ylliX - Online Advertising Network

Samsung Myanmar ၏ Love & Care အစီအစဉ်မှ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား Mary Chapman နားမကြားသော ကလေးများကျောင်းသို့ လှုူဒါန်း | Myanmar Tech Press

Samsung Myanmar ၏ Love & Care အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများဖြစ်သော Samsung တီဗီ၊ စမတ်ဖုန်းနှင့် Tablet များအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာ၊ မုန့်နှင့်အအေးတို့အား ရန်ကုန်မြို့ရှိ Mary Chapman နားမကြားသော ကလေးများကျောင်းသို့  သွားရောက် လှုူဒါန်းခဲ့သည်။ Image: Samsung ဤ လှူဒါန်းမှုအခမ်းအနားတွင် Samsung Myanmar အဖွဲ့သားများကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြပြီး Mary Chapman နားမကြားသော ကလေးများကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းနှီးပျော်ရွှင်စွာ တွေ့ဆုံခဲ့ကြသည့်အပြင် ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာများကိုလည်း လှူဒါန်းကျွေးမွေးခဲ့ကြသည်။ Image: Samsung Samsung Myanmar သည် Love & Care […]

Samsung Myanmar မှ မြင်သာမြို့ဦး ဘုန်းတော်ကြီးပညာသင်ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား လှုူဒါန်း | Myanmar Tech Press

Samsung Myanmar Love & Care အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Samsung တီဗီ၊ စမတ်ဖုန်းနှင့် Tablet များအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာ၊ မုန့်နှင့်အအေးတို့အား မြင်သာမြို့ဦး ဘုန်းတော်ကြီး ပညာသင်ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သွားရောက်လှုူဒါန်းခဲ့သည်။ Image: Samsung အဆိုပါ လှူဒါန်းမှုအခမ်းအနားအား Samsung Myanmar အဖွဲ့သားများနှင့်အတူ နိုင်ငံကျော် အနုပညာရှင် မေတိုးခိုင်လည်း တက်ရောက်ခဲ့ပြီး ဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းနှီးပျော်ရွှင်စွာ အမှတ်တရများကို ဖန်တီးခဲ့ကြသည်။ ထို့နောက်တွင်မှ Samsung Myanmar အဖွဲ့သားများမှ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာများကို လှူဒါန်းကျွေးမွေးခဲ့ကြသည်။ […]

BTS အဖွဲ့၀င် Jin ၏ အယ်လ်ဘမ်အသစ်ကို ဂုဏ်ပြုရန်အတွက် TikTok မှ #HappyProject ကို မိတ်ဆက် | Myanmar Tech Press

နို၀င်ဘာလ ၁၅ ရက်နေ့က ကမ္ဘာတစ်ဝှမ်းတွင် ဖြန့်ချိခဲ့သည့် ၂၁ရာစု၏ ပေါ့ပ်အိုင်ကွန်ဖြစ်သည့် BTS အဖွဲ့၀င် Jin ၏ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် Happy ကို ဂုဏ်ပြုရန်အတွက် TikTok သည် Jin နှင့်အတူ ပူးပေါင်းပြီး multimedia ကမ်ပိန်းအသစ်ဖြစ်သည့် #HappyProject ကို မိတ်ဆက်ခဲ့ပါသည်။ သီချင်းများရှာဖွေတွေ့ရှိမှုအတွက် ထိပ်တန်းပလက်ဖောင်းတစ်ခုဖြစ်သည့် TikTok ၏ immersive hub အသစ်သည် ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများနှင့် ပရိသတ်များ အပြန်အလှန်တွေ့ဆုံဆက်ဆံနိုင်ပြီး TikTok အက်ပ်အတွင်း၌သာရရှိနိုင်သည့် အထူးသီးသန့်အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသည်။ #HappyProject ကမ်ပိန်းတွင် Jin ၏ အသစ်ထွက်ရှိမည့်အယ်လ်ဘမ်ကို ဂုဏ်ပြုရင်း ကြည့်ရှုခံစားနိုင်မည့် အထူးသီးသန့်အတွေ့အကြုံအသစ်များစွာပါဝင်သည်။ TikTok တွင် ‘Jin’ သို့မဟုတ် ‘BTS’ ကို ရှာဖွေခြင်းဖြင့်တွေ့ရှိနိုင်သည့် Happy ထွက်ရှိမှုကို ဂုဏ်ပြုရန် […]

