ylliX - Online Advertising Network
မန္တလေး-PDF ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ (၁၂) ဦးသေဆုံးပြီး (၆၀) ကျော် ဒဏ်ရာရ - သျှမ်းသံတော်ဆင့်

မန္တလေး-PDF ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ (၁၂) ဦးသေဆုံးပြီး (၆၀) ကျော် ဒဏ်ရာရ – သျှမ်းသံတော်ဆင့်


ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) ညနေ ၆ နာရီခွဲတွင် မန္တလေး-PDF တပ်ဖွဲ့မှ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများ ချုပ်နှောင်ထားရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သတင်းသိရသည်။

၎င်းလေကြောင်းတိုက်ခိုက်မှုအတွင်း ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံကို ထိမှန်ပြီး စစ်သုံ့ပန်း(၈) ဦး အပါအဝင် စုစုပေါင်း (၁၂) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ (၆၀) ဦး ဝန်းကျင်ရှိကြောင်း မန္တလေး-PDF တပ်ဖွဲ့မှ ယနေ့(အောက်တိုဘာလ ၂၉ ရက်) တွင် သတင်းထုတ်ပြန်သည်။

ပုံစာ – မန္တလေး-PDF ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ ထားရှိရာ အချုပ်ဆောင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ- MDY PDF)

လေယာဉ်ဗုံးထိမှန်မှုကြောင့် သေဆုံးသွားသော စစ်သုံ့ပန်းစာရင်းတွင် ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်နှင့် ဒုတပ်ကြီး၊ တပ်ကြပ်ကြီးစာရေး ရာထူးအဆင့်တို့ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်သုံ့ပန်းများကို မန္တလေး-PDF မှ ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခု လေကြောင်း တိုက်ခိုက်ခံရသည့်နေရာကို မန္တလေး-PDF အနေဖြင့် ဖော်ပြမထားဘဲ သျှမ်း-မန္တလေးနယ်စပ်တစ်နေရာ ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

ပုံစာ – မန္တလေး-PDF ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ ထားရှိရာ အချုပ်ဆောင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ- MDY PDF)

မန္တလေး-PDF တပ်ဖွဲ့မှ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသော်လည်း စစ်ကောင်စီတပ်မှ ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ ယမန်နှစ် ၂၀၂၃ နိုဝင်ဘာလအတွင်းကလည်း နောင်ချိုမြို့နယ်ရှိ ဒိုးပင်ရဲစခန်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခဲ့ရာ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *