နော်ဝေနိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဟာ လေထုထဲက ကာဗွန်တွေကို စုပ်ယူပေးနိုင်မယ့် Continuous Swing Adsorption Reactor (CSAR) ကို တီထွင်စမ်းသပ်လျက်ရှိပါတယ်။ ကာဗွန်လျှော့ချနိုင်ရေးဆိုတာ စိမ်းလန်းစွမ်းအင်ရဲ့အန္တိမရည်မှန်းချက် ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်တွေအတွက် သင့်တင့်မျှတတဲ့ ရာသီဥတု ဖြစ်ပေါ်ဖို့အတွက်ဆိုရင် လူသားမျိုးနွယ်တွေဟာ တွင်းထွက်လောင်စာ အသုံးပြုမှုကို ရပ်တန့်နိုင်ရေးအတွက်တင်မကဘဲ လေထုထဲမှာ ရှိနေပြီးသားဖြစ်တဲ့ ကာဗွန်တွေကိုပါ စုပ်ယူဖို့ လိုအပ်နေပါတယ်။

နော်ဝေသုတေသနကုမ္ပဏီ SINTEF ရဲ့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ တီထွင်တဲ့ နည်းပညာသစ်ကတော့ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ အားရစရာဖြစ်ခဲ့ပြီး လက်တွေ့ကွင်းဆင်း စမ်းသပ်မှုတွေမှာလည်း ကျေနပ်လောက်တဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

Continuous Swing Adsorption Reactor (CSAR) လို့ အမည်ပေးထားတဲ့ နည်းပညာဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူဖို့ အပူပေးစက်နဲ့ လေစုပ်စက်ကို အသုံးပြုတာပါ။ အပူပေးစက်နဲ့ လေစုပ်စက်တွေဟာ ကာဗွန်စုပ်ယူရေးနည်းလမ်းအများစုမှာ အသုံးပြုတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီနည်းပညာမှာ ဓာတ်ပေါင်းဖို ၂ ခုရှိပြီး ပထမဓာတ်ပေါင်းဖိုကတော့ ကာဗွန်တွေကို ဖမ်းယူပါတယ်။ ပထမဓာတ်ပေါင်းဖိုရဲ့ မျက်နှာပြင်မှာ ကာဗွန်တွေကို ပေါင်းစည်းလိုက်ပြီး အပူထွက်စေပါတယ်။ ထွက်လာတဲ့အပူကို အခြားဓာတ်ပေါင်းဖိုထံ ပို့လွှတ်ပြီး ဓာတ်ပေါင်းဖိုထဲမှာ ဖမ်းယူထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို အပူချိန်ပြင်းပြင်းနဲ့ ပြန်လည်ထုတ်လွှတ်တာ ဖြစ်ပါတယ်။ လေစုပ်စက်ကတော့ အသွင်ပြောင်းသွားတဲ့ အငွေ့တွေကို ပြန်လည်ထုတ်လွှတ်ရာမှာ ပါဝင်လုပ်ဆောင်ပါတယ်။

ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ CSAR နည်းပညာဟာ တစ်နေ့ကို ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၁၀၀ ကီလိုဂရမ်အထိ ဖမ်းယူပေးနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: A Secret Weapon Against Carbon Has Met Scientist’s Wildest Expectations
NZ( ရိုးရာလေး)


Post Views: 93