အူရီဒူးမြန်မာမှ Gameverse Champion League ဆီသို့ တက်လှမ်းနိုင်မည့် Mobile Legends၊ PUBG Mobile နှင့် Casual Games Regional ပြိုင်ပွဲများကို တိုင်းနယ်ပြည်နယ်များတွင် ကျင်းပပေးလျက်ရှိ | Myanmar Tech Press

အူရီဒူးမြန်မာသည် ဆုကြေးငွေ ကျပ်သိန်း ၃၂၀ အထိ ပေးအပ်သွားမည့် “Gameverse Champion League” ပြိုင်ပွဲကြီးကို တက်လှမ်းနိုင်မည့် Mobile Legends: Bang Bang (MLBB) ၊ PUBG Mobile နှင့် Casual Games များ ပါဝင်သည့် Regional esports ပြိုင်ပွဲများစွာကို တိုင်းနယ်ပြည်နယ်များတွင် ကျင်းပလျက်ရှိပါသည်။ ဤဒေသတွင်း ပြိုင်ပွဲများမှတစ်ဆင့် မိမိတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသလိုသော ကစားသမားများအတွက် အထူးအခွင့်အရေးကြီးဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ တက်သစ်စ esports ကြယ်ပွင့်များကို ဖော်ထုတ်မြှင့်တင်ပေးရန် ရည်ရွယ်ထားသည့် Gameverse Champion League ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ Image: ooredoo အဆိုပါ Regional esports ပြိုင်ပွဲအားလုံးအတွက် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၁၆၀ ကျော် ပေးအပ်သွားမည်ဖြစ်ပြီး ပွဲတစ်ခုချင်းစီအတွက် စုစုပေါင်းဆုကြေးငွေ ကျပ် ၄၂ သိန်း ပေးအပ်မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသော ကစားသမားများအနေဖြင့် ဖော်ပြပါ လင့်ခ်များတွင် စာရင်းသွင်းနိုင်မည်ဖြစ်ပါသည်-  Mobile […]

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက် | Myanmar Tech Press

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် OPPO A3 Series တွေထဲကမှ ယခင်ထွက်ရှိထားပြီးသား OPPO A3 နဲ့ Chipset တူညီသလို မာကြောမှု ၊ အကြမ်းခံမှုတွေပါ တူညီပြီး ဈေးနှုန်းအနေနဲ့ ပိုမိုသက်သာတဲ့ OPPO A3x (4+128) ဗားရှင်းအသစ် ကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ၅၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။  OPPO A3x ကို Nebula Red နဲ့ Ocean Blue ဆိုပြီး အရောင် နှစ်မျိုး ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး OPPO A3 နဲ့ Chipset တူညီတာကြောင့် နေ့စဉ် ဖုန်းအသုံးပြုမှုတွေမှာလဲ အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။   Image: OPPO ဈေးနှုန်းတူ ဖုန်းများအကြား အမာကြောဆုံး ဖြစ်တဲ့အပြင် Multiple Liquid Resistance ပါဝင်လာတဲ့ OPPO A3x ဈေးနှုန်းတူဝန်းကျင် စမတ်ဖုန်းများအကြား မာကြောမှုဒဏ်တွေကို စမ်းသပ်တဲ့ Military-Grade Shock Resistance စမ်းသပ်မှုကို အောင်မြင်ခဲ့တာကြောင့် MIL-STD 810H Certification ကို ရရှိထားရုံသာမက အခြားသော အကြမ်းခံမှုတွေအတွက် SGS Premium Certification ကိုပါ ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား OPPO A3x က ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါတင်သာမက Multiple Liquid […]

Sweet 16 ကို ခံစားရမယ့် အံ့ဩစရာလုပ်ဆောင်ချက်တွေ၊ Limited Edition လက်ဆောင်တွေနဲ့Galaxy A16 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက် | Myanmar Tech Press

