ချင်းပြည်၊ ဖလမ်းမြို့နယ်က လုမ်သဲနဲ့ ဗားရ်ကျေးရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၅ နဲ့ ၂၆ ရက်နေ့ နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်တာကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ယမန်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေရှိရာ လုမ်သဲကျေးရွာထဲ လေကြောင်းနဲ့ ဗုံးသီး ငါးလုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ “အမျိုးသား လေးယောက်နဲ့ အမျိုးသမီး တစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲထဲမှာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ လူနာတွေလည်းရှိတယ်” လို့ အသက် ၂၈ နှစ်အရွယ် ဖလမ်းဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို […]
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ သေနတ်ပစ်ခတ်မှုတို့ကြောင့် ရခိုင်ပြည်မှာ ယခု နိုဝင်ဘာလအတွင်း သေဆုံးသူ ၂၀ ဦးအထိရှိကြောင်းကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။ နိုဝင်ဘာလ ၁ ရက်ကနေ ၂၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားပြီး သေဆုံးသူများထဲတွင် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၁ ဦးပါဝင်ကြောင်းနှင့် ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၆ ဦးပါဝင်ကြောင်း သိရသည်။ သေဆုံးသူ ၂၀ ဦးထဲက ၁၉ ဦးမှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသလို ကျန် ၁ ဦးမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု AAPP […]
မြိတ်မြို့၊ တလိုင်းစုရပ်၊ ဆိပ်ငယ်ဘောတံတားအနီးရေလယ်မှ ဆီဘောအနီးတွင်ဖြစ်ပွားခဲ့သည့် ငါးဖမ်းစက်လှေမီးလောင်မှုတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် လှေလုပ်သားနှစ်ဦးအနက် လှေလုပ်သား ကိုအောင်မျိုးမင်း သေဆုံးသွားသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံကသိရသည်။ မြိတ်ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ယမန်နေ့(နိုဝင်ဘာ ၂၅ရက်) နံနက် ၇ နာရီခန့်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ “မီးတစ်ကိုယ်လုံးလောင်ထားတော့ ဒဏ်ရာက အတော်ပြင်းတယ်။ ဆီးသွားရင် သွေးအရမ်းပါနေကတည်းက အခြေအနေမကောင်းဘူးဆိုတာ သတိထားမိတယ်”ဟု ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြန်ပြောပြသည် ။ ဆေးကုသမှုခံယူနေဆဲ ကျန်လှေလုပ်သားတစ်ဦး၏ ဒဏ်ရာမှာလည်း စိုးရိမ်ရဆဲအနေအထားတွင်ရှိကြောင်း ၎င်းကဆက်ပြောသည်။ သေဆုံးသွားသည့် လှေလုပ်သား ကိုအောင်မျိုးမင်း ၏ စျာပနကို မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်တွင် မြိတ်မြို့၌ ပြုလုပ်သွားမည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည် ။ အဆိုပါ ငါးဖမ်းစက်လှေသည် နိုဝင်ဘာလ ၂၂ ရက် ည ၇ […]
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် စစ်လေယာဉ် လာရောက် ဗုံးကြဲမှုကြောင့် ဒေသခံသားအမိ ၂ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။ နိုဝင်ဘာ ၁၆ နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ် တွင်းငယ်ကျေးရွာသို့ စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၈ နာရီခန့်တွင် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သေဆုံးသူများမှာ တွင်းငယ်အနီး ရေညာဦးရွာနေ ၆ နှစ်သမီး နှင့် သူ၏ အသက် ၃၀ အရွယ်မိခင်တို့ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။ “အမျိုးသမီးက ပေါင်လုံးဝပြတ်သွားပြီးတော့ သူ့အသားစတွေက အိမ်နံရံမှာ၊ သွေးတွေလည်း အိုင်ထွန်းလို့ပဲ။ အဲဒီကတည်းက အခြေအနေမကောင်းဘူး။ ဒါပေမဲ့ သူ့သမီးလေးကလည်း ခေါင်းထိပြီး လဲနေတော့ […]
တအာင်းတပ် (TNLA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တို့ကို ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် လေတပ်က ဗုံးကြဲရာ ကလေးတစ်ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရ ရှိသွားကြောင်း ဒေသခံများနှင့် TNLA ထံမှ သိရသည်။ ယမန်နေ့ ည ၁၁း၄၇ အချိန်တွင် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၄)ကို ဗုံးကြဲခြင်း ဖြစ်သည်ဟု TNLA က ဆိုသည်။ ထိုရပ်ကွက်ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်းအနီး ဗုံး ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်များ၊ ဆိုင်ခန်းတံခါးများ ပျက်စီးခဲ့သည်ဟု ဒေသခံများကလည်း ပြောကြသည်။ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးခန့် […]
