နို၀င်ဘာလ ၁၅ ရက်နေ့က ကမ္ဘာတစ်ဝှမ်းတွင် ဖြန့်ချိခဲ့သည့် ၂၁ရာစု၏ ပေါ့ပ်အိုင်ကွန်ဖြစ်သည့် BTS အဖွဲ့၀င် Jin ၏ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် Happy ကို ဂုဏ်ပြုရန်အတွက် TikTok သည် Jin နှင့်အတူ ပူးပေါင်းပြီး multimedia ကမ်ပိန်းအသစ်ဖြစ်သည့် #HappyProject ကို မိတ်ဆက်ခဲ့ပါသည်။ သီချင်းများရှာဖွေတွေ့ရှိမှုအတွက် ထိပ်တန်းပလက်ဖောင်းတစ်ခုဖြစ်သည့် TikTok ၏ immersive hub အသစ်သည် ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများနှင့် ပရိသတ်များ အပြန်အလှန်တွေ့ဆုံဆက်ဆံနိုင်ပြီး TikTok အက်ပ်အတွင်း၌သာရရှိနိုင်သည့် အထူးသီးသန့်အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသည်။
#HappyProject ကမ်ပိန်းတွင် Jin ၏ အသစ်ထွက်ရှိမည့်အယ်လ်ဘမ်ကို ဂုဏ်ပြုရင်း ကြည့်ရှုခံစားနိုင်မည့် အထူးသီးသန့်အတွေ့အကြုံအသစ်များစွာပါဝင်သည်။
- TikTok တွင် ‘Jin’ သို့မဟုတ် ‘BTS’ ကို ရှာဖွေခြင်းဖြင့်တွေ့ရှိနိုင်သည့် Happy ထွက်ရှိမှုကို ဂုဏ်ပြုရန် စိတ်လှုပ်ရှားဖွယ်ရာ အက်ပ်အတွင်းအတွေ့အကြုံအသစ်
- ပရိသတ်များအား အချိန်အကန့်အသတ်ရှိသော အထူးသီးသန့် ပရိုဖိုင် frame ကို လော့ခ်ဖွင့်ပေးမည့် မစ်ရှင်များ
- Running Wild ကို အသုံးပြု၍ J-hope နှင့်အတူ အက challenge ပြုလုပ်နိုင်မည့် ဗီဒီယို အပါအဝင် အထူးသီးသန့်ဗီဒီယိုများ
- BTS ကို follow လုပ်ပြီး နိုဝင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၆နာရီခွဲ တွင် ကြည့်ရှုနိုင်မည့် Jin နှင့် သီးသန့်အင်တာဗျူး တိုက်ရိုက်ထုတ်လွှင့်မှု
-
သီးသန့်ဗီဒီယိုများတွင် ‘Happy’ ဟု ကွန်းမန့်ပေးသည့် ပရိသတ်များအတွက် အံ့အားသင့်စရာ surprise များ စသည့် အတွေ့အကြုံများစွာကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
Image: TikTok
“အားလုံးကို TikTok ကတစ်ဆင့် ထပ်ပြီးနှုတ်ဆက်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော့်အယ်လ်ဘမ် ‘Happy’ က လူတွေကို တတ်နိုင်သလောက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာဖြစ်လို့ ဒီအခွေကို နားထောင်သူတိုင်း ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ကျွန်တော့်အတွက် ဘာအဓိပ္ပာယ်ရှိလဲဆိုတဲ့ ရိုးသားတဲ့ တွေးခေါ်မှုတွေထင်ဟပ်နေတဲ့ အယ်လ်ဘမ်တစ်ခုဖြစ်ပါတယ်”ဟု Jin က ပြောသည်။
#jin နှင့် ဆက်စပ်သည့် hashtag များကို ပို့စ်ပေါင်း ၁၃.၂ သန်းတွင် အသုံးပြုထားပြီး ဗီဒီယိုကြည့်ရှုမှုပေါင်း ၉၅ဘီလီယံ ရရှိထားပြီဖြစ်သည်။