 Samsung ရဲ့ နောက်ဆုံးထွက် Galaxy A16 5G စမတ်ဖုန်းကို မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ Sweet 16 အနေနဲ့ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Galaxy A16 စမတ်ဖုန်းဟာ နေ့စဉ်ဘဝကို ပိုမိုချိုမြိန်သွားစေမယ့် Sweet အဖြစ်ဆုံး ထုတ်ကုန်တစ်ခုအဖြစ် ထွက်ရှိလာတာဖြစ်ပြီး လူငယ်ဆန်တဲ့ အရောင် နဲ့ ဒီဇိုင်း၊ တောက်ပ စိုပြည်ပြီး အကောင်းဆုံး ကြည့်ရှုမှု အရည်အသွေးကို ရရှိစေမယ့် Super AMOLED Display၊ လိုင်းဆွဲအားအကောင်းဆုံး 5G Connection နဲ့ အမိုက်စား Awesome ဖြစ်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။ Samsung Myanmar က Galaxy A16 နဲ့အတူ လူငယ်များအကြား ရေပန်းစား လူကြိုက်များတဲ့   ပြည်တွင်းထုတ်ကုန် […]

အာဆီယံဒေသတွင်းရှိ MSMEs လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့် ပါဝင်မှု အားကောင်းလာစေရန် ပံ့ပိုးမြှင့်တင်ပေးခြင် | Myanmar Tech Press

ယနေ့ခေတ် စီးပွားရေးအခင်းအကျင်းတွင် ဒစ်ဂျစ်တယ်နည်းပညာကို အောင်အောင်မြင်မြင် အသုံးချနိုင်ခြင်းသည် အာဆီယံရှိ စီးပွားရေးလုပ်ငန်း အရွယ်အစားအမျိုးမျိုးအတွက် အရေးကြီးလာပါသည်။ MSMEs (အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများ) သည် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးဖြစ်ပြီး အာဆီယံ၏ စီးပွားရေးအခင်းအကျင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ စီးပွားရေးကဏ္ဍ၏ ၉၀ရာခိုင်နှုန်းကျော်၊ လုပ်သားအင်အား၏ ၆၇ရာခိုင်နှုန်းကို အလုပ်ပေးလျက်ရှိကာ နိုင်ငံ၏ GDP (ပြည်တွင်းစုစုပေါင်းထုတ်ကုန်)၏ ၄၀ရာခိုင်နှုန်းကျော်အထိ ပါဝင်ကူညီဆောင်ရွက်လျက်ရှိပါသည်။ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများနှင့် ခေတ်မီဆန်းသစ်သော ကိရိယာများကို သုံးစွဲနိုင်ခြင်းဖြင့် MSME များသည် သုံးစွဲသူများနှင့် ထိတွေ့ ဆက်ဆံမှုကို မြှင့်တင်ရန်၊ ၎င်းတို့၏ Storytelling ကို အားကောင်းလာစေရန်နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းရလဒ်များကို ရရှိရန် အထောက်အပံ့ကောင်းတစ်ခု ဖြစ်နိုင်ပြီး ၎င်းတို့၏ ဒစ်ဂျစ်တယ်အစပျိုးမှုများအတွက် မဟာဗျူဟာမြောက် ချဉ်းကပ်မှု၏ အရေးပါမှုကို အလေးပေး ဖော်ပြနေပါသည်။ အရှေ့တောင် အာရှတစ်ဝန်းရှိ လုပ်ငန်းပေါင်း […]

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် သိန်း ၃၀၀ ကျော်တန်ဖိုးရှိ အိပ်ရာများ ဆက်လက်လှူဒါန်းခဲ့တဲ့ OPPO Myanmar AED | Myanmar Tech Press

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းတွေထဲကမှ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို  ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာနဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အနွေးဓာတ် ရရှိစေဖို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ OPPO Myanmar AED အနေနဲ့ ကျန်ရှိတဲ့ သိန်း ၃၀၀ ကျော် တန်ဖိုးရှိ အိပ်ရာတွေကို ပြည်သူများ အေးချမ်းစွာ အိပ်စက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တို့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ Image: OPPO OPPO Myanmar AED ဟာ မြန်မာပြည်သူတွေအတွက် လိုအပ်မဲ့အကူအညီတွေကို နေရာဒေသတိုင်းမှာ ဆက်လက် ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြုအပ်ပါတယ်။ Image: OPPO OPPO အကြောင်း OPPO သည် ကမ္ဘာ့ထိပ်တန်း Smart […]

ချောမွေ့တဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေနဲ့အတူ အကြမ်းခံနိုင်မဲ့ အမာကြောဆုံး OPPO A3 ဖုန်း ဗားရှင်းအသစ် ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက် | Myanmar Tech Press

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဂိမ်းချစ်သူတွေအတွက် အထူးအနေနဲ့ နောက်ဆုံးပေါ် OPPO A3 ဗားရှင်းအသစ်ကို ဒီကနေ့မှာ မြန်မာနိုင်ငံဈေးကွက်ထဲသို့ ၈၀၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပါတယ်။ နောက်ဆုံးပေါ် A Series စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲကမှ “အကြမ်းပတမ်းသုံး OPPO A3 Series ဖုန်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထွက်ရှိလာတဲ့ OPPO A3 Series ရဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးဟာလဲ ယခင် ရှေ့က OPPO A3 လိုမျိုး Military-Grade Shock Resistance နဲ့ SGS Premium Certification ရရှိထားတာကြောင့် ဘက်စုံ အကြမ်းခံနိုင်တဲ့အပြင် ပိုမိုများပြားလာတဲ့ ROM Storage နဲ့အတူ သုံးစွဲသူတွေ စိတ်တိုင်းကျစေနိုင်မဲ့ Gaming Assistance ပါ ထပ်မံပါရှိလာမှာဖြစ်ပါတယ်။ အလင်းအား 1,000nits Ultra Bright Display၊ 300% Ultra Volume Mode၊ Snapdragon 6s 4G Gen1 မိုဘိုင်းပလက်ဖောင်းနဲ့အတူ ယခင် OPPO A3 ဗားရှင်းထက် ပိုပြီး ပမာဏများပြားတဲ့ Memory နဲ့ Storage တို့ ပါရှိလာတဲ့ OPPO A3 ဗားရှင်းအသစ်ဟာ ဂိမ်းဆော့တာတွေကနေ ဗီဒီယိုကြည့်ရှုတာတွေအထိ အဆင်ပြေချောမွေ့စေမှာဖြစ်သလို ဖျော်ဖြေရေးအတွေ့အကြုံများကို အရှိန်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုများပြားတဲ့ Memory နဲ့ Storage တို့ပါရှိလာတဲ့ OPPO A3 […]

ဖျော်ဖြေရေးရသနှင့် ဗဟုသုတကို တစ်ပြိုင်တည်း မျှဝေပေးနေသည့် TikTok ဗီဒီယိုဖန်တီးသူ Creator များ | Myanmar Tech Press

TikTok သည် မြန်မာ့အသုံးပြုသူအသိုင်းအ၀ိုင်းကြားတွင် ဖျော်ဖြေရေးအတွက်သာမက ပညာရေးနှင့် အသိပညာမျှဝေပေးရာအတွက်ပါ အသုံးပြုကြသည့် ပလက်ဖောင်းတစ်ခုအဖြစ် လျင်မြန်စွာ တိုးတက်လာလျက်ရှိပါသည်။ တီထွင်ဖန်တီးမှုနှင့် လူအများ အပြန်အလှန်ဆက်သွယ်နိုင်သော နေရာတစ်ခုအဖြစ် ဖော်ဆောင်မည်ဆိုသော ကတိကဝတ်ဖြင့် TikTok သည် အသုံးပြုသူများအတွက် အမျိုးမျိုးသော အကြောင်းအရာများကို ခံစားနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ပါသည်။ ထိုကဲ့သို့ အကြောင်းအရာအမျိုးမျိုး၏ အသေးစိတ်အချက်အလက်များကို ပျော်စရာကောင်းပြီး လက်လှမ်းမီစေရန် မျှဝေရာတွင် ဗီဒီယိုဖန်တီးသူ Creator များသည် အရေးပါသည့် အခန်းကဏ္ဍက ပါ၀င်ကြပြီး ထိုကဲ့သို့ တီထွင်ဖန်တီးမှုနှင့် ပညာရေးတို့ ဆုံတွေ့အားကောင်းစေရန် TikTok က အထောက်အပံ့ပေးလျက်ရှိပါသည်။ ထို့ကြောင့် TikTok အနေဖြင့် အသုံးပြုသူအသိုင်းအ၀ိုင်းအတွက် အရေးကြီးသော အကြောင်းအရာများကို စူးစမ်းလေ့လာရန် အသိပညာပေးပြီး တီထွင်ဖန်တီးနိုင်စွမ်းကို ခွန်အားပေး လှုံ့ဆော်ပေးသော […]