(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၄ အမေရိကန် သမ္မတအပြောင်းအလဲနဲ့ မြန်မာ့အရေး ၄ နှစ်တကြိမ် သမ္မတကို တိုက်ရိုက်ရွေးကောက်တဲ့ အမေရိကန်နိုင်ငံ ရဲ့ ရွေးကောက်ပွဲက မြန်မာ့အရေးအပေါ် ဘယ်လောက် သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ အမေရိကန် သမ္မတ အပြောင်းအလဲက ကမ္ဘာ့အရေးကိစ္စတွေ အပေါ် သက်ရောက်မှုတွေ အများအပြားရှိစေမှာ ဖြစ်သလို မြန်မာနိုင်ငံ အပေါ် မှာလည်း အကျိုးသက်ရောက်မှု အတိုင်းအတာ တစုံတရာအထိ ရှိလာမယ် ဆိုတာကိုတော့ ယေဘုယျအားဖြင့် အငြင်းပွားစရာ မရှိကြပါဘူး။ ဘယ်လို အကျိုးသက်ရောက်မှာလဲ၊ ဖက်ဒရယ်ဒီမိုကရေစီ အရေး လက်နက်ကိုင်တော်လှန်ရေး အပေါ် သက်ရောက်မှု ရှိမလား သို့မဟုတ် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ဖိနှိပ်မှုကြောင့် တတိယနိုင်ငံလို့ခေါ်တဲ့ အမေရိကန်ကို ပြောင်းရွှေ့အခြေချလိုသူတွေ အပေါ် သက်ရောက်မှု […]