ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) ညနေ ၆ နာရီခွဲတွင် မန္တလေး-PDF တပ်ဖွဲ့မှ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများ ချုပ်နှောင်ထားရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သတင်းသိရသည်။ ၎င်းလေကြောင်းတိုက်ခိုက်မှုအတွင်း ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံကို ထိမှန်ပြီး စစ်သုံ့ပန်း(၈) ဦး အပါအဝင် စုစုပေါင်း (၁၂) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ (၆၀) ဦး ဝန်းကျင်ရှိကြောင်း မန္တလေး-PDF တပ်ဖွဲ့မှ ယနေ့(အောက်တိုဘာလ ၂၉ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပုံစာ – မန္တလေး-PDF ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ ထားရှိရာ အချုပ်ဆောင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ- […]
စစ်ကောင်စီသည် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂၇ ရက် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ ည ၉နာရီခွဲဝန်းကျင်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီ က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း၊ ထွေအုပ်ရုံးနှင့် နေအိမ်အဆောက်အဉီးများ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်က ပြောသည်။ “မနေ့ည ၉နာရီခွဲမှာ ဗုံးထပ်ကြဲသွားတယ်။ ထွေအုပ်ရုံးမှာ ချသွားတာ ကင်းစောင့်တဲ့သူ ၂ ဦးပျောက်သွားတယ်။ အဆောက်အအုံအောက်မှာပဲ ပိမိတာလားမသိဘူး။ ခုတော့ သန့်ရှင်းရေးလုပ်ပြီး ရှာဖွေနေတုန်း။ အဆောက်အအုံးတော့ တော်တော်များများ ပျက်စီးနေတယ်”ဟု ၎င်းကပြောသည်။ သိန္နီမြို့ပေါ် စစ်ကောင်စီ ဗုံးကြဲ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၅ […]
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက် ၁ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ကော ဒီနေ့ကော ၂ ရက်ဆက်တိုက် ကြဲတာ။ ဒီနေ့က ဟိုမိန်းဘက်ကို လာကြဲတာ မနက် ၁ နာရီကျော်လောက်။ ကျောက်ဖြူလေးဘက်လည်း မနေ့က ဗုံးကြဲခဲ့တာ။ လူတွေထိတယ်လို့တော့ သိရတယ်”ဟု နမ့်ဆန်မြို့ ဒေသခံ ၎င်းအမျိုးသားက ပြောသည်။ […]
သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ လားရှိုးနှင့် မိုင်းရယ် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၅၅) ဦး သေဆုံးကာ (၁၃၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ […]