ylliX - Online Advertising Network
Samsung Myanmar ၏ Love & Care အစီအစဉ်မှ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား Mary Chapman နားမကြားသော ကလေးများကျောင်းသို့ လှုူဒါန်း | Myanmar Tech Press

Samsung Myanmar ၏ Love & Care အစီအစဉ်မှ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား Mary Chapman နားမကြားသော ကလေးများကျောင်းသို့ လှုူဒါန်း | Myanmar Tech Press


Samsung Myanmar ၏ Love & Care အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများဖြစ်သော Samsung တီဗီ၊ စမတ်ဖုန်းနှင့် Tablet များအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာ၊ မုန့်နှင့်အအေးတို့အား ရန်ကုန်မြို့ရှိ Mary Chapman နားမကြားသော ကလေးများကျောင်းသို့  သွားရောက် လှုူဒါန်းခဲ့သည်။

Image: Samsung

ဤ လှူဒါန်းမှုအခမ်းအနားတွင် Samsung Myanmar အဖွဲ့သားများကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြပြီး Mary Chapman နားမကြားသော ကလေးများကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းနှီးပျော်ရွှင်စွာ တွေ့ဆုံခဲ့ကြသည့်အပြင် ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာများကိုလည်း လှူဒါန်းကျွေးမွေးခဲ့ကြသည်။

Image: Samsung

Samsung Myanmar သည် Love & Care အစီအစဉ်မှတဆင့် မြန်မာနိုင်ငံရှိ အခွင့်အလမ်းနည်းပါးသော လှုမှုအသိုင်းအဝိုင်းများ အတွက် တစ်ဖက်တစ်လမ်းမှနေ၍ ပံ့ပိုးကူညီမှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်မှာ ၉ နှစ်ဆက်တိုက် ရှိခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင်မူ Samsung ထုတ်ကုန်များဖြင့် သင်ကြားရေးအထောက်အကူပြုစေနိုင်မည့် နေရာများသို့ ရွေးချယ်လှူဒါန်းကြခြင်းဖြစ်ပြီး စုစုပေါင်း ငွေကျပ်သိန်း ၁,၆၀၀ ကျော်တန်ဖိုးရှိ Samsung ထုတ်ကုန်များကို လှုဒါန်းပေးသွားမည် ဖြစ်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *