်နိုင်ငံမှ အနုပညာရှင်တစ်ဦးဟာ မှန်ချပ်ကို ကန်းဗတ်စလို အသုံးပြုပြီး တူနဲ့အက်ကြောင်းဖော်ကာ အံ့အားသင့်စရာ ပုံတူပန်းချီကားတွေ ဖန်တီးခဲ့ပါတယ်။ လန်ဒန်မြို့မှာ နေထိုင်တဲ့ နီယယ်ရှူကလာဟာ စာရေးဆရာ၊ ဒါရိုက်တာတစ်ဦးဖြစ်အောင် ကြိုးစားရင်း စိတ်ထွက်ပေါက်အနေနဲ့ မှန်အက်ကြောင်းပန်းချီကားတွေ ဖန်တီးခဲ့တာပါ။

မှန်ချပ်ကို ဆောက်နဲ့ ထွင်းရာမှာ အက်ကြောင်းတစ်ခု နေရာမှားသွားရုံနဲ့ ပန်းချီကားတစ်ချပ်လုံး သဲထဲရေသွန် ဖြစ်သွားနိုင်တာကြောင့် တကယ့်ကို အနုစိတ်ဖန်တီးရတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရှူကလာက သူ့ရဲ့မှန်အက်ကြောင်း ပန်းချီကားကို လူမှုကွန်ရက်ပေါ် တင်ရာမှာ ၄ ရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၄ သန်း ရှိလာခဲ့ပြီး သူလည်း ကျော်ကြားသွားခဲ့ပါတယ်။ နောက်နှစ်မှာတော့ သူဟာ လူမှုကွန်ရက်မှာ နှစ်သက်အားပေးသူ ၁ သိန်းကျော် ရှိလာခဲ့တာပါ။

” မှန်အက်ကြောင်းပန်းချီက အရောင်တစ်ရောင်တည်းဆိုတော့ ဖန်တီးရတာ တော်တော်ခက်တယ်။ မှန်ချပ်ပေါ်မှာ ကိုယ်ထွင်းချင်တဲ့ စိတ်ကူးပုံရိပ်တွေ ရှိမယ်။ အဲဒီအတိုင်း တူအောင် ဖန်တီးနိုင်ဖို့က တကယ့်ကို စိန်ခေါ်မှုကြီးပဲ။ စမ်းသပ်မှုတွေ အများကြီး လုပ်ပြီးတော့မှ စိတ်တိုင်းကျတဲ့ မှန်အက်ကြောင်းပန်းချီတစ်ချပ် ရတာပါ”လို့ နီယယ်ရှူကလာက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ နီယယ်ရှူကလာဟာ ဆိုင်မွန်ဘာဂါ၊ မီကူရီယာတို့နဲ့တန်းတူ ကမ္ဘာ့လက်ရာအမြောက်ဆုံး မှန်အက်ကြောင်း ပန်းချီပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံနေရပါပြီ။

Ref: The Cracked Glass Portraits of Niall Shukla
NZ ( ရိုးရာလေး)


Post Views: 47