မြိတ်-တနင်္သာရီပြည်ထောင်စုကားလမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် မြိတ်မြို့နယ် တုံးဗျောရွာဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက် နံနက် ၇နာရီခန့်တွင် တုံးဗျောကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းပေါက်ခဲ့ရာ ဆိုင်ကယ်ဖြင့်လာသည့် သားအဖနှစ်ဦး မိုင်းစ ထိမှန်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် သားဖြစ်သူ အမျိုးသားသေဆုံးပြီး အသက် ၆၀ ဝန်းကျင်အရွယ် ၎င်း၏ ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဒဏ်ရာရသွားသည့် ဖခင်ဖြစ်သူကို မြိတ်ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသနေရကြောင်း ၎င်းက ပြောဆိုသည်။ “ဖြစ်တာက လမ်းမကြီးပေါ်မှာပဲ မိုင်းကွဲပြီး သေတာပေါ့။ လက်နက်ကြီး မဟုတ်ပါဘူး။ စကစ ထောင်ထားတဲ့မိုင်းလို့ ပြောနေကြတာ။ စကစက လှုပ်ရှားနေတဲ့ နေရာလည်းဖြစ်တယ်ဆိုတော့” ဟု […]
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄ တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခြင်းလို့ ခေါ်တဲ့ ကားလမ်းတလျှောက် ငွေကြေးစွန့်ကြဲတဲ့ အလေ့အထဖြစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေးတဲ့ နှစ်ကာလတွေကျမှ ပေါ်ပေါက်လာတဲ့ အလေ့အထဖြစ်ပြီး ရှေးတုန်းက ပံ့သကူ အဖြစ်စွန့်ကြဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခြေခံပေမယ်လို့ လုပ်ကိုင်ပုံနည်းလမ်းတော့ မတူပါဘူး။ ရှေးအစဥ်အလာ ပံ့သကူစွန့်ကြဲခြင်းက ပေးကမ်းသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမှာ ထားခဲ့တဲ့သဘောမျိုး ဖြစ်ပြီး အခုလို တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကားနဲ့ ပစ်ချစွန့်ကြဲတာမျိုး မဟုတ်ပါဘူး။ တန်ဆောင်မုန်းလပြည့် ပွဲတော်ကာလရက်တွေမှာ အခုလို ပံ့သကူ […]
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။ မိုးမောက်မြို့မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသော ကုန်းလောရွာကို မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် လေယာဉ်တစ်စီးက ဗုံးကြဲခဲ့စဉ် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဗုံးထိမှန်ခဲ့သည်။ ဘုရားကျောင်းအနီးဝန်းကျင်တွင် စစ်ရှောင်များ လာရောက်ခိုလှုံနေထိုင်လျက်ရှိရာ ဆော့ကစားနေသည့် ကလေးငယ်များအပါအဝင် ဒေသခံ ၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကုန်းလောရွာမှ ဘုရားကျောင်းအပျက်အစီးများ။ (ဓာတ်ပုံ- ပေးပို့) “ (ဘုရားရှိခိုးကျောင်း)အဲဒီမှာက […]
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းပေါ်ရှိ စားသောက်ဆိုင်တွင် ရှမ်းနီအမျိုးသားများ ကာကွယ်ရေးတပ်(SNA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူ ၁၀ ဦးရှိသည်ဟု သိရသည်။ ထန်းတစ်ပင်ရွာရှိ ကြည်နူးရိပ် စားသောက်ဆိုင် ပစ်ခတ်မှုတွင် SNA တပ်ဖွဲ့ဝင် ၆ ဦး၊ လုပ်ငန်းရှင်အမျိုးသားတစ်ဦး၊ ဆိုင်မန်နေဂျာ၊ နယ်ထိန်းရဲ တစ်ဦး၊ KPDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု ဒေသခံအမျိုးသားက ပြောသည်။ “ရှမ်းနီးတွေ၊ ရဲနဲ့ လုပ်ငန်းရှင်တွေနေတဲ့ KTV ကို ဝင်ပစ်တာ၊ ဝင်ပစ်တဲ့အခါမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ။ ပစ်ကြတာမှာ အဲဒီ SNA နဲ့ ရဲတွေနဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်းက ၉ ယောက် သေတယ်၊ […]
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် ၂၀ သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်ခန့်မှာ နောင်ချိုမြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကို စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁၁ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ယမန်နေ့ နိုဝင်ဘာ […]